ကျွန်တော်တို့လူမျိုးတွေရဲ့ အားနည်းချက်

ကျွန်တော်တို့လူမျိုးတွေရဲ့ အားနည်းချက်(သို့) မြန်မာနိုင်ငံသားတွေရဲ့အားနည်းချက်က? ……. စုပေါင်းမလုပ်တက်ခြင်း(Team work) ဒီတစ်ခုအားနည်းတာနဲ့ အစစအရာရာ အားနည်းသွားတယ်။ ကလေးထဲက သင်ပေးကြတာ ကိုယ့်ထူကိုယ်ထ ဒီအချက်က အမှားကြီးဖြစ်အောင် လမ်းပြလိုက်တာပါပဲ။ ဒါကြောင့် တကိုယ်ကောင်းဆန်မှုတွေ၊ အတ္တကြီးမှုတွေကြောင့် တိုးတက်မှုအားနည်းခဲ့ပါတယ်။ လူတွေမှာ နေရာတိုင်း အစစအရာရာ တစ်ယောက်ထဲလုပ်နိုင်တယ်ဆိုတာမရှိပါဘူး။ ဒါကြောင့် သူ့နေရာနဲ့သူ ခိုင်းရပါတယ်။ တစ်ယောက်ထဲ မနိုင်ဝန်ထမ်းလည်း သတ်မှတ်ချက်ထက်ပိုလုပ်နိုင်မှာမဟုတ်ပါ။ စုပေါင်းလုပ်ခြင်းက အစစအရာရာ အောင်မြင်နိုင်ပါတယ်။ Co- operation တွေဘာကြောင့်ဖြစ်တာလဲ? စက်ရုံကြီးတွေဘာကြောင့် ဖြစ်လာတာလဲ? အစုရှယ်ယာတွေဘာကြောင့်ဖြစ်လာတာလဲ? မလုပ်နိုင်တာတွေ မဖြစ်နိုင်တာတွေကို ဖြစ်အောင်လုပ်ဖို့ team work တစ်ခုဖန်တီးထားခြင်းပါပဲ။ ဒီအထဲမှာထက်ပြောချင်တာကတော့ ပညာရှင်တစ်ယောက်ဟာ သူကျင်လည်ရာနေရာမှာပဲ တတ်ကျွမ်းမှာပါ။ သူ့အလုပ်သူပဲလုပ်ပါလိမ့်မယ်။ အောင်မြင်သူတွေရဲ့လုပ်ရပ်ကဘာလဲ?
ပညာတတ်အောင်မကြိုးစားနဲ့ ပညာတတ်တွေကို ခိုင်းစားနိုင်အောင်ကြိုးစား။

Leave a Reply

Your email address will not be published. Required fields are marked *