ထက်မြက်တဲ့ အမျိုးသမီးဖြစ်အောင် ဘယ်လိုလုပ်မလဲ?

ယနေ့ခေတ်ကြီးမှာ မိန်းကလေးတွေဟာ ယောက်ျားလေးတွေနဲ့အပြိုင် ရင်ဘောင်တန်းနေနိုင်ကြပါပြီ။ အမျိုးသမီးထုကြီးဟာ ဖိနှိပ်ချုပ်ချယ်မှုတွေကို တွန်းလှန်တိုက်ခိုက်ပြီး ကိုယ့်စိတ်ကိုယ့်ကိုယ်နဲ့ နေနိုင်အောင် ကြိုးစားနေကြပါတယ်။ ယောက်ျားတွေနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ကိုယ်ကိုယ်တိုင် ယောက်ျားတစ်ယောက်နဲ့ တူလာဖို့ မလိုဘဲ စိတ်ဓာတ်ရေးရာမှာပဲ ကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။ ဒီလိုပြီးပြည့်စုံပြီး ထက်မြတ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာဖို့အတွက် အောက်ကအချက်တွေ ရှိနေဖို့ လိုပါတယ်။
သင့်တန်ဖိုးကို နားလည်ပြီး မြှင့်တင်ပါ။
ပတ်ဝန်းကျင်က ရှေးရိုးစွဲသူတွေ ပြောနေကြတဲ့ မိန်းမဆိုတာ သူ့နေရာနဲ့ သူနေပြီး သူလုပ်သင့်တဲ့ အလုပ်ကိုပဲ လုပ်ရမယ်ဆိုတဲ့ စကားတွေကို နားမထောင်ပါနဲ့။ ကိုယ့်တန်ဖိုးကို သူများက သတ်မှတ်တာကို မခံပါနဲ့။ ကိုယ့်တန်ဖိုးကို
ကိုယ်ကသိမှသာ သူများတွေကလည်း တဖြည်းဖြည်းနဲ့ အသိအမှတ်ပြုလာမှာပါ။ ‘မိန်းကလေးပဲ၊ ယောက်ျားလေးမှ မဟုတ်တာ’ ဆိုတဲ့ စကားစုနဲ့ ကိုယ့်တန်ဖိုးကို အလျှော့ချမခံလိုက်ပါနဲ့။ ကိုယ်လည်းကြိုးစားရင် လုပ်နိုင်တယ်ဆိုတဲ့စိတ်နဲ့ ကိုယ့်တန်ဖိုးကို မြှင့်တင်ပါ။
ခံယူချက်တွေကို ဖော်ထုတ်ပြောဆိုဖို့ မငြင်းဆန်ပါနဲ့။

