ကျွန်

အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်လည်း ကျွန်ဖြစ်ခဲ့ပြီ။ တက္ကသိုလ်ကစလို့ ကွမ်းစားတတ်လာတယ်။ နည်းနည်းကနေ အချိန်ကြာလာတော့ များများဖြစ်လာတာပေါ့။ ဒါနဲ့ ကွမ်းရဲ့ကျွန်ဖြစ်ခဲ့တာနှစ်အတော်ကြာခဲ့ပြီ။ တက္ကသိုလ်ကစလို့ ဘီယာသောက်တတ်လာတယ်။ နည်းနည်းကနေ အချိန်ကြာလာတော့ များများလာတယ် ခုဆို ဘီယာရဲ့ကျွန်လည်းဖြစ်နေခဲ့ပါပြီဗျာ။ ဝါသနာပါရာဦးစားပေးမယ်ဆိုပြီး အင်တာနက်ကို အသုံးပြုလာတာ ၂၀၀၄ ကစလို့ပေါ့ ပုဂံလိုင်းပေါ့ web စာမျက်နှာလေးပေါ်ဖို့အရေး (၁၅)မိနစ်လောက်ထိုင်စောင့်ခဲ့ရတယ်လေ။ ဒီဝါသနာပါရာ ကလည်း ခုအချိန်အထိ ကုန်ကျမှုတွေ အများအပြားပေါ့။ ဝါသနာပါရာလုပ်နိုင်ဖို့ သူ့ရဲ့ကျွန်လည်းဖြစ်ခဲ့ရပါတယ်။ ဆေးပေါတဲ့နယ်မှာနေတော့ ဘီယာ၊ ကွမ်းလောက်တော့ ဘာမှမဖြစ်တော့သလိုဖြစ်နေပါတယ်။ ဆေးကျွန်နဲ့ တဏှာကျွန်ဖြစ်လို့ကတော့ ဘာမှကိုကျန်မှာမဟုတ်တော့။ ကိုယ့်ဘဝကို မသိတာလည်းမဟုတ် ပြုပြင်ဖို့လည်း မကြိုးစားနိုင်တဲ့ အဖြစ်တွေ လူတိုင်းလိုလိုမှာရှိတက်ပါတယ်။ ဒီလိုအရာတွေရဲ့ကျွန်ဖြစ်နေတော့ ဝင်ငွေနည်းတဲ့အချိန်ဆိုရင် ဒုက္ခတွေအများကြီးကြုံရတာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *