ဘုန်းကြီးမောင်းလာတဲ့ကား ရပ်ထားတဲ့ဆိုင်ကယ် ၅ စီးကို ဝင်တိုက်၊ လူတဦး သေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းမြို့နယ်၊ အင်းမ အ.ထ.ကရှေ့မှာ ယနေ့မနက်ပိုင်းက ဘုန်းကြီးမောင်းလာတဲ့ကားက ရပ်ထားတဲ့ ဆိုင်ကယ်ငါးစီးကို ဝင်တိုက်ခဲ့ရာ အမျိုးသားတဦးသေဆုံးမူဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပြည်ဘက်ကနေ အသက် ၃၉ နှစ် ဝါ ၁၇ ဝါရှိတဲ့ ဦးသြသဓ၊ ဓမ္မရတနာကျောင်းမြို့သစ် ၁၀ လမ်း၊ ပြည်မြို့ တဦးတည်းမောင်းနှင်လာတဲ့ ဟွန်ဒါ CRV ကားက လမ်းဘေးမှာ ဆိုင်ကယ်ရပ်ပြီးထိုင်နေတဲ့

အင်းမမြို့ကန်တရာလမ်းမှာနေတဲ့ အသက် ၄၉ နှစ် အရွယ် ဦးဌေးနိုင်ကိုဝင်တိုက်ပြီး ဆိုင်ကယ်စတန်းမှာ ရပ်ထားတဲ့ဆိုင်ကယ်လေးစီးကိုပါ ထပ်ဆင့်တိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကားနဲ့တိုက်မိတဲ့အတွက် ဦးဌေးနိုင်ဟာ နောက်စေ့ပေါက်ပြဲ ယာနဖူးပေါက်ပြဲ ဒဏ်ရာရရှိပြီး နေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ယာဉ်တိုက်မှု ကျူးလွန်ခဲ့တဲ့ ဦးသြသဓကို မြို့နယ်သံဃာ့နာယကဆရာတော်တွေရဲ့ မေတ္တာရပ်ခံချက်နဲ့ သင်္ကန်းမချွတ်ပဲအာမခံပေးထားကြောင်း အင်းမနယ်မြေရဲစခန်းကစခန်းမှူးရဲအုပ်စန်းမောင်ထံကသိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *