steempress နဲ့ ကျွန်တော်

steempress ကနေ vote ရဖို့ ကြိုးစားနေတာကြာခဲ့ပါပြီ ဘယ်လိုပဲပို့စ်တွေရေးရေး မရခဲ့ဘူး ခုလည်း ရမလားပြန်ကြိုးစားရင်း ပြောင်းလဲသွားတဲ့ steempress ကြောင့် လိုင်စင်တောင်မရရှိသေးပါ။
ပို့စ် ဘယ်နှခုလောက်တင်မှ လိုင်စင်ပေးမလဲတော့မသိရသေးပြန်ဘူး။ domain ဖိုး hosting ဖိုးနဲ့မွှဲနိုင်တယ် သူ့ vote စောင့်ရတာ။ နောက်ထပ် အရင်နဲ့မတူတာက wordpress မှာ ပို့စ်တင်လိုက်တာနဲ့ ချက်ချင်း steemit ပေါ်ရောက်မသွားပဲ အချိန်စောင့်ကြည့်ပါသေးတယ်။ auto bot ? spem? လားဆိုပြီး စောင့်ကြည့်ပြီး အမှန်အကန်ပို့စ်မှသာလျှင် steemit ပေါ်တင်ပေးတာတွေ့ရပြန်တယ်။


နောက်ထပ် steempeak က သုံးလို့ကောင်းပြီး သူထုတ်လိုက်တဲ့ token တွေဟာ အစပိုင်း 1 steempeak = 25 steem ဈေးပေါက်ခဲ့ပေမဲ့ ခုတော့ ဝယ်လိုအားထက် ရောင်းလိုအားအရမ်းများနေတော့ 1 steempeak = 1 steem ဈေးဖြစ်နေတော့ ပိုက်ဘောမိသွားတဲ့ steem တွေကမနည်းခဲ့ဘူး။ ဘာပဲဖြစ်ဖြစ်စောင့်မယ်ဆိုပြီး ပစ်ထားတာလည်း သုံးပတ်လောက်ရှိပြီ မထူးခြားဖြစ်နေပြန်တယ်။ သူ့ရဲ့ ဈေးကွက်ကိုဘယ်လိုထိမ်းချုပ်မလဲဆိုတာတော့ စောင့်ကြည့်ရပါအုံးမယ်။

Leave a Reply

Your email address will not be published. Required fields are marked *