အိပ်ယာပေါ်က အပြောများ

အရာရာအားလုံးထက်
အိပ်ယာပေါ်ကကိစ္စကိုသာ
ပိုစိတ်ဝင်စားကြတဲ့နိုင်ငံမှာ
ကျွန်တော်တို့ နေ့ကြတယ်…

မုဆိုးမတစ်ယောက်..
လင်သားသေသွားပါပြီ
အရွယ်လည်းကောင်းတုန်းပါ
သူ့ဘဝ သူ့မိဘဘဝ သူ့ကလေးတွေဘဝ
သူဘယ်လိုရုန်းကန်မလဲ
ဘယ်လိုရှေ့ဆက်မှာလဲ
သူဘယ်လိုတည်ဆောက်မလဲ ဆိုတာထက်..
သူဘယ်သူနဲ့ထပ်အိပ်မလဲ
သူဘယ်လိုအိပ်မလဲဆိုတာကိုသာ
ပိုစိတ်ဝင်စားတဲ့ပတ်ဝန်းကျင်မှာ
ကျွန်တော်တို့နေတယ်။

Single mother တစ်ယောက်…
လိုချင်လို့ဘဲရရ
မလိုခ်င္ဘဲရရ
ရလာတဲ့ကလေးတစ်ယောက်နဲ့
သူမအနာဂတ်ကိုဘယ်လိုဆက်ပြီး
ပုံဖော်မလဲဆိုတာထက်..
ဘယ်သူနဲ့အိပ်ခဲ့တာလဲ
ခုဘယ်သူနဲ့အိပ်နေတာလဲ
နောက်ဘယ်သူနဲ့ထပ်အိပ်ဦးမှာလဲဆိုတာကိုဘဲ
သိချင်နေကြတဲ့
ထူးဆန်းတဲ့လူမှုအဖွဲ့အစည်းထဲမှာ
ကျွန်တော်တို့နေကြတယ်။

ပြည့်တန်ဆာတစ်ယောက်..
အလုပ်ကိုက လူတွေနဲ့လိုက်အိပ်မှ
ပိုက်ဆံရမယ့်အလုပ်ကိုလုပ်ရတာပါ
ရလာတဲ့ငွေကြေးနဲ့
သူ့ဘဝ သူ့မိသားစုဘဝ
သူ့အနာဂတ်အတွက် သူဖန်တီးတည်ဆောက်ရပါတယ်..
ငွေပေးမယ့်သူက
အိပ်ဖို့ခေါ်တာမဆန်းပေမယ့်
ငွေလည်းမပေးဘဲ
ဘာမှမကူညီကြပဲ
ဘယ်သွားအပ်တာလဲ
ဘယ်လောက်ရလို့ အိပ်တာလဲ
ဘယ်သူနဲ့အိပ်တာလဲကိုသာစပ်စုကြတဲ့
အလွန်သန့်ရှင်းတဲ့ပတ်ဝန်းကျင်တစ်ခုမှာ
ကျွန်တော်တို့ရှင်သန်နေကြတယ်

အပျိုကြီး လူပျိုကြီးတွေ
FA တွေ
သူ့ဘဝရဲ့ သမိုင်းတွေ
သူ့ဘဝရဲ့ စိတ်ကူးတွေ
သူ့ရဲ့ စိတ်ခံစားမှုတွေထက်
ဘယ်သူနဲ့အိပ်ခဲ့တာလဲ
တိတ်တိတ်ပုန်း အိပ်မယ့်သူရှိနေတာလား
အိပ်ဖို့လူမရှာတော့ဘူးလား စတဲ့…
ခုတင်ပေါ်က ကိစ္စကို
စေတနာဗရပွနဲ့စိုးရိမ်ပေးရှာတဲ့
ကံမကောင်းစွာနဲ့ နေနေရတယ်….

Gay တစ်ယောက်/ lesbian တစ်ယောက်..
သူ့ပညာ သူ့အလုပ်
သူ့ရဲ့ abilities
သူ့ရပ်တည်ချက်တွေကို
စိတ္မဝင္စားဘဲ..
ဘယ်သူနဲ့အိပ်နေလဲ
ဘယ်သူက ဘာလဲ
အိပ်ရင်အဆင်ရောပြေကြလား
ဘာလို့ same sex အချင်းချင်းအိပ်ကြတာလဲ..
ခုတင်ပေါ်မှာဘဲ
အတွေးတွေ လမ်းဆုံးနေကြတဲ့..
နှစ်ယောက်တွဲ မြင်ရင်
ခုတင်ပေါ်ထိလှမ်းတွေးတတ်တဲ့…
လူတစ်ယောက်အကြောင်းကို
သူ့လိင်မှုကိစ္စကနေ စတင်ပြောကြားတဲ့…
ယဉ်ကျေးတဲ့လူတန်းစားတွေကြားမှာ
ကျွန်တော်တို့ မွေးဖွားလာကြတယ်

သူငယ်ချင်းအချင်းချင်းလည်း
ပေးစားကြတယ်

မောင်နှမပါဆိုလည်း ပေးစားကြတယ်

ဖေ့ဘုတ် မှာခင်ခင်မင်မင် ကွန့်မန့် ပေးလည်း
ပေးစားကြတယ်

❤ react မြင်တိုင်းလည်း
ပေးစားကြတယ်

အလုပ်ရှင်နဲ့အလုပ်သမားလည်း
ပေးစားကြတယ်

ဆရာမနဲ့ကျောင်းသားလည်း
ပေးစားကြတယ်

ဘုန်းကြီးနဲ့ ဒကာမနဲ့လည်း
ပေးစားကြတယ်

အသက်အရွယ်ကွာလည်း
ပေးစားကြတယ်

အိမ်နီးနားချင်းလည်း
ပေးစားကြတယ်

ယောက်ျားချင်းလည်းပေးစားကြတယ်

မိန်းမချင်းလည်း ပေးစားကြတယ်

ခုတင်အတွေး
အိပ်ယာအတွေး
ဖျာပေါ်ကအမြင်တွေကြားမှာ….

စစ်မှန်တဲ့ ချစ်ခြင်းတရားတွေ..
ရိုးသားတဲ့ သူငယ်ချင်း friendship တွေ..
ရုန်းကန်နေရတဲ့သတ္တိတွေ…
ဆုပ္ကိုင္ထားတဲ့ မာနေတြ..
စောင့်စည်းထားတဲ့ ဖြူစင်ခြင်းတွေ..
ဒါတွေအားလုံး ချိနဲ့နဲ့ နဲ့
ယိုင်လဲနေကြတာ နာလန်ပြန်ထူဖို့တောင်မလွယ်ပါဘူး.

အရာရာအားလုံးကို
ခုတင်ပေါ်ကနေကြည့်ပြီး
လူအားလုံးကို ခုတင်ပေါ်မှာဘဲရှိတယ်လို့
အမြဲတွေးနေကြတဲ့
လွန်စွာအရှက်အကြောက်ကြီးတယ်လို့
နာမည်ကြီးတဲ့ လူမျိုးစုကြားမှာ
ကျွှန်တော်တို့ လူလာဖြစ်ရတယ်…

ရေးနေရင်း သီချင်းသံလေးတစ်ခု
ခပ်ဝေးဝေးက ကြားနေရတယ်..

‘ဟေ့.
ကမ္ဘာပေါ်မှာ မြန်မာပြည်ဟာ
အယဉ်ကျေးဆုံးတိုင်းပြည်တစ်ခုပါ….’

Leave a Reply

Your email address will not be published. Required fields are marked *