မန္တလေး မြို့သာစက်မှုဥယျာဉ်မှ တစ်နှစ် ကားစီးရေ ၁၀ဝဝဝ ထုတ်လုပ်မည်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန် မြို့နယ်ရှိ မြို့သာစက်မှုဥယျာဉ်တွင် ရှိသောGold AYA Motors Inter-national Group က တစ်နှစ်လျှင် ကားစီးရေ ၁၀ဝဝဝ ထုတ်လုပ်မည် ဖြစ်ပြီး ကားအမျိုးအစား ခုနစ် မျိုးမှ မော်ဒယ် ၁၀ မျိုး ထုတ်လုပ်မည် ဖြစ်ရာ SUV MPV နှင့် အထူးကား များ၊ Pickup Truck ခု ကားများ၊ လုပ်ငန်းသုံးကားများပါဝင်ကာ အာဆီယံ နိုင်ငံဈေးကွက်သို့ ထိုးဖောက်မည်ဖြစ် ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
Gold AYA Motors International Group Co.,Ltd. သည် တရုတ်နိုင်ငံ ကူမင်း မြို့ (Kuming) မှ Shining Star Group အနေဖြင့် နိုင်ငံတော်၏ “The Belt and Road” စီမံကိန်းကိုအကောင်အထည်ဖော်ရန် ၂၀၁၇ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံတွင်တည်ထောင်ခဲ့သော မော်တော်ကားတပ်ဆင်သည့် ကုမ္ပဏီဖြစ်ကာ အမေရိကန်ဒေါ်လာ သိန်း ၃၀ဝ ရင်းနှီးမြှုပ်နှံထားသည်ဟု ပြောဆိုသည်။

“တစ်နှစ်ကို စီးရေ ၁၀ဝဝဝ နှုန်းနဲ့ ငါးနှစ်တာကာလမှာ စီးရေ ၅၀ဝဝဝ ကျော် ထုတ်လုပ် ရောင်းချသွားဖို့ဖြစ်ပြီး ဈေးကွက်ဝေစုမှာ ၁၀ ရာခိုင်နှုန်းနဲ့ အထက် ပြည်တွင်းထုတ်လုပ်မှု နှုန်းကို ရာခိုင်နှုန်း ၄၀ အထိရောက်ရှိဖို့ အစီအစဉ်များ ရေးဆွဲထားပါတယ်။ ထုတ်လုပ်တဲ့ ကားတွေက အာဆီယံနိုင်ငံတွေဆီ တင်သွင်းနိုင်တဲ့အထိ အရည်အသွေးပြည့်မီ ပိုင်ဆိုင်ထားတဲ့ ကားတွေပါ”ဟု ထုတ်လုပ်သည့်ကုမ္ပဏီမှ Vice General Manger Mr. Jacky Yan က ပြောဆိုသည်။

စက်ရုံမှာ မန္တလေးမြို့မှ ကီလိုမီတာ ၁၀ဝ ဝေးကွာသော မြို့သာစက်မှုဥယျာဉ်အတွင်း မြေဧက ၂၀ ဒသမ ၁ ဧက ကျယ်ရှိ၍ ထုတ်လုပ်သည့် မော်တော်ကားထားရန် နေရာများ၊ စက်ပစ္စည်းများ၊ ထိန်းသိမ်းရေးဂိုဒေါင်များ၊ အရောင်းပြခန်းများနှင့် အခြားလိုအပ်သည့် အဆောက်အအုံများ တည်ဆောက်ထားပြီး ကားတပ်ဆင်ရေးစက်ရုံဧရိယာမှာ ၇၂၀ဝ စတုရန်း မီတာရှိကြောင်း သိရသည်။

အရည်အသွေးရှိ

ထုတ်လုပ်မည့်ကားများမှာ Engine Displacement မှာ 1.5L (Auto Gear) နှင့် အမြင့်ဆုံးမောင်းနှင်မှုအရှိန် 160 Km/h ဖြစ်ပြီး တစ်စီးလုံးအလေးချိန်မှာ ၁၃ တန်ဖြစ် ကြောင်း၊ စက်သုံးဆီစားနှုန်းမှာ 100 Km လျှင် 8 Liters သာရှိ၍ ယာဉ်၏ အတိုင်းအတာ မှာ 428618151665mm ဖြစ်ပြီး ဇိမ်ခံကားတစ်စီးအဖြစ် Off-Road Vehicle အရည် အသွေးရှိကြောင်း သိရသည်။

အလုပ်အကိုင်ပေးထား

“မြန်မာနိုင်ငံမှာ ကားတပ်ဆင်ထုတ်လုပ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာတဲ့ အုတ်မြစ်တစ်ခုဖြစ်သလို ကားတစ်စီးလုံး ထုတ်လုပ်တာဖြစ်တဲ့အပြင် ယာဉ်နဲ့ပတ်သက်တဲ့ စက်မှုလုပ်ငန်းကွင်းဆက်တွေလည်း ပါဝင်တယ်။ ဒေသခံ ၁၁၃ ဦးကို အလုပ်အကိုင်ပေး ထားပြီး သီအိုရီပိုင်း၊ လက်တွေ့ပိုင်း ဖလှယ်ပေးမှာဖြစ်တယ်။ ဝန်ထမ်း ၈၂ ရာခိုင်နှုန်းက နိုင်ငံသားတွေပါ”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မိတ်ဆက်ပြသ

အဆိုပါ ထုတ်လုပ်မှုကို ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက မြို့သာစက်မှုဥယျာဉ်ရှိ ထုတ်လုပ် ရေးစက်ရုံတွင် မိတ်ဆက်ပြသခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တာဝန်ရှိသူများ သတင်းမီဒီယာများ တက်ရောက်ကြသည်။

mmtimes

Leave a Reply

Your email address will not be published. Required fields are marked *