အမှားအမှန်ဆိုတာ လူတွေရဲ့ သတ်မှတ်ချက်တစ်ခုပါ။ ကိုယ့်အမြင်ကို ထုတ်ပြောရမှာကြောက်ပြီး သူများတွေ ညွှန်ပြတဲ့လမ်းကြောင်းနောက်ကို လိုက်နေမယ်ဆိုရင် သင်ဟာ အောင်မြင်မှုနဲ့ ဆန့်ကျင်ဘက်ကို လျှောက်နေပြီဆိုတာ
သိလိုက်ပါ။ ကိုယ့်ခံယူချက်နဲ့ကိုယ် ရပ်တည်နေတဲ့ မိန်းကလေးတစ်ယောက်ဟာ သူများကို မှီခိုစရာမလိုတော့ပါဘူး။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်လမ်းကိုယ်ဖောက်မှသာ ပြီးပြည့်စုံတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာနိုင်မှာပါ။
ထူးခြားတဲ့ အတွေးအခေါ်၊ စရိုက်တွေနဲ့ သင့်ကိုယ်သင် ပုံဖော်ပါ။
သင့်ကိုယ်သင် ပုံဖော်ဖို့အတွက် အရင်ဆုံး သင့်အကျင့်စရိုက်တွေကို သင်သိဖို့လိုပါတယ်။ သင့်မှာ ဘာထူးခြားတဲ့ အချက်တွေ ရှိလဲ၊ ဘယ်လိုအကျင့်စရိုက်မျိုး ရှိလဲ၊ သင့်ခံယူချက်တွေက ဘယ်လိုလည်းဆိုတာ သိတဲ့အခါမှာ သင်ဟာ
ဘယ်လိုလူမျိုး ဖြစ်တယ်ဆိုတာ ပုံဖော်လို့ ရပါတယ်။ ကိုယ့်ကိုယ်ကို ရေရေရာရာ မသိတဲ့သူဟာ ကိုယ်ဘာလိုချင်လည်း ဆိုတာကိုလည်း သိလာနိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ကိုယ့်ကိုယ်ကို ရဲရဲဝံ့ဝံ့နဲ့ ဖော်ပြနိုင်တဲ့သူကိုသာ လူအများက အထင်ကြီးလေးစားကြမှာ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး အရာရာကို ဦးဆောင်လုပ်ပါ။
ပြီးပြည့်စုံတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ကိစ္စရပ်တွေမှာ သူများလုပ်တာကို မစောင့်ဘဲ ကိုယ်ကဦးဆောင်ပြီး စီမံခန့်ခွဲတတ်ကြပါတယ်။ တစ်ယောက်ယောက် လုပ်ဖို့ကို စောင့်နေတဲ့အခါမှာ ကိုယ်က သူ့ရဲ့နောက်လိုက် ဖြစ်သွားမှာပါ။ သူများထက်သာတဲ့ လူတစ်ယောက် ဖြစ်ဖို့အတွက် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တွေကို ယုံကြည်မှုရှိပြီး ဦးဆောင်နိုင်ဖို့ လိုပါတယ်။ ဒီလိုစိတ်ထားတတ်ဖို့ဟာ လေ့ကျင့်ယူလို့ ရပါတယ်။ သင် အခုထိ ဒီလိုလူမျိုး မဟုတ်သေးဘူးဆိုရင်တောင် အခုကစပြီးတော့ သင့်ရဲ့ တိမ်မြုပ်နေတဲ့ ကိုယ့်အားကိုယ်ကိုးလိုစိတ်တွေကို ဖော်ထုတ်လိုက်ပါ။
မွှေးပျံ့တဲ့ ကိုယ်သင်းရနံ့နဲ့ စိတ်ကို ရွှင်လန်းအောင်ထားပါ။

အပြိုင်အဆိုင်များတဲ့ ခေတ်ကြီးမှာ အမြဲတမ်း တက်ကြွလန်းဆန်းပြီး ထက်မြက်တဲ့သူတစ်ယောက် ဖြစ်ဖို့အတွက် စိတ်ရွှင်လန်းနေဖို့ကလည်း အရေးကြီးပါတယ်။ နေ့စဉ်နဲ့အမျှ အပြင်ထွက်ပြီး ရုန်းကန်လှုပ်ရှားနေရတဲ့ အမျိုးသမီးများအတွက် ကိုယ်သင်းရနံ့ဟာ အရမ်းအရေးကြီးပါတယ်။ အပြင်သွားတိုင်းမှာ ကိုယ့်ဆီက ကိုယ်သင်းရနံ့လေး မွှေးပျံ့နေမယ်ဆိုရင် စိတ်က အလိုလို လန်းဆန်းနေပြီး အခက်အခဲတိုင်းကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီးလေးတွေကြားမှာ ရေပန်းစားနေတဲ့ နည်းလမ်းလေးတစ်ခုကို ညွှန်ပေးရမယ်ဆိုရင်တော့ အချိန်ကြာကြာ မွှေးရနံ့စွဲမြဲ ကျန်ရစ်စေတဲ့ ရေချိုးဆပ်ပြာရည်မျိုးနဲ့ ရေချိုးတာပါပဲ။ အချိန်ကုန်လည်း သက်သာပြီး ထိရောက်မှုလည်းရှိဖို့ LUX ရဲ့ Soft Rose (ပန်းရောင်) လို ရေချိုးဆပ်ပြာရည်ကို အသုံးပြုသင့်ပါတယ်။ ဒီရေချိုးဆပ်ပြာလေးမှာဆိုရင် ပန်းပေါင်းစုံ အဆီအနှစ်တို့နဲ့ ဖော်စပ်ထုတ်လုပ်ထားတဲ့အတွက်ကြောင့် အသားအရေကို နူးညံ့စိုပြည်စေပြီး ပန်းအစစ်တွေထက် နှစ်ဆပိုမိုမွှေးပျံ့တဲ့ မွှေးရနံ့ကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုတော့ သင့်ရဲ့ တစ်နေ့တာမှာ ယုံကြည်မှုအပြည့်နဲ့ အောင်မြင်မှုတွေဆီကို
လျှောက်လှမ်းနိုင်ပြီပေါ့။

Leave a Reply

Your email address will not be published. Required fields are marked *