

unicode

မိတ်ဆွေရော ကမ္ဘာကြီးသာ နှစ်ခြမ်းကွဲခဲ့ရင် ဘယ်အခြမ်းမှာနေမှာလဲ?
ကျွန်တော်ကတော့ သစ်ပင်ထူထပ်တဲ့အခြမ်းမှာနေမှာပါ။ Why? ကျွန်တော်အတွက် အစားအစာတွေကို သစ်ပင်တွေကပေးနိုင်တယ်။ ကျွန်တော်အတွက် နွေးထွေးမှုတွေကိုသစ်ပင်တွေကပေးနိုင်တယ်။ ကျွန်တော်နေဖို့နေရာကိုလည်း သစ်ပင်တွေကပေးနိုင်တယ်။ ကျွန်တော်ရှင်သန်ဖို့ လေကောင်းလေသန့်ကိုလည်း သစ်ပင်တွေကပေးနိုင်တယ်။ ကျွန်တော်သောက်ဖို့ ရေကောင်းရေသန့်ကိုလည်း သစ်ပင်တွေကပေးနိုင်တယ်။ ပူလောင်ခြင်းဒဏ်ကိုလည်း သစ်ပင်တွေကတားဆီးပေးတယ်ဗျ။ သစ်ပင်တွေကြောင့် မိုးလေဝသမှန်ကန်စေတယ်။ သစ်ပင်တွေက မိုးရွာစေတယ်။ သစ်ပင်တွေက လေဒဏ်လည်း ကာကွယ်စေတယ်။ ကဲကျွန်တော်ကတော့ ပြောပြီးပြီ မိတ်ဆွေတို့ရောဘယ်လိုလဲ ပြောကြည့်ပါအုံး။

Leave a Reply

Your email address will not be published. Required fields are marked *