အကြံပေးခဲ့သမျှ

ကျွန်တော်သူငယ်ချင်းတွေကို အမြဲအကြံပေးတယ်။ ဒီလိုအကြံပေးပေးလို့ ကျွန်တော်ကိုယ်တိုင်ရော လုပ်သလားမေးကြတယ်။ လုပ်ပါတယ်။ အားမြင်မှုရှိသလို ကျရှုံးမှုတွေလည်း ရှိပါတယ်။ တစ်ခုအောင်မြင်ရင် ကျရှုံးမှုက ၉ ခုလောက်ရှိပါတယ်။ ဘာမဆို အမြဲတမ်း တည်မြဲချင်နေသူပေါ့။ ဒါပေမဲ့ တည်မြဲခြင်းမရှိသေးဘူး။ အွန်းလိုင်းပေါ်မှာလည်း မတည်မြဲသေးသလို အပြင် စီးပွားရေးလည်း မတည်မြဲသေးပါဘူး။ ပြောရရင် stable မဖြစ်သေးဘူးပေါ့။ ဓာတုသမားဆိုတော့ ဓာတုလိုပြောမိတာပါ။
ပြောချင်တာက အကြောင်းအရာတစ်ခုမှာ ဒီတစ်ယောက်မအောင်မြင်တိုင်း နောက်တစ်ယောက်မအောင်မြင်တာမဟုတ်ပါဘူး။ ကိုယ်ပိုင်အတွေးချင်းလည်းမတူညီကျသလို လုပ်ပုံကိုင်ပုံချင်းလည်း မတူနိုင်လို့ပါ။ နယ်ပယ်တော်တော်များများလည်း သွားဖူးရောက်ဖူးသလို မသိတာလည်း မရှိသလောက်ဖြစ်နေပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေရှိတဲ့အတွက် အောင်မြင်မှုမရတာကတော့ ကြောင်းအမျိုးမျိုးကြောင့်ပါ။ ဆုံးဖြတ်ချက်တွေနဲ့လည်းသက်ဆိုင်နေသလို လုပ်နေတဲ့အလုပ်တွေနဲ့လည်း သက်ဆိုင်နေပါတယ်။ နောက်တစ်ခုကတော့ ဘာပဲလုပ်လုပ် လောင်းကစားဆန်နေခြင်းပါ။ ဘယ်အရာမှ အတိတကျ အောင်မြင်မယ်လို့ မသေချာပါဘူး။ ဥပမာပေါ့ မုန့်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီးရောင်းရင် သေချာပေါက် ရောင်းကောင်းမယ် အမြတ်အများကြီးရမယ်လို့တွေးပြီး ငွေရင်း ရောင်းပေမဲ့ အတွေးနဲ့လက်တွေ့ကွာခြားသွားတာတွေ အရင်းတောင်ပြန်မရတာတွေ ဖြစ်သလိုမျိုး၊ ဒီနှစ် နှမ်းဈေးသေချာပေါက်တက်မယ်ဆိုပြီး နှမ်းတွေဝယ်စုထားပြီး ဈေးမတက်ပဲ ထင်တာထက်ကျသွားတာမျိုးတွေဟာ လောင်းကစားဆန်တယ်လို့ပြောခြင်းပါ။ လူတိုင်းကတော့ အကောင်းပဲမျှော်လင့်ကြတာပေါ့ အဲတာကြောင့်လည်း ထီထိုးကြ၊ ချဲ့ထိုးကြ၊ နှစ်လုံးထိုးကြနဲ့ လုံးခြာလည်နေတာတွေလည်းအများကြီးပါ။ ရင့်ကြတ်မှုတွေများလာခဲ့ရင် ဆုံးရှုံးမှုတွေများလာခဲ့ရင် အတွေ့အကြုံ အားကောင်းလာခဲ့ရင် အောင်မြင်မှုဆိုတာ ရလာမှာပါ။ အောင်မြင်မှုမရသ၍ အတွေ့အကြုံအားနည်းသေးလို့ ဒုက္ခဆိုတာ အများကြီးမတွေ့ဖူးသေးလို့ပဲ မှတ်ယူလိုက်ပါ။

Leave a Reply

Your email address will not be published. Required fields are marked *