အကြောင်းအရင်းအမျိုးမျိုးနဲ့ လက်ထပ်ခဲ့ကြပုံ

လက်ထပ်ခြင်းလို့ ဆိုလိုက်တာနဲ့ များသောအားဖြင့်တော့ အချစ်နှစ်ခု ပေါင်းစပ်တယ်လို့ လွယ်လွယ်တွေးတတ်ကြပါတယ်။ တကယ်တော့ လက်ထပ်ခြင်းရဲ့ အခြားတစ်ဖက်မှာ အခြားအကြောင်းပြချက်တွေလည်း ရှိနေပါသေးတယ်။ အောက်မှာ
ဖော်ပြထားတဲ့ အချက်တွေကတော့ လက်ထပ်ခြင်းနဲ့ပတ်သက်တဲ့ အကြောင်းပြချက်တွေထဲက အချို့ဖြစ်ပါတယ်။

(၁) ချောင်ပိတ်မိနေလို့

(အမျိုးသမီးတစ်ဦး)- အမှန်တော့ သူ့ကို ကျွန်မ မချစ်ခဲ့ပါဘူး။ အခု အိမ်ထောင်သက် ဆယ်နှစ်ကျော်နေပါပြီ၊ ချစ်တယ်လို့ တစ်ခါမှ မစဉ်းစားခဲ့မိပါဘူး။ ဒါ တော်တော်လေး ထူးဆန်းပါတယ်။ နောက်ဆုံး ခြုံပြောရရင်တော့ ကျွန်မမိဘတွေရဲ့ အ
တင်းတိုက်တွန်းမှုနဲ့၊ ဆွေမျိုးသားချင်းတွေရဲ့ ဆန္ဒအရ သူ့ကို လက်ထပ်လိုက်ရတာပါ။ တစ်ချို့က ကိုယ်မချစ်တဲ့သူတစ်
ယောက်ကို လက်ထပ်လိုက်ပြီးနောက် ချစ်သွားကြလိမ့်မယ်လို့ ဆိုကြပါတယ် … တကယ်တော့ အချစ်ဆိုတာဖြစ်ဖို့ အဲဒီ
လောက် မလွယ်ပါဘူး။

(၂) ငြေကြးအရ/ အားကိုးရမလားလို့

(အမျိုးသမီးတစ်ဦး)- ကျွန်မကတော့ သူ့ကို ငွေကြေးအရ လက်ထပ်ခဲ့တာပါ။ ဒါ ရိုးရိုးသားသား ဝန်ခံခြင်းပါ။ အခုနေ သူနဲ့ ကျွန်မ ကွာရှင်းထားတယ် ဆိုပါစို့ ကျွန်မကားအတွက် ကုန်ကျစာရိတ်တွေ ကျွန်မ မပေးနိုင်ပါဘူး .. နောက် မကြာမီမှာ အိမ်ခြေယာမဲ့တစ်ယောက် ဖြစ်သွားနိုင်ပါတယ်လို့ ပြောခဲ့ပါတယ်။

(အမျိုးသားတစ်ဦး)- ကျွန်တော်ကတော့ သူ့ကို လက်ထပ်ဖြစ်ခဲ့တာ ကျွန်တော့် မိသားစုဝင်တွေက ညွှန်းလွန်းလို့ပါ၊ ဒါပေမယ့် သူမဟာ ကျွန်တော့်မိဘတွေ ထင်တာထက်ကို ပိုတော်ပြီး ပိုထက်မြတ်တဲ့ မိန်းကလေးပါဘဲ။

(၃) တစ်ချို့ကကျတော့ ရယ်ဖွယ်ရာ

(အမျိုးသားတစ်ဦး) – သူ့ကို လက်ထပ်လိုက်တာက ကျွန်တော့်အတွက်တော့ ကွန်ဒုံးအသုံးမပြုပဲ ချစ်တင်းနှောခွင့်ရတဲ့ တစ်ဦးတည်းသော အမျိုးသမီးအဖော်တစ်ယောက် ရလိုက်တယ် … ကျွန်တော်ကတော့ ဒီလိုပဲ သဘောထားပါတယ်။ (ရယ်လျှက်)
(အမျိုးသမီး) – ကျွန်မကတော့ လက်ထပ်ခြင်းကို လပ်ထပ်ခြင်းလို့ပဲ မြင်ပါတယ်။ လူတော်တော်များများ မကင်းနိုင်တဲ့ လူမှုရေးတွေထဲက တစ်ခုခုလို့ ဆိုရမှာပါ။

(၄) အသက်အရွယ်အရ အိမ်ထောင်ပြုသင့်တဲ့အချိန် ရောက်နေပြီမို့


(ကျားတစ်ဦး) – ကျွန်တော်ကတော့ အသက်အရွယ်အရ အိမ်ထောင်ပြုရမယ့်အချိန်ကို ရောက်နေပြီမို့ သူ့ကို ယူလိုက်တာပါ။ ချစ်ခြင်း မချစ်ခြင်းဆိုတာကိုတော့ ကျွန်တော် အတိအကျ မခံစားရပေမယ့် အခုအချိန်ထိတော့ သူက ကျွန်တော့်ကို တစ်ခါမှ စိတ်ပျက်အောက် မလုပ်ဖူးသေးပါဘူး။

(၅) မမျှော်လင့်ပဲ ယူလိုက်ရတယ်

(အမျိုးသမီးတစ်ဦး)- ကျွန်မကတော့ သူ့ကို မမျှော်လင့်ပဲ ယူလိုက်ရတာပါ။ ဒါက တစ်ခါတလေ ဖြစ်တတ်ပါတယ်။ တစ်ခါတရံမှာ ကိုယ်ရည်ရွယ်ထားသူက တစ်ယောက်ဆိုပေမယ့် အခြားတစ်ယောက်နဲ့လည်း ရုတ်တရက် နီးစပ်ပြီး ချက်ချင်းဆိုသလို ယူလိုက်မိတာမျိုးလည်း ရှိတတ်ပါတယ်။

source : mirror.co.uk

Leave a Reply

Your email address will not be published. Required fields are marked *