အောင်သူကို ခေါ်ယူနိုင်ခဲ့ပြီလို့ ထုတ်ပြန်ခဲ့တဲ့ မြောင်တောင်ယူနိုက်တက်

ထိုင်းပရီးမီးယားလိဂ်ကလပ် မြောင်တောင်ယူနိုက်တက်အသင်းအနေနဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကို ခေါ်ယူဖို့အတွက် အတည်ပြုပြောကြားခဲ့ပြီး လာမယ့် ဒီဇင်ဘာလ (၁၅) ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ပြီး အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ တရားဝင်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ပုလိစ်တယ်ရိုအသင်းနဲ့အတူ အောင်သူခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းအတွက် (၁၁) ဂိုးသွင်းယူပြီး (၈) ဂိုးဖန်တီးပေးနိုင်ခဲ့ကာ အသင်းရဲ့ တတိယမြောက် ဂိုးသွင်းအများဆုံးကစားသမားတစ်သီးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့အထိ ပထမဆုံးရာသီမှာပဲ ခြေစွမ်းပြသခဲ့ပါတယ်။

ပုလိစ်တယ်ရိုအသင်း နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက်မှာတော့ အောင်သူမြန်မာ့လက်ရွေးစင်အသင်းနဲ့ AFF Suziki Cup 2018 ပြိုင်ပွဲကို ပါဝင်ကစားခဲ့ပြီး အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ထိုင်းပရီးမီးယားလိဂ်မှာ တစ်ပွဲချင်းအကောင်းဆုံးကစားသမားဆုတွေလည်း ပိုင်ဆိုင်ခဲ့တဲ့ အောင်သူကတော့ ထိပ်တန်းအဆင့်သွင်းဂိုးတွေ ခြေစွမ်းတွေနဲ့ တောက်ပခဲ့ပါတယ်။

Suzuki ဖလားပြိုင်ပွဲပြီးဆုံးချိန်တည်းက အောင်သူ့ကို မြောင်တောင်အသင်းကခေါ်ယူမယ်လိုသတင်းတွေထွက်ပေါ်နေခဲ့ပြီး အခုမြောင်တောင်အသင်း ထုတ်ဖော်ပြောကြားခဲ့တဲ့ သတင်းအရတော့ ဒီကောလဟာလတွေ အဆုံးသတ်သွားခဲ့ပါပြီ။မနက်ဖြန်မှာ အောင်သူ့ကို ပြောင်းရွှေ့ကြေး ဘယ်လောက် နဲ့ ဘယ်နှစ်နှစ်စာချုပ်ချုပ်မယ်ဆိုတာကို ထုတ်ပြန်သွားဖို့ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *