လူ့အရိုးစုတွေနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ဘုရားကျောင်း

ချက် နိုင်ငံမှာရှိတဲ့ ဘုရားကျောင်းတစ်ဆောင်ဟာ သေခြင်းတရားနဲ့ ရှင်သန်ခြင်းအကြောင်းတရားတို့ကို တွေးဆဖို့ အကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်။ သေခြင်းတရားရဲ့ အမှတ်အသားကို လူသားတွေရဲ့ အရိုးစုတွေနဲ့ အဓိကထား ဆင်ယင်ချိတ်ဆွဲထား ဖော်ပြထားတာလည်းရှိပါတယ်။

အရိုးစု ဘုရားကျောင်းလို့ ထင်ရှားတဲ့ Sedlec Ossuary ကို လွန်ခဲ့တဲ့ (၁၂၀၀) ပြည့်နှစ်ကတည်းက တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ဘိုဟီးမီးယားတွေရဲ့ မြှုပ်နှံရာ နေရာတစ်ခုလည်းဖြစ်လာခဲ့တယ်။

ဒီဘုရားကျောင်းရဲ့ သုဿာန်မှာ (၁၄၀၀) ပြည့်နှစ်ကနေ စပြီး လာရောက် မြှုပ်နှံတဲ့ ရုပ်အလောင်း (၃၀၀၀၀) အထက်ရှိပါတယ်။ မြှုပ်နှံထားတာတွေက (၁၃၁၈) ခုနှစ်မှာ ဖြစ်ပွားတဲ့ ပလိပ်ရောဂါနဲ့ Hussite တိုက်ပွဲအတွင်း သေဆုံးသွားကြတဲ့ သူတွေရဲ့ ရုပ်အလောင်းတွေလို့သိရတယ်။

(၁၄၀၀) ပြည့်နှစ်နောက်ပိုင်းမှာ ရုပ်အလောင်းတွေ အလွန်များလာတာကြောင့် တူးထုတ်ပြီး ဗိမာန်အဖြစ် ဖန်တီးဖို့ ဘုရားကျောင်းကို ရွေးပြောင်းခဲ့တယ်။ အဲ့ဒီ့မှာ ရိုက်ထားတဲ့ အရိုးတွေနဲ့ တိုင်တွေဟာ အခုမတိုင်ခင်ထဲက ရှိခဲ့တာဖြစ်ပြီး ဒီနေ့ခေတ်မှာမြင်ရတာတွေက (၁၈၇၀) ပြည့်နှစ်မှာ ဗိသုကာပညာရှင်တွေရဲ့ ပြောင်းလဲ ပြင်ဆင်ဖန်တီးမှုတွေလို့ သိရတယ်။ အခုလက်ရှိမှာ လူအယောက် (၇၀၀၀၀) ရဲ့ အရိုးစုတွေနဲ့ ဆက်လက်တည်ရှိနေတယ်လို့ သိရတယ်။

ကက်သလစ်ဘာသာဝင်တို့ရဲ့ ဘုရားကျောင်းဖြစ်တယ်။

(၁၈၇၀) ခုနှစ်မှာ Schwarzenberg မိသားစုက နာမည်ကျော် ပန်းပုဆရာ Frantisek Rint ကို အရိုးစုတွေကို အနုပညာ လက်ရာမြောက်အောင် ပြောင်းလဲပြင်ဆင်ဖို့ ငှားရမ်းခဲ့ကြတယ်။ အခု မြင်ရတာကတော့ အဲ့ဒီ့မိသားစုရဲ့ အရိုးစုတွေကို ပန်းပုဆရာရဲ့ ဖန်တီးတင်ဆက်မှုလို့ သိရတယ်။

ပန်းပုဆရာက အရိုးတွေနဲ့ သူ့နာမည်ကိုတောင် အမှတ်အသားလုပ်ခဲ့တယ်….

တချို့သော အလည်အပတ်လာရောက်သူတွေက ကံကောင်းစေဖို့ အခုလို အကြွေစေ့တွေ ထည့်ကြပါတယ်။

Source: Elite Reader

Leave a Reply

Your email address will not be published. Required fields are marked *