ပြည့်ဖူးခိုင်ကတော့ ဒီနေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့လေးကို Covid ကာကွယ်ရေးအတွက် တာဝန်ထမ်းဆောင်နေကြသူတွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းပြီး ကုသိုလ်ယူ

အောက်တိုဘာလ(၈) ရက်နေ့ကတော့ သရုပ်ဆောင် ပြည့်ဖူးခိုင်ရဲ့ မွေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ မွေးနေ့မှာ သူမက မြောက်ဥက္ကလာ Covid Center မှာ တာဝန်ကျတဲ့ Volunteer တွေ၊ ဆရာဝန်တွေနဲ့ သူနာပြုတွေအတွက် စားနပ်ရိက္ခာတွေ လှူဒါန်းမယ်လို့ ဆိုပါတယ်။ “ ဒီနေ့ မွေးနေ့မှာ အလှူတွေ လုပ်ပါမယ်။ အလှူက မြောက်ဥက္ကလာ Covid Center မှာ … Read More

ချမ်းမြေ့မောင်ချိုဟာ သူ့ရဲ့ အသက်(၂၁) နှစ်ပြည့် မွေးနေ့ အမှတ်တရလေးမှာ မိဘနှစ်ပါးအတွက် သူ့ရင်ထဲက စကားတွေကို အခုလိုပြောထားတာ တွေ့ရပါတယ်

အဆိုတော် ချမ်းမြေ့မောင်ချိုကတော့ စက်တင်ဘာလ(၂၀) ရက်နေ့တုန်းက အသက်(၂၁) နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာ မိဘနှစ်ပါးအတွက် အခုလို စကားလက်ဆောင်လေး ပြောထားတာကို တွေ့ရပါတယ်။ ” ၂၁ နှစ်တိုင်တိုင် အနီးကပ်ကျွေးမွေးပြုစုသော မေကြီးနဲ့ အဝေးကနေ ကြည့်ရှုစောင့်ရှောက်သော ဖေကြီး သို့ …..သမီးကောင်းမဟုတ်ပေမယ့် သမီးဆိုးမဖြစ်အောင် ကြိုးစားနေထိုင်ပါ့မယ်။ သမီးလိမ္မာ မဟုတ်ပေမယ့် သမီးမိုက်မဖြစ်အောင်ကြိုးစားနေထိုင်ပါ့မယ် လို့ ကတိပေးပါတယ်။ ချမ်းမြေ့မောင်ချိုဟာ … Read More

နီနီခင်ဇော်ကတော့ နောက်ထပ် ထွက်ရှိလာမယ့် သီချင်းတွေ အတွက် ကိုယ်ပိုင်သီချင်းများကို ဖန်တီးရေးသား

နီနီခင်ဇော်ကတော့ နောက်ထပ် ထွက်ရှိလာမယ့် သီချင်းတွေ အတွက် ကိုယ်ပိုင်သီချင်းများကို ဖန်တီးရေးသားနိုင်မယ့် တေးရေးဆရာ အသစ်တွေ ခေါ်ယူနေတာ တွေ့ရပါတယ်။ နီနီခင်ဇော်ကတော့ ဂီတလောကထဲမှာ ထိပ်တန်းစာရင်းဝင် အမျိုးသမီး အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ သူမအနေနဲ့ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိထားသူ ဖြစ်ပြီး နောက်ထပ် အသစ် ထွက်ရှိလာမယ့် သီချင်းတွေနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ဖန်တီးရေးသားနိုင်မယ့် သီချင်းရေးဆရာအသစ်တွေ လိုအပ်နေတယ်လို့ … Read More