ခေတ်ပေါ်နည်းပညာတွေ

အီလက်ထောနစ် စက်ပစ္စည်းတွေမှာ ခုခေတ်စားနေတာကတော့ AI နည်းပညာ ဖြစ်ပြီး ငွေကြေးပိုင်မှာ ခေတ်စားနေတာကတော့ crypto currency ပဲဖြစ်ပါတယ်။
AI နည်းပညာဆိုသည်မှာ ဉာဏ်ရည်တုကိုအသုံးယူထားပြီး မှတ်သားနိုင်တဲ့ နည်းပညာပါ။ ဘာတွေကိုမှတ်သားနိုင်သလဲဆို အသံ၊ ရုပ်၊ စာ တွေကိုမှတ်သားနိုင်ပြီးတော့ ပြုပြင်ပြောင်းလဲချင်ရင်လည်း ပြောင်းလဲနိုင်အောင်ပြုလုပ်နိုင်တဲ့ နည်းပညာလို့ အလွယ်မှတ်နိုင်ပါတယ်။ ဒါတွေဟာ virtual life တွေပါ တကယ်မရှိတာကို တကယ်ရှိအောင်လုပ်နိုင် ဖန်တီးနိုင်ပြီး တန်ဖိုးမဖျက်နိုင်တဲ့ နည်းပညာရပ်တွေပါ။ ဒီပညာရဲ့နောက်ဆက်တွဲတွေကတော့ ဥပမာ ဖုန်းပြောမယ်ဆိုပါစို့ ဘယ်လောက်ပဲဝေးနေပါစေ မိမိရဲ့ ရှေ့မှာ မျက်နှာချင်းဆိုင် စကားပြောနေရသလို ပုံရိပ်တုနဲ့ မြင်တွေ့ရနိုင်အောင်ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒီပညာကိုယခုအသုံးပြုနေကြတာကတော့ Facebook, messenger, Instagram, mobile device တွေနဲ့ ကင်မရာတွေ၊ social platform တွေမှာ ကျယ်ကျယ်ပြန့်အသုံးပြုနေတာတွေ့ရပါတယ်။ ဒီနည်းပညာရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေလည်းရှိနေပါသေးတယ်။ မိမိရဲ့ ကိုယ်ပိုင် အချက်အလက်များကို မိမိအသုံးပြုနေတဲ့ social platform တွေ application တွေကနေတဆင့် အလွယ်တကူပေါက်ကြားစေခြင်းပါ။ သတင်းအချက်အလက်တွေ၊ ငွေကြေးဆိုင်ရာတွေနဲ့ ကိုယ်ရေးကိုယ်တာတွေ လုံခြုံမှုအားနည်းစေပါတယ်။
Crypto currency ဆိုတာကတော့ နောက်လာမည့် ကာလအတွက် ရည်းမှန်းထားတဲ့ လူတွေသုံး ငွေကြေးတွေပါ။ ဒီငွေကြေးတွေကလည်း virtual currency တွေပါပဲ ကိုင်တွယ်လို့မရနိုင် ရှိလားဆိုရင်လည်းမရှိ မရှိဘူးလားဆိုရင်လည်း ရှိတယ်။ ဒီနည်းပညာကို ပထမစတင်သူကတော့ ဂျပန်နိုင်ငံသားတစ်ယောက်ပါ။ ပထမဦးဆုံး bitcoin ဆိုတဲ့ digital currency ကိုစတင်ဖန်တီးခဲ့ပါတယ်။ ပထမတော့ အလုပ်တစ်ခုလုပ်လို့ token point လေးတွေပေးရာကနေ ငွေကြေးအဖြစ်ပြောင်းလဲသွားတာပါ။ ဒီ digital ကိန်းဂဏန်း လေးတွေကနေ တန်ဖိုးတစ်ခုဖြစ်ပေါ်လာခြင်းပါ။ ရှေ့လာမည့်အနာဂတ်အတွက် ဖြစ်ပေါ်လာမည့်ငွေကြေးတွေပါ။ ယခုဆိုရင် မြန်မာမှာလည်း pay ဆိုပြီး cb pay, kbz pay, wavemoney, ok$ စသဖြင့်ဖန်တီးထားတာတွေတွေ့နိုင်ပါတယ်။ ဒါတွေကတော့ ကိုယ်ပိုင်နက်ဝပ်နဲ့ ကိုယ်ပိုင်ဖန်းတီးမှုပဲရှိပါသေးတယ်။ ပြည်တွင်းသုံးဖို့အတွက်ပါ။ ကြားထဲမှာ ဝန်ဆောင်ခတွေလည်းရှိပါတယ်။ crypto မှာကတော့ နိုင်ငံမရွေး လူမျိုးမရွေး ငွေကြေးလွှဲပြောင်းပေးနိုင်ပြီး ချက်ချင်းလွယ်ကူစွာ လက်ခံရောက်ရှိနိုင်ပါတယ်။ crypto ရဲ့အားနည်းချက်ကတော့ နောက်ယောင်ခံ ခြေရာလိုက်မရတဲ့ အကြောင်းအရင်းပါ။ လိပ်စာတစ်ခုနဲ့တစ်ခု သွားလာနေတာကို လူတိုင်းကြည့်နိုင်ပေမဲ့ ဘယ်သူ့လိပ်စာကနေ ဘယ်သူ့လိပ်စာကိုသွားနေတယ်ဆို မသိရှိနိုင်ပါ။ ဒါကြောင့် အရောင်းအဝယ်လုပ်တော့မယ်ဆိုရင် လည်း သတိထားလုပ်ကိုင်ရပါတယ်။ ကိုယ်ကပေးလိုက်ပေမဲ့ လက်ခံသူဘက်က မိမိဝယ်ယူသည့်ပစ္စည်းမပို့လျှင် အလိမ်ခံရတာမျိုးတွေပေါ့။ သူ့မှာလည်းဝန်ဆောင်ခဆိုပြီးရှိပေမဲ့ အရမ်းနည်းပါတယ်။ အခြားသော ငွေကြေးဆိုင်ရာတွေထက်ပိုပြီး ကောင်းမွန်တာတွေ့နေရလို့ပါ။ နိုင်ငံတေတ်ာတော်များမှာလည်း ကိုယ် coins တွေ ထုတ်လုပ်နေတာကိုတွေ့မြင်နေရပါပြီ။ crypto ကို နည်းအမျိုးမျိုးနဲ့ ရအောင်ပြုလုပ်ကြပါတယ်။ တစ်ချို့ crypto တွေကိုတော့ မိုင်းတူးခြင်း mining crypto btc, eth, ltc, etc အစရှိတဲ့ crypto ကိုတော့ စက်တွေကိုအသုံးပြုပြီး တူးယူရပြီး တစ်ချို့ coin တွေကိုတော့ စာရေးခြင်းဖြင့် ရယူနည်း။ develop လုပ်ပြီးရယူခြင်း အရောင်းအဝယ်လုပ်ပြီးရယူ ဆိုပြီးနည်းအမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။ နောက်ထပ်ပို့စ်တွေမှာ ဆက်လက်ရေးသားပေးပါအုံးမည်။
@nayhlaingsoe

Leave a Reply

Your email address will not be published. Required fields are marked *