Ad Breaks ရဲ့ဝှက်ချက်

facebook ပေါ်ကနေ ဗွီဒီယိုတွေတင်ပြီး ငွေရနေခြင်းအကြောင်း သိတဲ့သူလည်း သိနေပြီး မသိသူတွေလည်း ရှိပါသေးတယ်။ သိသော်လည်း လုပ်ပုံလုပ်နည်း မသိသေးသူတွေလည်း ရှိပါတယ်။ သူ့မှာ လျိုဝှက်ချက်တွေရှိနေလို့ပါ။ ဘာတွေလဲ?…
ပထမ samples တွေကတော့
-page likes 10000 minimal
-1 minus views between 2 months 4000 hs
-upload 3 minus over videos
-Country Availability
ဒီအချက်တွေက အဓိက ကျပါတယ်။
နိုင်ငံမထောက်ပံ့တဲ့သူတွေအတွက်တော့ မိမိ ပေ့ခ်မှာ ထောက်ပံ့ပေးတဲ့ location နိုင်ငံ လိပ်စာကိုပြောင်းလဲထည့်သွင်းပြီး ပြုလုပ်နိုင်ပါတယ်။
မိမိပေ့ခ် ရမရသိချင်လျှင် ဒီလင့်ကနေ ဝင်ရောက် စစ်ဆေးနိုင်ပါတယ်။ https://facebook.com/business/m/join-ad-breaks
ဒီအချက်တွေအောင်မြင်ပြီးသူတောင် ဘာလို့မရသေးတာလဲဆိုတဲ့အချက်ကတော့-
(၁) ဗွီဒီယိုမှာပါတဲ့ ဘာသာစကား တစ်မျိုးအထက်ပါဝင်မှု
(၂) ဗွီဒီယိုမှာ မထောက်ပံ့တဲ့ ဘာသာစကားဖြစ်နေမှု
(၃) ဗွီဒီယို တင်တဲ့အချိန်မှာ မထောက်ပံ့တဲ့ ဘာသာစာပေနဲ့ရေးသားမှု
(၄) ဗွီဒီယိုတင်တဲ့အချိန်မှာ ရေးသားသည့်စာတွင် @, #, $, %, & , credit စသည့် စာများထည့်သွင်းပါက လက်မခံမှု
(၅) မြန်မာစာနဲ့ မြန်မာစကားလုံးဝ ထောက်ပံ့မပေးသေးမှုတွေပဲဖြစ်ပါတယ်။
Ad breaks ကိုလက်ခံရရှိသည့် သူများအတွက် ဗွီဒီယိုတင်တော့မယ်ဆိုရင် https://business.facebook.com/creatorstudio/
ကနေတင်ပြီး မိမိတင်သည့် ဗွီဒီယိုမှာ ၃ မိနစ်နှင့်အထက်ရှိရမှာဖြစ်ပြီး HD quality , tags, Ad breaks On, titles, Describe တွေကိုလည်းထည့်သွင်းပေးရပါတယ်။
မူပိုင်ခွင့်ရှိပြီးသား ဗွီဒီယိုတွေ ကူးတင်မိလျှင် သတိပေးချက်နဲ့အတူ ပထမအချိန် ချိုးဖောက်မှု ပြစ်ဒဏ် ၃ လ အထိခံရနိုင်ပြီး ဒီ ၃ လအတွင်း ဆက်လက်ဖြစ်ပေါ်ပါက ပိတ်ပင်တဲ့အထိဖြစ်နိုင်ပါတယ်။
နည်းပညာနဲ့ ဗဟုသုတကြွယ်ဝကြပါစေ…

Leave a Reply

Your email address will not be published. Required fields are marked *