One Year Ago On Steemit

#zawgyi font

steemit ေပၚေရာက္ခဲ့တာ တစ္ႏွစ္ျပည့္ခဲ့ပါၿပီ။ အဖြဲ႕မရွိပဲရပ္တည္ခဲ့ၿပီး တစ္ႏွစ္အတြင္းရရွိတာဆိုလို႔ အေကာင့္ level 55 နဲ႔ steem power 92 ပဲရခဲ့ပါတယ္။ ဒါေတာင္ ဂိမ္းေတြကယ္ထားလို႔ပါ။ steem ေတြ SBD ေတြကေတာ့ ဟိုေနရာသုံးလိုက္ ဝယ္လိုက္ရင္းလိုက္ ရႈံးလိုက္ေတြနဲ႔ ဘယ္ေလာက္လို႔မေျပာႏိုင္ေတာ့ဘူး။ ဂိမ္းေတြထဲမွာလည္းရွိေနပါတယ္။ ယခုအေကာင့္မွာေတာ့ steem 27 နဲ႔ SBD 15 ပဲရွိၿပီး အေကာင့္တန္ဖိုး 61$ ပဲရွိပါတယ္။
ကြၽန္ေတာ္ရဲ႕ႀကိဳးစားမႈ အရမ္းအားနည္းခဲ့တယ္လို႔ဆိုႏိုင္ပါတယ္။ ဒီေလာက္ရခဲ့တာေတာင္ @mmunited ရဲ႕အကူအညီေတြအမ်ားႀကီးပါပါတယ္။ ဒုတိယကေတာ့ @aggamum တို႔ပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ဘယ္ေလာက္ပဲရရ steemit ေပၚမွာ ရပ္တည္ႏိုင္ေအာင္ႀကိဳးစားဆဲပါ။ ကြၽန္ေတာ္ရဲ႕တစ္ေန႔တာအလုပ္အတြက္ ရရွိတဲ့ ေငြပမာဏ 300 က်ပ္ဆိုလည္း ကြၽန္ေတာ္တန္ဖိုးထားပါတယ္။ တစ္ေန႔တာ ကြၽန္ေတာ္ ဘီယာေသာက္ရင္ေတာင္ က်ပ္ 5000 ေလာက္ကုန္ေပမဲ့ ဒီရတဲ့ပမာဏကို ကြၽန္ေတာ္ျမတ္ႏိုးပါတယ္။ ေငြရဲ႕တန္ဖိုး အခ်ိန္ရဲ႕တန္ဖိုး ဉာဏ္ရဲ႕တန္ဖိုးေတြကို အလင္းျပတဲ့ ပမာဏျဖစ္လို႔ ဘာနဲ႔မွ အဖိုးမျဖတ္ႏိုင္ပါဘူး။ ကိုယ္ပိုင္အေရးအသား ကိုယ္ပိုင္ဖန္တီးမႈေတြနဲ႔ ေျခလွမ္းေတြေၾကာင့္ steemit ႀကီးေပၚ ေပ်ာ္႐ႊင္မိပါတယ္။ အျခားေသာ ပလပ္ေဖာင္းေတြမွာေတာ့ ေကာ္ပီေတြ ကူးယူတာေတြနဲ႔ျပည့္ေနေပမဲ့ steemit ေပၚမွာေတာ့ ကူးယူတာနဲ႔ အေကာင့္ ပါဝါအားက်ဆင္းသြားပါတယ္။ ျပန္ေတြးၾကည့္ရင္ စာတစ္ပိုဒ္ေရးဖို႔ဆိုတာေတာင္ လူေတာ္ေတာ္မ်ားမ်ားအတြက္ မျဖစ္ႏိုင္တဲ့အေျခအေနေတြပါ။
steemit ေပၚမွာ ျမန္မာမ်ား ေအာင္ျမင္တိုးတက္ၿပီး လိုရာပန္းတိုင္ေရာက္ရွိၾကပါေစ။
Author by: @nayhlaingsoe

#unicode

steemit ပေါ်ရောက်ခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ အဖွဲ့မရှိပဲရပ်တည်ခဲ့ပြီး တစ်နှစ်အတွင်းရရှိတာဆိုလို့ အကောင့် level 55 နဲ့ steem power 92 ပဲရခဲ့ပါတယ်။ ဒါတောင် ဂိမ်းတွေကယ်ထားလို့ပါ။ steem တွေ SBD တွေကတော့ ဟိုနေရာသုံးလိုက် ဝယ်လိုက်ရင်းလိုက် ရှုံးလိုက်တွေနဲ့ ဘယ်လောက်လို့မပြောနိုင်တော့ဘူး။ ဂိမ်းတွေထဲမှာလည်းရှိနေပါတယ်။ ယခုအကောင့်မှာတော့ steem 27 နဲ့ SBD 15 ပဲရှိပြီး အကောင့်တန်ဖိုး 61$ ပဲရှိပါတယ်။
ကျွန်တော်ရဲ့ကြိုးစားမှု အရမ်းအားနည်းခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဒီလောက်ရခဲ့တာတောင် @mmunited ရဲ့အကူအညီတွေအများကြီးပါပါတယ်။ ဒုတိယကတော့ @aggamum တို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လောက်ပဲရရ steemit ပေါ်မှာ ရပ်တည်နိုင်အောင်ကြိုးစားဆဲပါ။ ကျွန်တော်ရဲ့တစ်နေ့တာအလုပ်အတွက် ရရှိတဲ့ ငွေပမာဏ 300 ကျပ်ဆိုလည်း ကျွန်တော်တန်ဖိုးထားပါတယ်။ တစ်နေ့တာ ကျွန်တော် ဘီယာသောက်ရင်တောင် ကျပ် 5000 လောက်ကုန်ပေမဲ့ ဒီရတဲ့ပမာဏကို ကျွန်တော်မြတ်နိုးပါတယ်။ ငွေရဲ့တန်ဖိုး အချိန်ရဲ့တန်ဖိုး ဉာဏ်ရဲ့တန်ဖိုးတွေကို အလင်းပြတဲ့ ပမာဏဖြစ်လို့ ဘာနဲ့မှ အဖိုးမဖြတ်နိုင်ပါဘူး။ ကိုယ်ပိုင်အရေးအသား ကိုယ်ပိုင်ဖန်တီးမှုတွေနဲ့ ခြေလှမ်းတွေကြောင့် steemit ကြီးပေါ် ပျော်ရွှင်မိပါတယ်။ အခြားသော ပလပ်ဖောင်းတွေမှာတော့ ကော်ပီတွေ ကူးယူတာတွေနဲ့ပြည့်နေပေမဲ့ steemit ပေါ်မှာတော့ ကူးယူတာနဲ့ အကောင့် ပါဝါအားကျဆင်းသွားပါတယ်။ ပြန်တွေးကြည့်ရင် စာတစ်ပိုဒ်ရေးဖို့ဆိုတာတောင် လူတော်တော်များများအတွက် မဖြစ်နိုင်တဲ့အခြေအနေတွေပါ။
steemit ပေါ်မှာ မြန်မာများ အောင်မြင်တိုးတက်ပြီး လိုရာပန်းတိုင်ရောက်ရှိကြပါစေ။
Author by: @nayhlaingsoe

Leave a Reply

Your email address will not be published. Required fields are marked *