နီနီခင်ဇော်ကတော့ နောက်ထပ် ထွက်ရှိလာမယ့် သီချင်းတွေ အတွက် ကိုယ်ပိုင်သီချင်းများကို ဖန်တီးရေးသား
နီနီခင်ဇော်ကတော့ နောက်ထပ် ထွက်ရှိလာမယ့် သီချင်းတွေ အတွက် ကိုယ်ပိုင်သီချင်းများကို ဖန်တီးရေးသားနိုင်မယ့် တေးရေးဆရာ အသစ်တွေ ခေါ်ယူနေတာ တွေ့ရပါတယ်။
နီနီခင်ဇော်ကတော့ ဂီတလောကထဲမှာ ထိပ်တန်းစာရင်းဝင် အမျိုးသမီး အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ သူမအနေနဲ့ တစ်ကိုယ်တော် အခွေတွေလည်း ထွက်ရှိထားသူ ဖြစ်ပြီး နောက်ထပ် အသစ် ထွက်ရှိလာမယ့် သီချင်းတွေနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ဖန်တီးရေးသားနိုင်မယ့် သီချင်းရေးဆရာအသစ်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
” တေးရေးအသစ်များ နှင့် လက်တွဲလုပ်ကိုင်လို၍ခေါ်ယူခြင်း။ Ni Ni ‘s Team မှ နီနီရဲ့ အသစ်ထွက်ရှိမယ့် သီချင်းခွေတွင် လက်ရှိလက်တွဲလုပ်ကိုင်နေသောတေးရေးဆရာသမားများ၊ နီနီကိုယ်တိုင်ရေးသားသော သီချင်းများအပြင်၊ အသစ်သစ်သော ဖန်တီးမှုများဆက်လက်လုပ်ကိုင်လိုပါ၍ Own Tune ဖန်တီးရေးသား/ဂီတထုတ်လုပ်သူ (composer/music producer) အနုပညာရှင်အသစ်များ ခေါ်ယူနေပါတယ်။ နီနီ့အတွက်ကိုယ်တိုင်ဖန်တီးရေးသားထားသော Own Tune မည်သည့် သီချင်း ဂီတ အမျိုးအစားကိုမဆို ပေးပို့နိုင်ပါတယ်” ဆိုပြီးတော့ အောက်တိုဘာလ (၇) ရက်နေ့ ည (၇) နာရီက သူ့ရဲ့ Facebook Page မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။