တစ်နိုင်ငံလုံးအတွက် ဝမ်းသာစရာသတင်းကောင်းပါ ကိုဗစ်ရောဂါအတွက် ပထမဆုံး အသက်ကယ်ဆေး

၁၆ ဇွန် ၂၀၂၀ ညနေ ၆ နာရီ ခွဲကျော်မှာ ဘီဘီစီ ကျန်းမာရေးပိုင်း ကနေ ထုတ်ပြန်တဲ့ သတင်းထူး (Breaking News) ကတော့ ကော်ရိုနာဗိုင်းရပ်စ်အန္တရာယ်မှ အသက်ကယ်နိုင် သည့် ပထမဦးဆေးဝါး ကို တွေ့ရှိပါပြီ Dexamethasone လို့ ခေါ်ပါတယ်။ ဈေးမကြီးဘဲ ကျယ်ကျယ်ပြန့်ပြန်ရနိုင်တယ်။ ကော်ရိုနာဗိုင်းရပ်စ်ကြောင့် ပြင်းပြင်းထန်ထန်ဖြစ်နေသူတွေရဲ့ အသက်ကို ကယ်နိုင်တယ်။

အဲ့ဒီဆေးဟာ အသစ်ဖော်စပ်တဲ့ ဆေးတော့ မဟုတ် ပါဘူး။ ၁၉၆၀ ကျော်လောက်ကတည်းက သုံးနေခဲ့တဲ့ ဆေးပါ။ အရင်းပြင်းထန်တဲ့ လူနာတွေကို စမ်းသပ်တာမှာ တော်တော်လေးထိရောက်ပြီး အသက်ကို ကယ်နိုင်လိုက်တဲ့ အဖြေတွေ ရထားပါတယ်။အင်္ဂလန်ဆေးဝါးကျွမ်းကျင်သူတွေရဲ့ အဆိုအရ ၎င်းဆေးဝါး ဟာ အသက်ရှုစက် တပ်ဆင်ထားရသူလူနာအတွက်အသက်ဆုံးရှုံးနိုင်ခြေ ၃ ပုံတစ်ပုံခန့်လျှော့ချနိုင်ကာ အောက်ဆီဂျင်ပေးထားရသူလူနာအတွက် ၅ ပုံတစ်ပုံအထိ လျှော့ချနိုင်တယ်လို့ဆိုပါတယ်။

ဒီဆေးဟာ လက်ရှိကိုရိုနာ ဗိုင်းရပ်ကို ကုသဖို့ အပြိုင်အဆိုင်စမ်းသပ်နေတဲ့ ဆေးတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ ဒီဆေးကို အင်္ဂလန်မှာ ကိုရိုနာဗိုင်းရပ်အကြီးအကျယ်ပြန့်နှံ့စဉ်ရရှိခဲ့ပါက လူအသက် ၅၀၀၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့မှာ ဖြစ်တယ်လို့ ဆေးဝါးကျွမ်းကျင်သူပညာရှင် တို့က ဆိုပါတယ်။

ဒီဆေးဟာ ဈေးသက်သာတာကြောင့် ကိုဗစ်-၁၉ ရောဂါသည် အရေအတွက် အများအပြားရှိနေတဲ့ ဆင်းရဲတဲ့ နိုင်ငံတွေအတွက် အလွန်အကျိုး ရှိစေမှာဖြစ်ပါတယ်။အဲဒီဆေးနဲ့ စမ်းသပ်ခဲ့တဲ့ ကိုဗစ်-၁၉ လူနာ ၂၀ မှာ ၁၉ ဦးဟာ ဆေးရုံတင် စရာမလိုဘဲ သက်သာပျောက်ကင်းခဲ့ပြီး ဆေးရုံတက်ဖို့ လိုအပ်တဲ့ လူနာတွေထဲ မှာ အောက်ဆီဂျင်နဲ့ အသက်ရှုစက်တပ်ဆင်ဖို့ လိုအပ်တဲ့လူနာတွေပါသော်လည်း ဒီဆေးကို မသုံးစွဲထားတဲ့လူနာတွေထက် အခြေအနေပိုမိုကောင်းမွန်ခဲ့တာတွေ့ရပါတယ်။

စမ်းသပ်မှုကို ဦးဆောင်သူပရောဖက်ဆာပီတာဟော်ဘီက အသက်ရှုစက်တပ်ဆင်ထားရ သူလူနာ ၈ ယောက်ကို ဒီဆေးနဲ့ကုတိုင်း တစ်ယောက်ကိုကယ်တင်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိအချိန်အထိ အသက်ဆုံးရှုံးမှုကို အများဆုံးလျှော့ချပေးနိုင်တဲ့ဆေးလို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။အထက်ပါစမ်းသပ်မှုတွေကို အဲဒီဆေးနဲ့ ၁၀ ရက်ကြာကုသခဲ့တာ ဖြစ်ပြီး ကုန်ကျစရိတ် အနေနဲ့ တစ်ရက်ကိုလူနာတစ်ဦးလျှင် ပေါင် ၅ ဒသမ ၄၀ သာကျသင့်တယ်လို့ သတင်းက ဆိုပါတယ်။

ဒက်ဇာမတ်သဆုန်းဆေးဟာ ကိုဗစ်-၁၉ ရောဂါလက္ခဏာမပြသူများနဲ့ အသက်ရှူမှု အခက်အခဲမဖြစ်သူများအပေါ်မှာတော့ ထိရောက်မှုမရှိဘူးလို့ ဆိုပါတယ်။ဆေးဝါးစမ်းသပ်မှုများကို မတ်လကစတင်ပြုလုပ်ခဲ့ရာ အဲဒီအထဲမှငှက်ဖျားဆေးတစ်မျိူး ဖြစ်တဲ့ ဟိုင်ဒရိုကလိုရို ကွင်းဆေးဟာ အသက်ဆုံးရှုံးပိုမိုမြင့်တက်ခြင်းနဲ့နှလုံးပိုင်းဆိုင်ရာပြဿနာများကြောင့် စမ်းသပ်မှုရပ်ဆိုင်းခဲ့ပြီး ရန်ဒက်ဆီဗာဆေးကတော့ လူနာရဲ့ပြန်လည်ကောင်းမွန်နှုန်းကို မြှင့်တင်ပေးနိုင်တဲ့အတွက် အတည်ပြုခဲ့ပြီးလဲ ဖြစ်ပါတယ်။

crd : blacker

Leave a Reply

Your email address will not be published. Required fields are marked *