ကိုဗစ်-19နဲ့ပက်သက်ပြီး ဘယ်လိုတွေလုပ်ရင် အရေးယူမယ်ဆိုတာကို သတိပေးလိုက်တဲ့ အမေစု

ယခုတလော ပြည်တော်ပြန်တွေ နယ်စပ်ကတစ်မျိုး၊ လေယဉ်ပျံမှတစ်ဖုံ နေ့စဉ်နဲ့အမျှ ဝင်လာနေကြပါတယ်။ အခက်အခဲကြုံတွေ့ရချိန်မှာ ပြည်သူတွေက နိုင်ငံတော်ကို ယုံကြည်အားကိုးကြတယ်ဆိုတာဂုဏ်ယူစရာ ဖြစ်ပါတယ်။နိုင်ငံတော်နဲ့ပြည်သူအကြား ဆက်ဆံရေးဟာ အင်မတန် အရေးကြီးပါတယ်။ .နိုင်ငံတော်လို့ဆိုရာမှာ အစိုးရကဦးဆောင်ရတဲ့၊ နိုင်ငံကိုလည်ပတ်စေတဲ့ သက်ရှိ၊ သက်မဲ့ ယန္တယားကြီးတစ်ခုလုံးကို ထည့်သွင်း အဓိပ္ပါယ်ဖေါ်ပါတယ်။ အားကိုးလောက်တဲ့ နိုင်ငံတော် ပေါ်ထွန်းဖို့၊ အားကိုးလောက်တဲ့ ပြည်သူတွေ ရှိဖို့လိုပါတယ်။

Covid ရောဂါ တစ်ကမ္ဘာလုံးပျံ့နှံ့နေချိန်မှာ နိုင်ငံအသီးသီးက ပုံစံအမျိုးမျိုးနဲ့ ဒီပြဿနာကို ကိုင်တွယ်ကြပါတယ်။ကျွန်မတို့က ပြည်သူသာ အဓိက ဆိုတဲ့ယုံကြည်မှုအပေါ် ခိုင်မာစွာ ရပ်တည်ပြီး၊ ပြည်သူကိုတန်ဖိုးထားသလို၊ ပြည်သူ့အားကိုယူကာ၊ တစ်ဦးအတွက် အားလုံး၊ အားလုံးအတွက်တစ်ဦးစိတ်ဓာတ်ကို တည်ဆောက်လျက်၊ ရောဂါအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားဖို့ ဆောင်ရွက်နေပါတယ်။

ဆောင်ရွက်ချက်တစ်ရပ်ကတော့ ပြည်ပရောက်နေတဲ့ ပြည်သူတွေပြန်လာနိုင်ရေးဖြစ်ပြီး၊ ပြည်ပနိုင်ငံအချို့မှာ ရောဂါပျံ့ပွါးမှုနှုန်း မြင့်မားနေတာကြောင့်၊ ပြန်လာသူများထံမှ ရောဂါမပျံ့ပွါးစေဖို့အတွက် လည်း အထူးဂရုစိုက်ပြီး ပြင်ဆင်ထားရပါတယ်။ဒီလိုအခြေအနေမျိုးမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့ အန္တရာယ် ကို အားလုံးဝိုင်းပြီး ကာကွယ်တားဆီးပေးဖို့ လိုပါတယ်။ တိတ်တခိုး ဝင်လာသူတွေက quarantine မဝင်ကြဘူး။ ရောဂါပိုးရှိနေရင်

အခြားသူ များစွာကို ကူးစက်သွားနိုင်ပါတယ်။ Contact tracing၊ ထိိတွေ့မှုကြောင့်ရောဂါကူးသွားနိုင်ဖွယ်ရှိသူများကို စုံစမ်းရှာဖွေ quarantine သွင်းရတဲ့အလုပ်ဟာ နိုင်ငံအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ပါတယ်။ ပြည်သူတွေ အန္တရာယ်ကင်းစေဖို့ မဖြစ်မနေ ထမ်းရတဲ့ဝန်ပါ။တရားမဝင် ဝင်လာသူများ၊ ထို့ကဲ့သို့ ဝင်လာခြင်းကို သိလျက်နဲ့၊ လက်သင့်ခံသူများ၊ ဖုံးကွယ်ထားသူများကို ဥပဒေအရ တင်းကျပ်စွာအရေးယူပါမယ်။ဒီလိုအများအတွက် အန္တရာယ်ရှိတဲ့ လုပ်ရပ်မျိုးအကြောင်းသိလျှင် ရပ်ကျေးအုပ်ချုပ်ရေးကို အမြန်ဆုံး အသိပေးပါ။ ဒီလိုအသိပေးတာ တစ်ပါးသူကို ချောက်တွန်းရာ မရောက်ပါဘူး။ အပြစ်မဲ့အများသူငါ ရောဂါချောက်ထဲ မကျအောင် ကာကွယ်ပေးတာဖြစ်ပါတယ်။

ယခုတလော ပြည်တော်ပြန်တွေ နယ်စပ်ကတစ်မျိုး၊ လေယဉ်ပျံမှတစ်ဖုံ နေ့စဉ်နဲ့အမျှ ဝင်လာနေကြပါတယ်။ အခက်အခဲကြုံတွေ့ရချိန်မှာ ပြည်သူတွေက နိုင်ငံတော်ကို ယုံကြည်အားကိုးကြတယ်ဆိုတာဂုဏ်ယူစရာ ဖြစ်ပါတယ်။နိုင်ငံတော်နဲ့ပြည်သူအကြား ဆက်ဆံရေးဟာ အင်မတန် အရေးကြီးပါတယ်။ နိုင်ငံတော်လို့ဆိုရာမှာ အစိုးရကဦးဆောင်ရတဲ့၊ နိုင်ငံကိုလည်ပတ်စေတဲ့ သက်ရှိ

၊ သက်မဲ့ ယန္တယားကြီးတစ်ခုလုံးကို ထည့်သွင်း အဓိပ္ပါယ်ဖေါ်ပါတယ်။ အားကိုးလောက်တဲ့ နိုင်ငံတော် ပေါ်ထွန်းဖို့၊ အားကိုးလောက်တဲ့ ပြည်သူတွေ ရှိဖို့လိုပါတယ်။Covid ရောဂါ တစ်ကမ္ဘာလုံးပျံ့နှံ့နေချိန်မှာ နိုင်ငံအသီးသီးက ပုံစံအမျိုးမျိုးနဲ့ ဒီပြဿနာကို ကိုင်တွယ်ကြပါတယ်။ကျွန်မတို့က ပြည်သူသာ အဓိက ဆိုတဲ့ယုံကြည်မှုအပေါ် ခိုင်မာစွာ ရပ်တည်ပြီး၊ ပြည်သူကိုတန်ဖိုးထားသလို၊ ပြည်သူ့အားကိုယူကာ၊ တစ်ဦးအတွက် အားလုံး၊ အားလုံးအတွက်တစ်ဦးစိတ်ဓာတ်ကို တည်ဆောက်လျက်၊ ရောဂါအန္တရာယ်ကို ရင်ဆိုင်ကျော်လွှားဖို့ ဆောင်ရွက်နေပါတယ်။

ဆောင်ရွက်ချက်တစ်ရပ်ကတော့ ပြည်ပရောက်နေတဲ့ ပြည်သူတွေပြန်လာနိုင်ရေးဖြစ်ပြီး၊ ပြည်ပနိုင်ငံအချို့မှာ ရောဂါပျံ့ပွါးမှုနှုန်း မြင့်မားနေတာကြောင့်၊ ပြန်လာသူများထံမှ ရောဂါမပျံ့ပွါးစေဖို့အတွက် လည်း အထူးဂရုစိုက်ပြီး ပြင်ဆင်ထားရပါတယ်။ဒီလိုအခြေအနေမျိုးမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့ အန္တရာယ် ကို အားလုံးဝိုင်းပြီး ကာကွယ်တားဆီးပေးဖို့ လိုပါတယ်။ တိတ်တခိုး ဝင်လာသူတွေက quarantine မဝင်ကြဘူး။ ရောဂါပိုးရှိနေရင်

အခြားသူ များစွာကို ကူးစက်သွားနိုင်ပါတယ်။ Contact tracing၊ ထိိတွေ့မှုကြောင့်ရောဂါကူးသွားနိုင်ဖွယ်ရှိသူများကို စုံစမ်းရှာဖွေ quarantine သွင်းရတဲ့အလုပ်ဟာ နိုင်ငံအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ပါတယ်။ ပြည်သူတွေ အန္တရာယ်ကင်းစေဖို့ မဖြစ်မနေ ထမ်းရတဲ့ဝန်ပါ။တရားမဝင် ဝင်လာသူများ၊ ထို့ကဲ့သို့ ဝင်လာခြင်းကို သိလျက်နဲ့၊ လက်သင့်ခံသူများ၊ ဖုံးကွယ်ထားသူများကို ဥပဒေအရ တင်းကျပ်စွာအရေးယူပါမယ်။ဒီလိုအများအတွက် အန္တရာယ်ရှိတဲ့ လုပ်ရပ်မျိုးအကြောင်းသိလျှင် ရပ်ကျေးအုပ်ချုပ်ရေးကို အမြန်ဆုံး အသိပေးပါ။ ဒီလိုအသိပေးတာ တစ်ပါးသူကို ချောက်တွန်းရာ မရောက်ပါဘူး။ အပြစ်မဲ့အများသူငါ ရောဂါချောက်ထဲ မကျအောင် ကာကွယ်ပေးတာဖြစ်ပါတယ်။

REF: DASSK fb

Leave a Reply

Your email address will not be published. Required fields are marked *