Day: December 14, 2018

နည်းပြအပြောင်းအလဲ လုပ်ရုံနဲ့ ပြသနာအကြောင်းရင်းမှန်ကို ရှာတွေ့နိုင်မှာလား?

December 14, 2018

ထုတ်ပြန်ပဟလို့သာ အော်လိုက်မိတော့တယ်။ မနေ့က ညမှာ မြန်မာ့လက်ရွေးစင်အသင်းရဲ့ နည်းပြ အန်တွန်နီဟေးနဲ့ နှစ်ဖက်သဘောတူလမ်းခွဲခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ ဆူဇူကီးဖလားမှာ အောင်မြင်အောင် မစွမ်းဆောင်နိုင်တဲ့အတွက် ထုတ်ပယ်လိုက်တာလည်း ဖြစ်ပါတယ်။ အန်တွန်နီဟေးကို စာချုပ်ချုပ်တုန်းက ဆူဇူကီးဖလားကို အဓိကထားပြင်ဆင်ပြီး အောင်မြင်မှုရရှိအောင် ရည်ရွယ်ခဲ့တာဖြစ်လို့ ဆူဇူကီးဖလားမှာ မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် လေ့လာသုံးသပ်မှုတွေ ပြုလုပ်ပြီးတဲ့အချိန်မှာ အခုလို နှစ်ဖက် သဘောတူလမ်းခွဲခဲ့တာလို့ ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ အန်တိုနီဟေးက ၂၀၀၃ ခုနှစ်မှာ နည်းပြအဖြစ် စတင်ပြီးတော့ လုပ်ကိုင်ခဲ့တာပါ။ (၁၅)နှစ်အတွင်းမှာ အန်တိုနီဟေး ကိုင်တွယ်ခဲ့တဲ့ အသင်းတွေက မြန်မာအသင်းအပါအ၀င် စုစုပေါင်း (၉)သင်း ရှိပါတယ်။ ဒါပေမယ့် သူကိုယ်တွယ်ခဲ့တဲ့ အသင်းတွေမှာ နှစ်နှစ်ထက် ကျော်လွန်ပြီးတော့ အန်တိုနီဟေး ရှိမနေခဲ့ပါဘူး။ မြန်မာအသင်းကို မကိုင်တွယ်ခင် သူ နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ […]

Read More

အောင်သူကို ခေါ်ယူနိုင်ခဲ့ပြီလို့ ထုတ်ပြန်ခဲ့တဲ့ မြောင်တောင်ယူနိုက်တက်

December 14, 2018

ထိုင်းပရီးမီးယားလိဂ်ကလပ် မြောင်တောင်ယူနိုက်တက်အသင်းအနေနဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကို ခေါ်ယူဖို့အတွက် အတည်ပြုပြောကြားခဲ့ပြီး လာမယ့် ဒီဇင်ဘာလ (၁၅) ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ပြီး အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ တရားဝင်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပုလိစ်တယ်ရိုအသင်းနဲ့အတူ အောင်သူခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းအတွက် (၁၁) ဂိုးသွင်းယူပြီး (၈) ဂိုးဖန်တီးပေးနိုင်ခဲ့ကာ အသင်းရဲ့ တတိယမြောက် ဂိုးသွင်းအများဆုံးကစားသမားတစ်သီးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့အထိ ပထမဆုံးရာသီမှာပဲ ခြေစွမ်းပြသခဲ့ပါတယ်။ ပုလိစ်တယ်ရိုအသင်း နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက်မှာတော့ အောင်သူမြန်မာ့လက်ရွေးစင်အသင်းနဲ့ AFF Suziki Cup 2018 ပြိုင်ပွဲကို ပါဝင်ကစားခဲ့ပြီး အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ထိုင်းပရီးမီးယားလိဂ်မှာ တစ်ပွဲချင်းအကောင်းဆုံးကစားသမားဆုတွေလည်း ပိုင်ဆိုင်ခဲ့တဲ့ အောင်သူကတော့ ထိပ်တန်းအဆင့်သွင်းဂိုးတွေ ခြေစွမ်းတွေနဲ့ တောက်ပခဲ့ပါတယ်။ Suzuki ဖလားပြိုင်ပွဲပြီးဆုံးချိန်တည်းက အောင်သူ့ကို မြောင်တောင်အသင်းကခေါ်ယူမယ်လိုသတင်းတွေထွက်ပေါ်နေခဲ့ပြီး အခုမြောင်တောင်အသင်း ထုတ်ဖော်ပြောကြားခဲ့တဲ့ သတင်းအရတော့ […]

Read More