steem account အကောင့်အကြောင်းတွေးမိခြင်း

စတင်သူတွေအတွက် တော်တော်လေး နားလည်ရခတ်ပြီး တော်တော် ရှုပ်ထွေးနေတာတွေ့ရပါတယ်။ ခုရက်ပိုင်း သူငယ်ချင်းတစ်ယောက် လုပ်ချင်တယ်ပြောလို့ အသစ်တစ်ခုလုပ်ပေးတာ အခမဲ့ အနေနဲ့ဆို တစ်ပတ်ကျော်စောင့်ရလို့ ငွေပေးပြီးလုပ်ပေးမယ်ဆိုပြီး စမ်းကြည့်တာ မလွယ်လှပါဘူး။ ခုနောက်ပိုင်း ပြောင်းလဲမှုတွေနဲ့ ရှုပ်ထွေးမှုတွေဟာ စတင်မည့်သူအတွက် နားလည်ရခက်ခဲစေပါတယ်။ master key, password, posting key, active key, steemconnect password စသဖြင့် တော်တော်လေး ရှုပ်ထွေးတာတွေ့ရတော့ ကျွန်တော်တို့လောကကြီး ဖွံ့ဖြိုးဖို့အတွက် မလွယ်လှဘူးလို့ မြင်လိုက်မိတယ်။ အကောင့်ဖွင့်ဖို့ ငွေပေးချေးဖွင့်မယ်ဆိုရင်တောင် အမျိုးပေါင်းများစွာနဲ့ ဘယ်လိုမှ မလွယ်ကူတာတွေ့ရတယ်။ ဒါတောင် steem-engine ဆိုတာမပြောသေးဘူး။ လူသစ်တစ်ယောက်ကို လက်တွဲခေါ်ဖို့ တော်တော်လေးအချိန်ပေး သင်ပေးရမည့်ဖြစ်မျိုးကို တွေ့မြင်ခဲ့လို့ပါ။ key ပေါင်းစုံ password ပေါင်းစုံနဲ့ blockchain ကိုနားလည်ဖို့ စတင်သူအတွက် သင်ပေးရမည့်သူတောင် ရူးချင်သွားပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *