အိန္ဒိယနိုင်ငံ၌ လယ်ကွင်းအတွင်းသို့ ဥက္ကာခဲပြုတ်ကျမှုကြောင့် လယ်သမားများ အထိတ်တလန့်ဖြစ်

အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ လယ်ကွင်းတစ်ခု အတွင်းသို့ ဘောလုံးတစ်လုံးအရွယ်အစားရှိ ဥက္ကာခဲဟုယူဆရသော အရာဝတ္ထုတစ်ခု ပြုတ်ကျလာမှုကြောင့် လယ်သမားများအထိတ် တလန့်ဖြစ်ရကြောင်း အာဏာပိုင်များက ဇူလိုင် ၂၅ ရက်တွင်ပြောသည်။

အညိုရောင်ရှိ အဆိုပါအရာဝတ္ထုသည် ဇူလိုင် ၂၄ ရက် နေ့လယ်တွင် အလုပ်လုပ်နေသည့် လယ်သမားများ၏ လယ်ကွင်းအတွင်းသို့ ကောင်းကင်မှ အသံကျယ်လောင်စွာပြုတ် ကျလာခြင်းဖြစ်သည်။ ထို့နောက် မီးခိုးများ ထွက်နေသည့် ယင်းဥက္ကာခဲပြုတ်ကျရာနေရာ၌ ၄ ပေအနက်ရှိ တွင်းကြီးဖြစ်ပေါ်ကြောင်း နှင့် ယင်းဥက္ကာခဲကို လယ်သမားများက ပြန် လည်ဆွဲထုတ်ခဲ့ကြောင်း ဘီဟာပြည်နယ် မတ်ဟူဘာနီခရိုင် ရာဇဝတ်တရားသူကြီး ရှာဆက်ကာပီးအက်ဟော့က သတင်းဌာန တစ်ခုသို့ပြောသည်။

ကောင်းကင်မှကျရောက်လာသည့် အဆိုပါ အရာဝတ္ထုတွင် ခိုင်မာသည့်သံလိုက်ဂုဏ် သတ္တိများရှိပြီး ၎င်း၏အလေးချိန်မှာ ၁၅ ကီလိုဂရမ်ရှိကြောင်း ၎င်းကဆက်ပြောသည်။

ထိုအရာဝတ္ထုသည် ဥက္ကာခဲဖြစ်နိုင်သည် ဟုယူဆရကြောင်း သိပ္ပံပညာရှင်များ၏ လေ့လာဆန်းစစ်မှုအရ သိရသည်။

ယင်းဥက္ကာခဲများသည် ကမ္ဘာ့လေထုအတွင်းသို့ ဝင်ရောက်လာသည့်အခါ မီးလောင်ပျက်စီး သွားလေ့ရှိကြောင်း သိရသည်။

Ref: The Straits Times

Leave a Reply

Your email address will not be published. Required fields are marked *