blockchain နည်းပညာ

blockchain နည်းပညာမှာ အရမ်းကြီး မကျွမ်းကျင်ဘူးဆိုပေမဲ့ သဘောတရားလောက်တော့ နားလည်ခဲ့ပါတယ်။ သုံးစွဲခဲ့တဲ့ ကာလတွေအတွင်းမှာ transition ကြာနေတာ pending 48 hs အထိကြာမြင့်တာတွေလည်း ကြုံတွေ့ဖူးပါတယ်။ ဒီလိုတွေကြုံတွေ့ခဲ့တော့ block ကြောင့်လား၊ web တွေကြောင့်လား၊ miner တွေကြောင့်လားဆိုတာလည်း ကောင်းကောင်းတော့မသိခဲ့ပါဘူး။ btc မှာတော့ ပေးပို့ခြင်းမှာ တစ်ဦးတည် ပေးပို့ခြင်းမျိုးမဟုတ်တာတွေ့ရပြန်တယ်။ ပမာဏများသူကပေးပို့ရင် လက်ခံမဲ့သူ ခွဲဝေယူခြင်းစနစ်ကြောင့် အချိန်ကြာတာတွေလည်း တွေ့ဖူးပါတယ်။ ဒါကတော့တစ်နေရာနဲ့ တစ်နေရာ လွှဲပြောင်းတဲ့အခါမှာပါ။ exchange site ချင်းတူရင်တော့ address မဟုတ်ပဲ email နဲ့ပေးပို့ပါက ချက်ချင်းရောက်တာလည်းတွေ့ရပြန်ရော။ ကျွန်တော်တို့ steem မှာကြတော့ btc ထက်ပိုတောင်အားသာနေတယ်ပြောရပါမယ်။ ဘာလို့လဲဆိုတော့ steem ပေါ်အခြေခံတဲ့အရာတွေများပြားလာလို့ပါ။ market တွေလည်းများလာပြီး ဂိမ်းတွေလည်းများပြားခဲ့ကြတယ်။ ဘာပဲပြောပြော steem အပေါ်လည်း မှီခိုနိုင်လောက်တဲ့ ပုံစံမျိုး ဖြစ်လာမယ်လို့ မျှော်လင့်ခဲ့မိပါတယ်။ steemit လည်း user အသစ်တွေအတွက် အခမဲ့ ချက်ချင်းအကောင့်ဖွင့် ချက်ချင်းရဖြစ်ရင်တော်တော်လေးကောင်းမယ်လို့ထင်ပါတယ်။ ခုဒီလိုမဟုတ်တော့ စတင်သုံးသူ လက်တွဲခေါ်မယ်ဆိုရင်တောင် ဘယ်လို ကူညီရမယ်ဆိုတာ တော်တော်လေးခတ်ခဲပြန်တယ်။ မြန်မာအများကြီးကို လက်တွဲခေါ်ချင်ပေမဲ့ သူတို့တွေ နားလည်ရခတ်နေတာ ကီးတွေ ပတ်စဝှတ်တွေများနေတာလည်း အခတ်တစ်ခုဖြစ်ခဲ့လို့ပါ။ ဘယ်နေရာတွေမှာ ဘာထည့်သုံးရမယ်ကအစ လက်ပူးလက်ကျပ် သင်နိုင်မှ တော်ကာကျမဲ့ ပုံစံဆိုတော့ တော်တော်လေး ခတ်သေးတယ်ပြောရမယ်။ ဆိုရှယ်လို့ပြောပေမဲ့ blockchain ကို အခြေခံထားတော့ သင်ပြဖို့ တော်တော်ခတ်ခဲခဲ့တယ်။ blockchain ကို အခြေခံတဲ့ facebook ကထွက်ပေါ်လာမည့် libra တော့ဘယ်လိုလာမလဲစောင့်ကြည့်ရပါအုံးမယ်။ သူသာတက်လာရင် steem ဟာ လည်း ဘယ်လိုတွေပြင်မလဲ လိုက်မှီပါမလားလို့လဲ စဉ်းစားစရာတစ်ခုပါ။ ဘာပဲပြောပြော ခုလိုအခြေအနေမျိုးမှာ facebook ကိုမှီနိုင်မယ်လို့တော့ မထင်မီပါဘူး။ သူ့ရဲ့ထိုးနှပ်ချက်တွေကို စောင့်ကြည့်ဖို့ပဲ ရှိပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *