စေနေန႔ညေန မယ္ဆိုင္တစ္ေခါက္

အပေါ်စာမမှန်လျှင်အောက်တွင် အမှန်ရှိသည်

ျမန္မာႏိုင္ငံနယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕ကေန စေနေန႔ ညေနခင္းပိုင္းမွာ ထိုင္းႏိုင္ငံနယ္စပ္၊ မယ္ဆိုင္ၿမိဳ႕သို႔ ပစၥည္းသြားယူရင္းေရာက္ရွိခဲ့ပါတယ္။

ထိုင္းနိုင္ငံ မယ္ဆိုင္နယ္စပ္ဂိတ္


ထိုင္းႏိုင္ငံရဲ႕ လမ္းေတြဟာ ျမန္မာႏိုင္ငံနဲ႔ ဆန႔္က်င္ဘက္ပါ။ ျမန္မာက ညာသြား၊ ထိုင္းက ဘယ္သြားေပါ့။ ညေနခင္းရဲ႕ မယ္ဆိုင္းအလွတရားနဲ႔ ထူးဆန္းမႈတစ္ခုေတြခဲ့မိပါတယ္။ အဲတာကေတာ့ နယ္စပ္ဂိတ္ထိ ျမန္မာဘက္ဝင္မည့္အျခမ္း လမ္းတစ္ဖက္ပိတ္ၿပီး ညေနပိုင္း ေဈးခင္းျခင္းပါပဲ။ ထိုင္းႏိုင္ငံမွာက အသြားလမ္းအျပန္လမ္းဆိုၿပီးရွိေတာ့ အျပန္လမ္းရဲ႕ နယ္စပ္ဂိတ္ကေန အတြင္း ႏွစ္ျပေလာက္အထိ ေဈးဖြင့္ခြင့္ေပးလိုက္ျခင္းပါ။ လမ္းကိုပိတ္ၿပီး ဘာလို႔ ေဈးခင္းခိုင္းလည္း စဥ္းစားခန္းဝင္ခဲ့မိပါတယ္။ အၿမဲတမ္းေတာ့မဟုတ္ပါ။ စေနေန႔ တစ္ရက္ပဲလို႔သိရပါတယ္။

အျပန္လမ္းပိတ္ျပီး ေစ်းခင္းထားျခင္း မယ္ဆိုင္

ဘယ္လိုပဲျဖစ္ျဖစ္ လူစည္းကားတာေတာ့အမွန္ပဲ ႏိုင္ငံျခားသားေတြကို ဆြဲေဆာင္ေနသလို ျမန္မာဘက္အျခမ္းက ဝယ္ယူသူေတြကိုလည္း ဆြဲေဆာင္ေစပါတယ္။ ေဒသတစ္ခု ဖြဲ႕ၿဖိဳးတိုးတက္ဖို႔ နယ္ေျမခံ အာဏာပိုင္ေတြ ဖန္တီးေပးတာ သူတို႔ေဒသအတြက္အေတာ္ေလးေကာင္းမြန္တဲ့ လုပ္ရပ္ေလးေတြပါ။ လူစည္းကားျခင္းက ေဒသအတြင္း ေဈးသည္/ေဈးဝယ္ေတြအတြက္ စီးပြားေရး ပိုမိုဖြဲ႕ၿဖိဳးတိုးတက္ေစပါတယ္။

နိုင္ငံျခားသားမ်ားနဲ႔ ေစ်း၀ယ္မ်ား

ဒီလိုမ်ိဳးေလး ျမင္ရေတာ့ တစ္ခ်ိန္က အရမ္းစည္းကားခဲ့တဲ့ ျမန္မာဘက္ျခမ္း တာေလာ့ေဈးႀကီးကိုျပန္လည္း ျမင္ေယာင္မိခဲ့ပါတယ္။ ခုေတာ့ တာေလာ့ေဈးႀကီး မစည္းကားႏိုင္ေတာ့ပါဘူး။ တာေလာ့ေဈးက ေဈးသည္ေတြ ဘယ္ေရာက္ကုန္လဲ? ေရာင္းတဲ့ပစၥည္းေတြ ဘယ္ေရာက္ကုန္လဲ? ဆိုတဲ့ေမးခြန္းေလးေတြထြက္ေပၚလာပါေတာ့တယ္။ အမွန္ေျပာရရင္ တစ္ခ်ိန္က ျမန္မာဘက္ျခမ္းအရမ္းစည္းကားတဲ့ တာေလာ့ေဈးသည္ေတြဟာ ထိုင္းဘက္ျခမ္းမွာ ေရာက္ရွိသြားျခင္းပါ။ ဘာလို႔ ထိုင္းဘက္ျခမ္းေရာက္သြားသလဲေပါ့? ေဒသဆိုင္ရာ အာဏာပိုင္ေတြနဲ႔ သက္ဆိုင္ေနပါတယ္။

တစ္ခ်ိန္က တ႐ုတ္ကုန္ပစၥည္းေတြဟာ ျမန္မာဘက္ကမ္းမွာ သိုေလာင္ၿပီး အနယ္နယ္အရပ္ရပ္ကို ပို႔ေဆာင္ခဲ့ၾကတယ္။ တာေလာ့ေဈးႀကီးမွာ ျပသေရာင္းခ်တယ္။ ေနာက္ပိုင္းေတာ့ ျမန္မာဘက္ျခမ္းမွာ သိုေလွာင္ခြင့္မေပးေတာ့ လုပ္ငန္းရွင္ေတြ အခတ္အခဲျဖစ္ရတဲ့အခ်ိန္မွာ ထိုင္းဘက္ကမ္းက ခြင့္ျပဳလက္ခံခဲ့ပါတယ္။ ပစၥည္းထားဖို႔ ဂိုေထာင္ေတြေေနေပး ခင္းက်င္းဖို႔ ေဈးေနရာေပးနဲ႔ (၅)ႏွစ္အတြင္း ႏိုင္ငံဘက္အျခမ္းအေတာ္ေလး လူစည္းကားသြားတာေတြ႕ရပါတယ္။

ျမန္မာဘက္ျခမ္းသို႔သြားမည့္ ကားမ်ား

တ႐ုတ္ေဈးႀကီး ျမန္မာဘက္ကေန ထိုင္းဘက္ကိုေျပာင္းသြားတယ္လို႔ေျပာရေတာ့မွာေပါ့။ ေဒသတစ္ခု ဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆိုတာ ေဒသရဲ႕ ေပၚလစီေတြနဲ႔သက္ဆိုင္ေနပါတယ္။ ေပၚလစီေတြေကာင္းမြန္တာနဲ႔ ေဒသပိုမိုဖြံ႕ၿဖိဳးတိုးတက္လာမွာပါ။ အရင္က တ႐ုတ္သေဘၤာေတြ ျမန္မာဘက္ကမ္းဆိုက္ကပ္ေပမဲ့ ခုမကပ္ေတာ့ဘူးေလ။ ထိုင္းကိုတိုက္႐ိုက္ကပ္ၿပီး ထိုင္းကိုပဲ အထူးျပဳလာပါေတာ့တယ္။ ကြၽန္ေတာ္တို႔ တာခ်ီလိတ္ၿမိဳ႕ႀကီး စီးပြားေရး အဘက္ဘက္ကက်ဆင္းေနခ်ိန္ ေပၚလစီေတြက ေဒသခံေတြေကာင္းႀကိဳးအားနည္းေနေတာ့ တာခ်ီလိတ္ၿမိဳ႕ႀကီး လူစည္းကားမႈ မရွိတာၾကာပါၿပီ။ ေဈးသည္ေတြလည္း ေရာင္းမေကာင္း၊ အလုပ္သမားေတြလည္း အလုပ္မမွန္ သူေဌးေတြလည္း ဘာလုပ္ရမွန္းမသိျဖစ္ေနတဲ့ အျဖစ္ေတြေၾကာင့္ လမ္းေၾကာင္းေတြ မပြင့္ တယြတ္တိုက္သြားေနရသလိုျဖစ္ေပၚေနပါေတာ့တယ္။

