high quality contact

စာအရေးအသားကောင်းမွန်မှု ဆိုတာ စာရေးတိုင်းမကောင်းနိုင်ဘူး။ ပထမတော့ စိတ်ကူးကောင်းရတယ်။ ပြီးတော့ အရေးအသားပြေပျစ်မှုရှိရတယ်။ လူတွေအတွက်အသုံးဝင်တာလည်းဖြစ်ရတယ်။ သတင်းသမား၊ ဘလော့ဂါသမား၊ စာရေးခြင်းအလုပ်လုပ်သူတိုင်း အမြဲလိုချင်ကြတာက high quality contact တွေပါ။ လူတွေအတွက်လိုအပ်မယ်ထင်ပြီး အမှန်အကန်ရေးသားပေမဲ့လည်း လူတွေအတွက် မလိုအပ်တာတွေရှိသလို အသုံးမဝင်တာတွေလည်းရှိတယ်။ တစ်ချို့စာတွေကြပြန်တော့လည်း powerful အလွန်းအသုံးဝင်ပေမဲ့ လူတွေမမြင်တာ မဖတ်မိတာတွေရှိပြန်ရော။ ခုခေတ်ကလည်း စာကောင်းပေကောင်းတွေဆို မဖတ်ကြတာလည်းပါဝင်လာသလို မဟုတ်သုတ်ခစာတိုလောက်ပဲ ဖတ်ကြတော့တယ်။ စာရှည်ရင်ဖတ်ဖို့ စိတ်တောင်ပျက်နေသလိုပေါ့။ ကျွန်တော်လည်းပါဝင်ပါတယ် စိတ်ဖတ်ပျင်းတဲ့အထဲ။ အရေးအသားဘယ်လောက်ပဲကောင်းကောင်း ကိုယ်ရေးထားတဲ့စာကို ကိုယ့်ဆီက အခြားသူကူးယူပြီးတင်လိုက်မှ နာမည်ရလာတာတွေလည်းရှိသလို ကိုယ်ရေးထားတာ သူများတွေ ရေးသူမဖော်ပြပဲ တင်ပြီးမှ သူတို့နာမည်ပေါက်သွားတာတွေလည်းတွေ့ရပြန်တယ်။ ကျွန်တော်တို့ဆီမှာ အများဆုံးက စာဖတ်အားနည်းကြပါတယ်။ လူမှုကွန့်ယက်ရှိလာလို့မှ စာတွေဖတ်လာကြတာတွေ့ရတယ်။ ကျွန်တော်တောင် စာအုပ်တစ်အုပ် ကောက်ဖတ်ဖို့ ဝန်လေးပါတယ်။ လိုင်းပေါ်မှာပဲ စာဖတ်များတယ်။ တစ်ခါတစ်လေ စာဖတ်ရမှာ ပျင်းရင် youtube မှာကြည့်ရတယ်။ အများဆုံးတော့ တကယ်မတတ်တဲ့ အင်္ဂလိပ်လိုဖတ်နေရတာများပါတယ်။ မြန်မာစာရောတကယ်တတ်လားဆို အမှန်တကယ်မတတ်သေးပါဘူး။ အင်တာနက်အသုံးပြုခြင်းဟာ မိမိဘဝရဲ့ ရတနာသိုက်ကြီးတစ်ခုပါ။
@nayhlaingsoe
#myanmar
#msu

Leave a Reply

Your email address will not be published. Required fields are marked *