Quarantine ဝင်နေ စဉ် ကာလ အတွင်း ပြည်သူ ကို အကျိုးပြုသွား တဲ့ ပြည်တော်ပြန် လူငယ်လေး
ဒီ လူငယ်လေး ရဲ့ အသက်က (၂၃) နှစ် (၂၆-၅-၂၀၂၀) ရက်နေ့က ထိုင်းကပြန်လာတာ။ အောင်ချမ်းသာရပ်ကွက်မှာနေတဲ့ လူငယ်လေးပါ။ အောင်ချမ်းသာလခွဲ (၂) မှာ Facility Quarantine ဝင်နေတာ။ သူတစ်ယောက်တည်းပါ။
ကျောင်းတွေကလည်း ဖွင့်တော့မယ်ဆိုတော့ ကလေးတွေရဲ့ စာသင်ခုံတွေက ယိုင်နဲ့ ကျိုးပျက်နေကြတာ။ ကျောင်းဖွင့်ရင်ကလေးတွေအတွက် စာသင်ခုံတွေက မလုံလောက်တော့ဘူး။သူ့အတွက် အားလပ်နေတဲ့အချိန်တွေကို တန်ဖိုးရှိရှိ အသုံးချလိုက်တာ။ကျောင်းဖွင့်ရင် ကျောင်းပြန်တက်ကြတော့
မည့် ညီငယ်ညီမငယ်လေးတွေအတွက် စာရေးခုံတွေ ပြန်လည်ပြုပြင်ပေးနေတာ ကလေး (၄၅) ယောက်အသုံးပြုနိုင်မည့် စာရေးခုံများကို Facility Quarantine ဝင်ရောက်နေတဲ့ကာလအတွင်း ပြုပြင်ဆောင် ရွက်ပေးခဲ့ပါတယ်။ ဒီလိုလူငယ်လေးတွေကျနော်တို့ နိုင်ငံမှာ အများကြီး ပေါ်ထွန်းလာဖို့ အမှန်တကယ်လိုအပ်နေပါပြီ။