လာဘ်စားတဲ့ တရားသူကြီးမကို တရားရုံးအတွင်းကနေ ရဲတပ်ဖွဲ့ ဆွဲထုတ်ဖမ်းဆီ

အမေရိကန် အိုဟိုင်းယိုးပြည်နယ်၊ Hamilton County က တရားရုံးမှာ လာဘ်စားတဲ့ အမျိုးသမီးတရားသူကြီးတစ်ဦးကို ရဲတပ်ဖွဲ့က တရားခွင်ကနေ ဒရွတ်တိုက်ဆွဲထုတ် ခေါ်ငင်သွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တရားသူကြီးဟာ အကျင့်ပျက်ခြစားမှုနဲ့ ပြန်လည်အရေယူခံခဲ့ရသူပါ။

တရားသူကြီးရဲ့အမည်မှာ Tracie Hunter ဖြစ်ပြီး၊ သူမဟာ ပြီးခဲ့တဲ့တနင်္လာနေ့က လာဘ်စားမှုအတွက် ထောင်ဒဏ်(၆)လ ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ သူမဟာ အရင်ကအစိုးရဝန်ထမ်းတစ်ဦးဖြစ်တဲ့ သူမရဲ့မောင်ကို အလုပ်ကနေ မထုတ်ပယ်ခံရဖို့-
လျှို့ဝှက်ကူညီပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် Hunter ကို အကျင့်ပျက်ခြစားမှုနဲ့ အမှုဖွင့်ခဲ့တာပါ။ ဒီအမှုကို အထက်တရားရုံးတရာသူကြီး Patrick Dinkelacker က တာဝန်ယူစစ်ဆေးခဲ့ရာ၊ ထောင်ဒဏ်ကို အတည်ပြုမိန့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

Hunter ဟာ (၂၀၁၄)ခုနှစ်ကတည်းက စီရင်ချက် ချမှတ်ခံထားရတာဖြစ်ပြီး၊ သူမက အယူခံတင်သွင်းခဲ့တာကြောင့် အမှုက ကြန့်ကြာနေခဲ့တာလို့ သိရပါတယ်။ Hunter ဟာ ‘Justice for Judge Tracie M Hunter’ ဆိုတဲ့စာသားပါ အင်္ကျီများဝတ်ဆင်ကာ တရားရင်ဆိုင်လေ့ ရှိတယ်လို့ သိရပါတယ်။
Hunter ဟာ (၂၀၁၀)ခုနှစ်မှာ Hamilton ကောင်တီ Juvenile Court တရားရုံးမှာတရားသူကြီးအဖြစ် ထမ်းဆောင်ဖို့ ပထမဆုံးရွေးချယ်ခံခဲ့ရတဲ့ အာဖရိက-အမေရိကန်ကပြား တရားသူကြီးအဖြစ် မှတ်တမ်းဝင်ခဲ့သူပါ။ သူမကို ထောက်ခံအားပေးတဲ့ လူတွေလည်း များစွာရှိခဲ့ပြီး-


မြို့တော်ဝန်ကိုယ်တိုင်က Hunter ကို ထောင်ဒဏ်စီရင်ခြင်းမပြုဖို့ တရားသူကြီး Patrick ထံကို စာရေးသားတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအမှုကိုင်တွယ်နေတဲ့ အတောအတွင်းမှာ တရားသူကြီး Patrick ဟာ ခြိမ်းခြောက်စာတွေ၊ ပို့စကတ်တွေ ရရှိခဲ့တယ်လို့ အတည်ပြုထားပါတယ်။
ဒီစီရင်ချက်ကိုလည်း Hunter ရဲ့ရှေ့နေက အယူခံတင်ထားပြီလို့ သိရပြီး၊ သူမကို ထောက်ခံအားပေးသူတွေက တရားရုံးပြင်ပမှာ Hunter အတွက် မျှတတဲ့တရားစီရင်မှုကိုအလိုရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။ Hunter က အမှုကို ဆက်ပြီးရင်ဆိုင်မှာပါတဲ့။
လင်းဇော်ကို
source : Metro

Leave a Reply

Your email address will not be published. Required fields are marked *