Day: January 24, 2019

အိပ်ယာပေါ်က အပြောများ

January 24, 2019

အရာရာအားလုံးထက် အိပ်ယာပေါ်ကကိစ္စကိုသာ ပိုစိတ်ဝင်စားကြတဲ့နိုင်ငံမှာ ကျွန်တော်တို့ နေ့ကြတယ်… မုဆိုးမတစ်ယောက်.. လင်သားသေသွားပါပြီ အရွယ်လည်းကောင်းတုန်းပါ သူ့ဘဝ သူ့မိဘဘဝ သူ့ကလေးတွေဘဝ သူဘယ်လိုရုန်းကန်မလဲ ဘယ်လိုရှေ့ဆက်မှာလဲ သူဘယ်လိုတည်ဆောက်မလဲ ဆိုတာထက်.. သူဘယ်သူနဲ့ထပ်အိပ်မလဲ သူဘယ်လိုအိပ်မလဲဆိုတာကိုသာ ပိုစိတ်ဝင်စားတဲ့ပတ်ဝန်းကျင်မှာ ကျွန်တော်တို့နေတယ်။ Single mother တစ်ယောက်… လိုချင်လို့ဘဲရရ မလိုခ်င္ဘဲရရ ရလာတဲ့ကလေးတစ်ယောက်နဲ့ သူမအနာဂတ်ကိုဘယ်လိုဆက်ပြီး ပုံဖော်မလဲဆိုတာထက်.. ဘယ်သူနဲ့အိပ်ခဲ့တာလဲ ခုဘယ်သူနဲ့အိပ်နေတာလဲ နောက်ဘယ်သူနဲ့ထပ်အိပ်ဦးမှာလဲဆိုတာကိုဘဲ သိချင်နေကြတဲ့ ထူးဆန်းတဲ့လူမှုအဖွဲ့အစည်းထဲမှာ ကျွန်တော်တို့နေကြတယ်။ ပြည့်တန်ဆာတစ်ယောက်.. အလုပ်ကိုက လူတွေနဲ့လိုက်အိပ်မှ ပိုက်ဆံရမယ့်အလုပ်ကိုလုပ်ရတာပါ ရလာတဲ့ငွေကြေးနဲ့ သူ့ဘဝ သူ့မိသားစုဘဝ သူ့အနာဂတ်အတွက် သူဖန်တီးတည်ဆောက်ရပါတယ်.. ငွေပေးမယ့်သူက အိပ်ဖို့ခေါ်တာမဆန်းပေမယ့် ငွေလည်းမပေးဘဲ ဘာမှမကူညီကြပဲ ဘယ်သွားအပ်တာလဲ ဘယ်လောက်ရလို့ အိပ်တာလဲ ဘယ်သူနဲ့အိပ်တာလဲကိုသာစပ်စုကြတဲ့ အလွန်သန့်ရှင်းတဲ့ပတ်ဝန်းကျင်တစ်ခုမှာ ကျွန်တော်တို့ရှင်သန်နေကြတယ် အပျိုကြီး လူပျိုကြီးတွေ FA […]

Read More