ချမ်းမြေ့မောင်ချိုဟာ သူ့ရဲ့ အသက်(၂၁) နှစ်ပြည့် မွေးနေ့ အမှတ်တရလေးမှာ မိဘနှစ်ပါးအတွက် သူ့ရင်ထဲက စကားတွေကို အခုလိုပြောထားတာ တွေ့ရပါတယ်

အဆိုတော် ချမ်းမြေ့မောင်ချိုကတော့ စက်တင်ဘာလ(၂၀) ရက်နေ့တုန်းက အသက်(၂၁) နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာ မိဘနှစ်ပါးအတွက် အခုလို စကားလက်ဆောင်လေး ပြောထားတာကို တွေ့ရပါတယ်။ ” ၂၁ နှစ်တိုင်တိုင် အနီးကပ်ကျွေးမွေးပြုစုသော မေကြီးနဲ့ အဝေးကနေ ကြည့်ရှုစောင့်ရှောက်သော ဖေကြီး သို့ …..သမီးကောင်းမဟုတ်ပေမယ့် သမီးဆိုးမဖြစ်အောင် ကြိုးစားနေထိုင်ပါ့မယ်။ သမီးလိမ္မာ မဟုတ်ပေမယ့် သမီးမိုက်မဖြစ်အောင်ကြိုးစားနေထိုင်ပါ့မယ် လို့ ကတိပေးပါတယ်။

ချမ်းမြေ့မောင်ချိုဟာ အခုချိန်ထိ မိဘနှစ်ပါးရဲ့ စကားကို နားထောင်လေ့ရှိတဲ့ သမီးလိမ္မာလေး တစ်ယောက်ဆိုလည်း မမှားပါဘူး။ မိဘနှစ်ပါးရဲ့ ဆုံးမသွန်သင်မှုတွေကြောင့် အခုလို ဖြစ်လာတာလို့လည်း သူက ဆိုပါတယ်။

” အရမ်းချစ်တယ်နော် အမြဲတမ်းမပြောပေမယ့် အမြဲစနောက်ပြီးပြောပေမယ့်လည်း ရင်ထဲကနေ နေ့တိုင်းချစ်ပါတယ်။ ဖေကြီးနဲ့မေကြီး ဒီနေ့ထိသမီးရဲ့ ဖြစ်တည်မှုနဲ့အရာရာတိုင်းက ဖေကြီး နဲ့ မေကြီး ရဲ့ ဆိုဆုံးမမှုကြောင့်ဖြစ်ခဲ့တာမို့လို့ ကျေးဇူးအများကြီးတင်ပါတယ်။မေကြီးကိုတော့ ကန်တော့ပြီးပါပြီ။ ဖေကြီးကိုတော့ဒီကနေပဲကန်တော့လိုက်ပါတယ်” ဆိုပြီးတော့ ဆက်လက် ပြောပြလာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *