Facebook နဲ့ Instagram တို့ ကမ္ဘာအဝန်းမှာ Down နေ

Facebook နဲ့ Instagram တို့ဟာ ကမ္ဘာအဝန်းမှ ဧရိယာ အချို့မှာ အသုံးပြုလို့ မရ ဖြစ်နေပါတယ်။ Users တွေက Log In ဝင်ခြင်း၊ ဓါတ်ပုံတွေ တင်ခြင်းနဲ့ Status တင်ခြင်းတွေ ပြုလုပ်လို့ မရဘူးလို့ ပြောပါတယ်။ ဝက်ဘ်ဆိုက်တွေ Down နေသလားဆိုတာကို စစ်ဆေးပေးတဲ့ DownDetector ဝက်ဘ်ဆိုက်က အဲဒီ ပြတ်တောက်ခြင်းဟာ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲလောက်မှာ စတင် ဖြစ်ပွားတာလို့ ပြောပါတယ်။


အမေရိကန်၊ ဥရောပ၊ တောင်အမေရိကနဲ့ အာရှ နိုင်ငံတွေမှာ ဒီပြဿနာ ဖြစ်ပွားနေတယ်လို့ ထင်ရပါတယ်။ Facebook ကတော့ ဒီပြဿနာကို ပြောကြားခြင်း မရှိသေးပါဘူး။ Facebook ဟာ မတ်လမှာလည်း ဆိုးဆိုးရွားရွား Down သွားခဲ့ပါသေးတယ်။ ဧပြီလနဲ့ ဇူလိုင်လမှာလည်း Down ခဲ့ပါသေးတယ်။
ဧပြီလမှာ Facebook အပါအဝင် သူ ပိုင်တဲ့ Instagram နဲ့ WhatsApp တို့ဟာ ၂ နာရီလောက် Down သွားခဲ့ပါတယ်။ Facebook ရဲ့ Chat Service ဖြစ်တဲ့ Messenger ဟာလည်း ၂ နာရီကျော်ကြာ Down သွားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အခြား တည်နေရာတွေမှာ ဆိုးရွားစွာ ဖြစ်ပွားခဲ့ပြီး အချို့ တည်နေရာတွေမှာတော့ သိပ်မဖြစ်ခဲ့ပါဘူး။

Ref : dailystar

Leave a Reply

Your email address will not be published. Required fields are marked *