အသြားအျပန္လမ္းပုံ

writer by: nayhlaingsoe

#unicode

စနေနေ့ညနေ မယ်ဆိုင်တစ်ခေါက်
မြန်မာနိုင်ငံနယ်စပ်၊ တာချီလိတ်မြို့ကနေ စနေနေ့ ညနေခင်းပိုင်းမှာ ထိုင်းနိုင်ငံနယ်စပ်၊ မယ်ဆိုင်မြို့သို့ ပစ္စည်းသွားယူရင်းရောက်ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ လမ်းတွေဟာ မြန်မာနိုင်ငံနဲ့ ဆန့်ကျင်ဘက်ပါ။
မြန်မာက ညာသွား၊ ထိုင်းက ဘယ်သွားပေါ့။ ညနေခင်းရဲ့ မယ်ဆိုင်းအလှတရားနဲ့ ထူးဆန်းမှုတစ်ခုတွေခဲ့မိပါတယ်။ အဲတာကတော့ နယ်စပ်ဂိတ်ထိ မြန်မာဘက်ဝင်မည့်အခြမ်း လမ်းတစ်ဖက်ပိတ်ပြီး ညနေပိုင်း ဈေးခင်းခြင်းပါပဲ။ ထိုင်းနိုင်ငံမှာက အသွားလမ်းအပြန်လမ်းဆိုပြီးရှိတော့ အပြန်လမ်းရဲ့ နယ်စပ်ဂိတ်ကနေ အတွင်း နှစ်ပြလောက်အထိ ဈေးဖွင့်ခွင့်ပေးလိုက်ခြင်းပါ။ လမ်းကိုပိတ်ပြီး ဘာလို့ ဈေးခင်းခိုင်းလည်း စဉ်းစားခန်းဝင်ခဲ့မိပါတယ်။ အမြဲတမ်းတော့မဟုတ်ပါ။ စနေနေ့ တစ်ရက်ပဲလို့သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူစည်းကားတာတော့အမှန်ပဲ နိုင်ငံခြားသားတွေကို ဆွဲဆောင်နေသလို မြန်မာဘက်အခြမ်းက ဝယ်ယူသူတွေကိုလည်း ဆွဲဆောင်စေပါတယ်။ ဒေသတစ်ခု ဖွဲ့ဖြိုးတိုးတက်ဖို့ နယ်မြေခံ အာဏာပိုင်တွေ ဖန်တီးပေးတာ သူတို့ဒေသအတွက်အတော်လေးကောင်းမွန်တဲ့ လုပ်ရပ်လေးတွေပါ။ လူစည်းကားခြင်းက ဒေသအတွင်း ဈေးသည်/ဈေးဝယ်တွေအတွက် စီးပွားရေး ပိုမိုဖွဲ့ဖြိုးတိုးတက်စေပါတယ်။ ဒီလိုမျိုးလေး မြင်ရတော့ တစ်ချိန်က အရမ်းစည်းကားခဲ့တဲ့ မြန်မာဘက်ခြမ်း တာလော့ဈေးကြီးကိုပြန်လည်း မြင်ယောင်မိခဲ့ပါတယ်။ ခုတော့ တာလော့ဈေးကြီး မစည်းကားနိုင်တော့ပါဘူး။ တာလော့ဈေးက ဈေးသည်တွေ ဘယ်ရောက်ကုန်လဲ? ရောင်းတဲ့ပစ္စည်းတွေ ဘယ်ရောက်ကုန်လဲ? ဆိုတဲ့မေးခွန်းလေးတွေထွက်ပေါ်လာပါတော့တယ်။ အမှန်ပြောရရင် တစ်ချိန်က မြန်မာဘက်ခြမ်းအရမ်းစည်းကားတဲ့ တာလော့ဈေးသည်တွေဟာ ထိုင်းဘက်ခြမ်းမှာ ရောက်ရှိသွားခြင်းပါ။ ဘာလို့ ထိုင်းဘက်ခြမ်းရောက်သွားသလဲပေါ့? ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ သက်ဆိုင်နေပါတယ်။ တစ်ချိန်က တရုတ်ကုန်ပစ္စည်းတွေဟာ မြန်မာဘက်ကမ်းမှာ သိုလောင်ပြီး အနယ်နယ်အရပ်ရပ်ကို ပို့ဆောင်ခဲ့ကြတယ်။ တာလော့ဈေးကြီးမှာ ပြသရောင်းချတယ်။ နောက်ပိုင်းတော့ မြန်မာဘက်ခြမ်းမှာ သိုလှောင်ခွင့်မပေးတော့ လုပ်ငန်းရှင်တွေ အခတ်အခဲဖြစ်ရတဲ့အချိန်မှာ ထိုင်းဘက်ကမ်းက ခွင့်ပြုလက်ခံခဲ့ပါတယ်။ ပစ္စည်းထားဖို့ ဂိုထောင်တွေေနေပေး ခင်းကျင်းဖို့ ဈေးနေရာပေးနဲ့ (၅)နှစ်အတွင်း နိုင်ငံဘက်အခြမ်းအတော်လေး လူစည်းကားသွားတာတွေ့ရပါတယ်။ တရုတ်ဈေးကြီး မြန်မာဘက်ကနေ ထိုင်းဘက်ကိုပြောင်းသွားတယ်လို့ပြောရတော့မှာပေါ့။ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ဒေသရဲ့ ပေါ်လစီတွေနဲ့သက်ဆိုင်နေပါတယ်။ ပေါ်လစီတွေကောင်းမွန်တာနဲ့ ဒေသပိုမိုဖွံ့ဖြိုးတိုးတက်လာမှာပါ။ အရင်က တရုတ်သင်္ဘောတွေ မြန်မာဘက်ကမ်းဆိုက်ကပ်ပေမဲ့ ခုမကပ်တော့ဘူးလေ။ ထိုင်းကိုတိုက်ရိုက်ကပ်ပြီး ထိုင်းကိုပဲ အထူးပြုလာပါတော့တယ်။ ကျွန်တော်တို့ တာချီလိတ်မြို့ကြီး စီးပွားရေး အဘက်ဘက်ကကျဆင်းနေချိန် ပေါ်လစီတွေက ဒေသခံတွေကောင်းကြိုးအားနည်းနေတော့ တာချီလိတ်မြို့ကြီး လူစည်းကားမှု မရှိတာကြာပါပြီ။ ဈေးသည်တွေလည်း ရောင်းမကောင်း၊ အလုပ်သမားတွေလည်း အလုပ်မမှန် သူဌေးတွေလည်း ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ အဖြစ်တွေကြောင့် လမ်းကြောင်းတွေ မပွင့် တယွတ်တိုက်သွားနေရသလိုဖြစ်ပေါ်နေပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *