အောင်ဖေတော့ ညောင်းသွားပြီကွာ

Zawgyi

ငယ်ငယ်တုန်းက ခနခန ကြားဘူးတယ် ….
အောင်ဖေတော့ ညောင်းသွားပီ ဆိုတဲ့စကားလုံး…….

ခုမှဘဲ အဓိပ္ပါယ် သေချာသိရတော့တယ်…

မူရင်းတင်သူဆီက ရှယ်မရလို့ ကော်ပီယူလာတာ…
Credit ပါ ………..//
———————————————

မန္တလေးဆိုတာ __ 
ဂန္တဝင်အရက်သမားများပေါ်ထွန်းရာမြို့

(since 1886 ) mandalay rum ဆိုတာ
ကျံုံးရေနဲ့ ချက်မှ ရတဲ့ ကမ္ဘာ့ no. 1 ဖြစ်ခဲ့တဲ့ firstclass

အိမ်ရှေ့မင်းထန်းတောဆိုတာ ကြီးကို ကွန်မြူနစ်ကော ဗမာ့တပ်မတော် ကော( ပြည်တွင်းစစ်ဖြစ်နေချိန်မှာ) မီးမရှို့ဖို့နဲ့ စခန်းမချဖို့ နှစ်ဖက်နားလည်မှု့ယူ ထန်းရည် သွားသောက်ရာနေရာ
ငြိမ်းချမ်းရေး ဖိုရမ် စစ်မဲ့ကင်းစင်ဇုံကြီး။

ထနောင်းခေါက်သဘာဝစိမ်ရည်နဲ့ချက်တဲ့ တောင်ကုန်းကြီးတောအရက် ဆိုတာမသောက်ဖူးသမျှ 
အောင်ပင်လယ် မုယောစပါးနဲ့ချက်တဲ့ ဆန်အရက်မသောက်ဘူးသမျှ
မင်းကိုယ်မင်း ဂန္တဝင်ဆန်တဲ့ အရက်သမားပါလို့
ငါတို့ မန္တလေးမှာ လာရမ်းခွင့် မရှိဘူး ညီလေး

bedc လို့ခေါ်တဲ့ 3 in 1 degree of alcohol ကို 
လူတန်းစားမခွဲခြားပဲ တယောက်တပိုင်းလစ်မစ်နဲ့တိုင်းရောင်းတဲ့ ။
ကလေးတွေ အရက်ဝယ်ခွင့်မရှိတဲ့ ။ သစ္စာရှိတဲ့ cs2A လက်မှတ်ရ 
အရက်ဖြူဆိုင်စစ်စစ်တွေ သာရှိတဲ့မြို့ ။

ဒါးတန်းဘိလပ်ရည် စိမ်းစိမ်းနဲ့ ရောသောက်လျှင် အခြောက်လားလို့ အမေးခံရတဲ့မြို့ ။

ဒီမြို့က အရက်သမားတွေက ဂန္တဝင်ဆန်တယ် ။ ခွက်ကျော်
လက်ကျော် အလှည့်ကျော် ကြားဖြတ် မတန်းစီဘူး ။ စနိုက်မကျော် ခွက်ပုန်းလုံးဝမခုတ်တဲ့ ယောက်ကျားစစ်စစ်တွေ။

ကဗျာရွတ်ကြတယ် ။ သီချင်းရေးရာ နေရာ ဖြစ်တယ်တယ် ။ ရှင်သန်ခြင်းကို ငြင်းခုံရာဖြစ်တယ် ။ ပစ္စည်းမဲ့ လူတန်း စားတို့ရဲ့ သမဆိုင် စစ်စစ် ဖြစ်လို့ ဘုံဆိုင်လို့ ချစ်စနိုးခေါ်တယ် ။ မင်း ပိုက်ဆံ မပါဘူးလား ခွက်တလုံးယူ ပြီး အောင်ဖေပဲ လို့ သာ အော်လိုက်
ဘေးဝိုင်းက အရက်သမားတွေက မင်းခွက်ထဲကို အရက်နဲနဲစီ လာဒါနပြု ပါရမီဖြည့်ကြမယ် ။ ကိုယ်မသောက်နိုင်တော့ရင် သောက်လက်စခွက် ကို စားပွဲမှာမှောက်ထား ။ တကောင်တော့ ညောင်းသွားရှာပီ လို့ အရက်သမား ဖရန့်တွေက နားလည်ပေးပြီး မင်းကို အလှည့်ကျော် သောက်ကြမယ် ။ စားပွဲပေါ်မူးမှောက်သွားလျှင် မင်းအိမ်ရောက်အောင် ထမ်းပို့ပေးကြမယ် ။

အောင်ဖေဆိုတာ အမှတ် ၅ ကားမောင်းခဲ့တဲ့ ကားဆရာလူပျိုကြီး တယောက်ပေါ့။ ပရဟိတအရက်သမား။ ကားသိမ်းပြီးလျှင် နေ့စဉ် မပြတ်ဘုံဆိုင်မှာ လာလာသောက်တတ်ပြီး မရှိဆင်းရဲသား အရက် သမားများအတွက် တလုံးလှူ တတ်သူ ။ မန်နေဂျာ ပက်ချိန်ထံမှာ ပိုက်ဆံရှင်းပေးထားသူ ။ ကိုအောင်ဖေကို လေးစားတဲ့ အရက်သမား တွေဟာ ကိုတတ်နိုင်ရာ တစ်ပက် တပိုင်း ဖြစ်ဖြစ် သောက်လို့ ပိုတဲ့ အရက်ဖြစ်ဖြစ် ဒါနကုသိုလ်ယူဖို့ အောင်ဖေ ခရား လို့ခေါ်တဲ့ ရေနွေးအိုးထဲ ထည့်ခဲ့ကြတယ် ။ ဒီနေ့ သောက်စရာ ပိုက်ဆံမရှိတဲ့ အရက်သမားဟာ ဒီခရားကနေ ဖရီးသောက်ခွင့်ရှိတယ် ။
ကိုအောင်ဖေသေလို့ လိုက်ပို့တဲ့ အရက်သမား ဖန် တွေဟာ 
မကြုံဘူးအောင် စည်ကားခဲ့တယ်တဲ့။

တကယ်ပါ မကြာသေးပါဘူး တချို့ဘဲကြီးတွေမသေသေးဘူး။
ငါမမူးသေးဘူး ငါမမူးသေးဘူး _ _
_ _ မန္တလေးကျုံးရေ မခမ်းသမျှပေါ့ ဆိုတဲ့ ဆရာစိုင်းခမ်းလိခ် သီချင်းသူတို့ ဆိုတတ် တယ် ။

ဒီလိုရာဇဝင်နဲ့မြို့ဟာ ဘာမဟုတ်တဲ့ foodbox နဲ့ သိက္ခာ အကျခံမှာ လား ညီလေးတို့ ။ သွားလေသူ ဂန္တဝင် အရက်သမားကြီးတွေ ကြားရင် ငိုလိမ့်မယ် ။ ဘယ်သူတွေ ဘယ်လောက်ငတ်ငတ် သိက္ခါ ရှိလိုက်ကြစို့ ။ နက်ဖြန်ကြရင် မုန့်တွေဝယ်ပြီး ပို့ပေးကြစမ်းပါ ။ ယူကြစမ်းပါစေ ။ စားကြ စမ်းပါစေကွာ ။

ငါတို့မန္တလေး သားတွေဇ ပြလိုက်ကြ ။
Credit

Unicode

ငယ်ငယ်တုန်းက ခနခန ကြားဘူးတယ် ….
အောင်ဖေတော့ ညောင်းသွားပီ ဆိုတဲ့စကားလုံး…….

ခုမှဘဲ အဓိပ္ပါယ် သေချာသိရတော့တယ်…

မူရင်းတင်သူဆီက ရှယ်မရလို့ ကော်ပီယူလာတာ…

Credit ပါ ………..//

မန္တလေးဆိုတာ __
ဂန္တဝင်အရက်သမားများပေါ်ထွန်းရာမြို့

(since 1886 ) mandalay rum ဆိုတာ
ကျုံံးရေနဲ့ ချက်မှ ရတဲ့ ကမ္ဘာ့ no. 1 ဖြစ်ခဲ့တဲ့ firstclass

အိမ်ရှေ့မင်းထန်းတောဆိုတာ ကြီးကို ကွန်မြူနစ်ကော ဗမာ့တပ်မတော် ကော( ပြည်တွင်းစစ်ဖြစ်နေချိန်မှာ) မီးမရှို့ဖို့နဲ့ စခန်းမချဖို့ နှစ်ဖက်နားလည်မှု့ယူ ထန်းရည် သွားသောက်ရာနေရာ
ငြိမ်းချမ်းရေး ဖိုရမ် စစ်မဲ့ကင်းစင်ဇုံကြီး။

ထနောင်းခေါက်သဘာဝစိမ်ရည်နဲ့ချက်တဲ့ တောင်ကုန်းကြီးတောအရက် ဆိုတာမသောက်ဖူးသမျှ
အောင်ပင်လယ် မုယောစပါးနဲ့ချက်တဲ့ ဆန်အရက်မသောက်ဘူးသမျှ
မင်းကိုယ်မင်း ဂန္တဝင်ဆန်တဲ့ အရက်သမားပါလို့
ငါတို့ မန္တလေးမှာ လာရမ်းခွင့် မရှိဘူး ညီလေး

bedc လို့ခေါ်တဲ့ 3 in 1 degree of alcohol ကို
လူတန်းစားမခွဲခြားပဲ တယောက်တပိုင်းလစ်မစ်နဲ့တိုင်းရောင်းတဲ့ ။
ကလေးတွေ အရက်ဝယ်ခွင့်မရှိတဲ့ ။ သစ္စာရှိတဲ့ cs2A လက်မှတ်ရ
အရက်ဖြူဆိုင်စစ်စစ်တွေ သာရှိတဲ့မြို့ ။

ဒါးတန်းဘိလပ်ရည် စိမ်းစိမ်းနဲ့ ရောသောက်လျှင် အခြောက်လားလို့ အမေးခံရတဲ့မြို့ ။

ဒီမြို့က အရက်သမားတွေက ဂန္တဝင်ဆန်တယ် ။ ခွက်ကျော်
လက်ကျော် အလှည့်ကျော် ကြားဖြတ် မတန်းစီဘူး ။ စနိုက်မကျော် ခွက်ပုန်းလုံးဝမခုတ်တဲ့ ယောက်ကျားစစ်စစ်တွေ။

ကဗျာရွတ်ကြတယ် ။ သီချင်းရေးရာ နေရာ ဖြစ်တယ်တယ် ။ ရှင်သန်ခြင်းကို ငြင်းခုံရာဖြစ်တယ် ။ ပစ္စည်းမဲ့ လူတန်း စားတို့ရဲ့ သမဆိုင် စစ်စစ် ဖြစ်လို့ ဘုံဆိုင်လို့ ချစ်စနိုးခေါ်တယ် ။ မင်း ပိုက်ဆံ မပါဘူးလား ခွက်တလုံးယူ ပြီး အောင်ဖေပဲ လို့ သာ အော်လိုက်
ဘေးဝိုင်းက အရက်သမားတွေက မင်းခွက်ထဲကို အရက်နဲနဲစီ လာဒါနပြု ပါရမီဖြည့်ကြမယ် ။ ကိုယ်မသောက်နိုင်တော့ရင် သောက်လက်စခွက် ကို စားပွဲမှာမှောက်ထား ။ တကောင်တော့ ညောင်းသွားရှာပီ လို့ အရက်သမား ဖရန့်တွေက နားလည်ပေးပြီး မင်းကို အလှည့်ကျော် သောက်ကြမယ် ။ စားပွဲပေါ်မူးမှောက်သွားလျှင် မင်းအိမ်ရောက်အောင် ထမ်းပို့ပေးကြမယ် ။

အောင်ဖေဆိုတာ အမှတ် ၅ ကားမောင်းခဲ့တဲ့ ကားဆရာလူပျိုကြီး တယောက်ပေါ့။ ပရဟိတအရက်သမား။ ကားသိမ်းပြီးလျှင် နေ့စဉ် မပြတ်ဘုံဆိုင်မှာ လာလာသောက်တတ်ပြီး မရှိဆင်းရဲသား အရက် သမားများအတွက် တလုံးလှူ တတ်သူ ။ မန်နေဂျာ ပက်ချိန်ထံမှာ ပိုက်ဆံရှင်းပေးထားသူ ။ ကိုအောင်ဖေကို လေးစားတဲ့ အရက်သမား တွေဟာ ကိုတတ်နိုင်ရာ တစ်ပက် တပိုင်း ဖြစ်ဖြစ် သောက်လို့ ပိုတဲ့ အရက်ဖြစ်ဖြစ် ဒါနကုသိုလ်ယူဖို့ အောင်ဖေ ခရား လို့ခေါ်တဲ့ ရေနွေးအိုးထဲ ထည့်ခဲ့ကြတယ် ။ ဒီနေ့ သောက်စရာ ပိုက်ဆံမရှိတဲ့ အရက်သမားဟာ ဒီခရားကနေ ဖရီးသောက်ခွင့်ရှိတယ် ။
ကိုအောင်ဖေသေလို့ လိုက်ပို့တဲ့ အရက်သမား ဖန် တွေဟာ
မကြုံဘူးအောင် စည်ကားခဲ့တယ်တဲ့။

တကယ်ပါ မကြာသေးပါဘူး တချို့ဘဲကြီးတွေမသေသေးဘူး။
ငါမမူးသေးဘူး ငါမမူးသေးဘူး _ _
_ _ မန္တလေးကျုံးရေ မခမ်းသမျှပေါ့ ဆိုတဲ့ ဆရာစိုင်းခမ်းလိခ် သီချင်းသူတို့ ဆိုတတ် တယ် ။

ဒီလိုရာဇဝင်နဲ့မြို့ဟာ ဘာမဟုတ်တဲ့ foodbox နဲ့ သိက္ခာ အကျခံမှာ လား ညီလေးတို့ ။ သွားလေသူ ဂန္တဝင် အရက်သမားကြီးတွေ ကြားရင် ငိုလိမ့်မယ် ။ ဘယ်သူတွေ ဘယ်လောက်ငတ်ငတ် သိက္ခါ ရှိလိုက်ကြစို့ ။ နက်ဖြန်ကြရင် မုန့်တွေဝယ်ပြီး ပို့ပေးကြစမ်းပါ ။ ယူကြစမ်းပါစေ ။ စားကြ စမ်းပါစေကွာ ။

ငါတို့မန္တလေး သားတွေဇ ပြလိုက်ကြ ။
Credit

Leave a Reply

Your email address will not be published. Required fields are marked *