အရက်နာကျခြင်းကနေ ပြန်လည်သက်သာလာစေမယ့် နည်းလမ်း

အရက်သောက်သူတိုင်း သိမှာပါ။ ညတုန်းက အရက်တွေအလွန်အကျွံမူးအောင်သောက်ပြီး နောက်တစ်နေ့မနက်မှာ အရက်နာကျတဲ့အခါ ဘယ်လို ဒုက္ခတွေကို ခံစားရတယ်ဆိုတာ။ ဒီတော့ အရက်နာကျခြင်းကနေ အမြန်ဆုံး ပြန်လည်သက်သာစေဖို့ ဘယ်လိုအကူအညီတွေကို ယူကြမလဲ။ ဘာတွေလုပ်ကြမလဲ။ ဒီနည်းလမ်းလေးတွေကို တစ်ချက်ဖတ်ကြည့်လိုက်ပါဦး။

(၁)။ ကော်ဖီ

ကော်ဖီဟာ အရက်နာကျတဲ့သူတွေအတွက် အကောင်းဆုံးဆိုတာ ပြောဖို့တောင်လိုမယ်မထင်တော့ပါဘူး။ ကော်ဖီမှာပါတဲ့ ကိုကိုးဓာတ်တွေဟာ အရက်နာကျတာကို လျော့ကျစေပြီး ကဖင်းဓာတ်တွေကလည်း ခေါင်းမူးတာ၊ ခေါင်းကိုက်တာ စတဲ့ဝေဒနာတွေကို လွယ်လင့်တကူ လျော့ကျသွားစေနိုင်ပါတယ်။

(၂)။ ကိုက်ခဲပျောက်ဆေး

တချို့ကတော့ အရက်နာကျရင် ကိုက်ခဲပျောက်ဆေးတစ်လုံးလောက်ကို ကော်ဖီနဲ့မျှောချပြီး နေလို့ထိုင်လို့ ကောင်းအောင်ကြိုးစားကြတယ်။ အဲဒါက တကယ်လည်းအလုပ်ဖြစ်ပါတယ်။ အရမ်းတွေခေါင်းကိုက်နေလို့ဆိုပြီး ဆေးအများကြီးတော့မသောက်လိုက်နဲ့နော်။ တစ်လုံးဆိုရင်ပဲ လုံလောက်ပါပြီ။

(၃)။ ချင်းပြုတ်ရည်

အရက်နာကျတာကို သက်သာစေတဲ့အထဲမှာ ချင်းပြုတ်ရည်လည်း ပါဝင်ပါသတဲ့။ ပုံမှန်ဆိုရင် ချင်းပြုတ်ရည်ကို နေမကောင်းဖြစ်ချိန်မှသာ သောက်ဖို့ စဉ်းစားမိကြတာဖြစ်ပေမယ့်လည်း အရက်နာကျခြင်းကို ချင်းပြုတ်ရည်က လျှင်လျှင်မြန်မြန်ပဲ ပျောက်ကင်းသွားစေပါလိမ့်မယ်။

(၄)။ ငှက်ပျောသီး

သူငယ်ချင်းတွေနဲ့ အရက်တွေဘာတွေ သွားသောက်တော့မယ်ဆိုရင် ငှက်ပျောသီးတစ်လုံးလောက် စားသွားတာမျိုး လုပ်ဖူးလား။ ငှက်ပျောသီးထဲမှာပါတဲ့ ပိုတက်ဆီယမ်ဓာတ်က ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ အယ်လ်ကိုဟောဓာတ်ကို လျော့ချပေးနိုင်လို့ ငှက်ပျောသီးစားထားတယ်ဆိုရင် ပုံမှန်ထက်ပိုပြီး သောက်နိုင်ကြလေ့ရှိပါသတဲ့။ အလားတူပါပဲ။ အရက်နာကျတဲ့အချိန်တွေကျရင်လည်း ငှက်ပျောသီးစားပြီး သက်သာအောင် လုပ်လို့ရပါတယ်။

(၅)။ ချွေးထွက်အောင်လုပ်တာ

ဒီနည်းက လွယ်တော့မလွယ်ပါဘူး။ အရက်နာကျပြီဆိုရင် လူက လုံးဝကိုမလှုပ်ချင်ပဲ ခေါင်းက သေအောင်ကိုက်နေတာလေ။ ဒီတော့ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်ဖို့ဆိုတာလည်း ဘယ်ဖြစ်နိုင်ပါ့မလဲ။ ဒါပေမယ့် ကိုယ့်မှာကော်ဖီလည်းမရှိ၊ သောက်စရာဆေးလည်းမရှိ၊ စားစရာဘာမှလည်းမရှိဘူးဆိုရင် ချွေးထွက်ဖို့ လေ့ကျင့်ခန်းလေးနည်းနည်းလုပ်လိုက်တာ ပိုကောင်းပါလိမ့်မယ်။ အဲဒီနည်းလမ်းကလည်း အရက်နာကျခြင်းကို ပိုပြီး သက်သာစေပါတယ်။
Source : everydayhealth.com

Leave a Reply

Your email address will not be published. Required fields are marked *