ရှေ့ဆက်ပြီး

ဘာလိုလိုနဲ့ ၂၀၂၀ ရောက်တော့မယ် မြန်မာနိုင်ငံအတွက် အစိုးရသစ်တစ်ရပ်ကို ပြည်သူတွေ မဲပြန်ထည့်ရပြန်အုံးမယ်။ ၂၀၁၅ တုန်းကတော့ ဘာပဲဖြစ်ဖြစ် မျက်စိမှိတ်ပြီး NLD ကိုမဲပေးခဲ့ကြတယ်။ အကြောင်းမှာက ပြောင်းလဲမှုကို လူတိုင်းလိုချင်လာလို့ပါ။ အဲတုန်းထဲက ဖြစ်လာမည့်အရာတွေကို ကြိုတွေးခဲ့ဖူးပါတယ်။ အမှန်လည်းဖြစ်လာခဲ့တယ်။ အရင်းအချင်းမရှိတဲ့ လူပုဂ္ဂိုလ်တွေ နေရာတိုင်း အတိုက်အခံပဲလုပ်နေတဲ့လူပုဂ္ဂိုလ်တွေ ဘာမှန်းမသိညာမှန်းမသိလူပုဂ္ဂိုလ်တွေ အာဏာပြတဲ့သူတွေ ကိုယ်က အပေါ်ကဖြစ်ပြီး လမ်းစဉ်ချမပေးပဲ အောက်ကလုပ်တာကို ကန့်လန့်တိုက်တဲ့ အမတ်တွေ နေရာတစ်ခုအတွက်နဲ့ ဦးဆောင်ဦးရွက်မရှိပဲ ခေါင်းရှောင်တဲ့သူတွေ တာဝန်ယူမှု/တာဝန်ခံမှု မလုပ်နိုင်သူတွေ ဒီလိုလူတွေပဲ တွေ့နေရပြန်တယ်။ ကျားကြောက်လို့ ရှင်ကြီးခိုး ကျားကြီးရှေ့မှောက်တိုး ဆိုသလိုပါပဲ။ ခုအချိန်အထိတော့ မြန်မာပြည် အစိုးရသစ်တစ်ခု မဲထည့်စရာမမြင်သေးပါဘူး။ ပြည်ခိုင်ဖြိုးကလည်း လုပ်နေတာတွေရော၊ ပြောနေတာတွေရောက သောက်တလွှဲတွေ NLD ကလည်း လုပ်နိုင်ကိုင်နိုင်သူနဲ့ အရည်အချင်းရှိသူကမမြင် နိုင်ငံရေးမှာ ကြွယ်ဝတဲ့ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီလို လူတွေကလည်း ခုမမြင်သေး။ NLD လက်ထပ်မှာ ပြောခဲ့တဲ့စကားမှတ်မိကြလား တိုင်းရင်းသား ရင်ကြားစေ့ရေးအဓိကဆိုတာ ခုပိုဆိုးရွားနေသလိုပဲ။ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး။ ပညာရေးစနစ်မှာလည်း ပြောင်းလဲမှုလုပ်နေပေမဲ့ ခုထိ အရာမရောက်သလိုမြင်မိနေပါတယ်။ မြစ်ဆုံကိစ္စလည်း ခုထိ ဘာသိဘာသာဖြစ်နေတုန်းပါ။ ပိုဆိုးရွားတာ တစ်ခုက ငွေဈေး အခြားနိုင်ငံတွေမှာတော့ မိမိနိုင်ငံငွေဈေးကျရင် အစိုးရ သောက်သုံးမကျလို့ပဲဆိုပြီး ဆန္ဒပြကြတယ်။ ဒီမှာတော့ မလုပ်ရဲကြတဲ့အပြင် ဟိုအကြောင်းပြဒီအကြောင်းပြတွေ့နေရပါတယ်။ မိမိလက်ထဲရောက်နေတာတောင်မှ အရင်လူကိုအပြစ်ဖို့တုန်းပဲရှိပါသေးတယ်။
“၂၀၂၀ မှာ သမ္မတကောင်းနဲ့ ပညာရှင်အမတ်များတွေ့ပါစေလို့ပဲမျှော်လင့်မိပါတယ်”

Leave a Reply

Your email address will not be published. Required fields are marked *