Day: December 10, 2018

(၂၀၁၉)တစ်နှစ်တာအတွင်း ကံအကောင်းဆုံးဖြစ်မယ့် ရာသီခွင်(၄)ခုအကြောင်း

December 10, 2018

လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ကိုယ်ရည်ကိုယ်သွေး၊ ပင်ကိုယ်စရိုက်တွေက မွေးဖွားတဲ့ရာသီခွင်နဲ့ သက်ဆိုင်မှုရှိသလို ရာသီခွင်ကိုလိုက်ပြီး တစ်နှစ်နဲ့တစ်နှစ် ကံကြမ္မာအပြောင်းအလဲလေးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၁၉ မှာ ကံအကောင်းဆုံးကဘယ်ရာသီခွင်တွေဖြစ်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ (၁) သိဟ်ရာသီဖွား ( Leo) (ဇူလိုင် ၂၃ – သြဂုတ် ၂၂) သိဟ်ရာသီဖွားတွေဟာ မွေးကလည်းက ကံဆိုးခြင်းထက် ကံကောင်းခြင်းကို ပိုကြုံရတဲ့သူတွေပါ။ အဆင်မပြေမှုတွေဘယ်လောက်ပဲကြုံရပါစေ၊ သူ့အလိုလို အဆင်ပြေသွားတတ်တဲ့ ရာသီဖွားတွေပါ။ ဒါ့အပြင် ၂၀၁၉ ရဲ့ကံအကောင်းဆုံး ရာသီခွင်တွေထဲမှာလည်း ထိပ်ဆုံးမှာရောက်နေပါတယ်။ အမြဲတမ်း စိတ်ကူးယဉ်ခဲ့တာတွေ ဒီနှစ်ထဲမှာဖြစ်လာနိုင်ပြီး ဘဝလက်တွဲဖော်ကောင်းနဲ့လည်း ဆုံတွေ့နိုင်ပါတယ်။ နှစ်အလယ်ပိုင်းမှာ အလုပ်အကိုင်၊ပညာရေးနဲ့ပတ်သက်လို့တိုးတက်မှုတွေရှိလာနိုင်ပြီး မိသားစုဝင်တွေ၊သူငယ်ချင်းတွေနဲ့လည်း ပိုအဆင်ပြေပါလိမ့်မယ်။ ဒီတစ်နှစ်လုံးက သိဟ်ရာသီဖွားတွေအတွက် စိတ်ကျေနပ်မှုအပြည့်ရစေမယ့်နှစ်ပဲဖြစ်ပါတယ်။ (၂) ဓနုရာသီဖြား (Sagittarius) (နိုဝင်ဘာ၂၂ – […]

Read More

လူ့အရိုးစုတွေနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ဘုရားကျောင်း

December 10, 2018

ချက် နိုင်ငံမှာရှိတဲ့ ဘုရားကျောင်းတစ်ဆောင်ဟာ သေခြင်းတရားနဲ့ ရှင်သန်ခြင်းအကြောင်းတရားတို့ကို တွေးဆဖို့ အကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်။ သေခြင်းတရားရဲ့ အမှတ်အသားကို လူသားတွေရဲ့ အရိုးစုတွေနဲ့ အဓိကထား ဆင်ယင်ချိတ်ဆွဲထား ဖော်ပြထားတာလည်းရှိပါတယ်။ အရိုးစု ဘုရားကျောင်းလို့ ထင်ရှားတဲ့ Sedlec Ossuary ကို လွန်ခဲ့တဲ့ (၁၂၀၀) ပြည့်နှစ်ကတည်းက တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ဘိုဟီးမီးယားတွေရဲ့ မြှုပ်နှံရာ နေရာတစ်ခုလည်းဖြစ်လာခဲ့တယ်။ ဒီဘုရားကျောင်းရဲ့ သုဿာန်မှာ (၁၄၀၀) ပြည့်နှစ်ကနေ စပြီး လာရောက် မြှုပ်နှံတဲ့ ရုပ်အလောင်း (၃၀၀၀၀) အထက်ရှိပါတယ်။ မြှုပ်နှံထားတာတွေက (၁၃၁၈) ခုနှစ်မှာ ဖြစ်ပွားတဲ့ ပလိပ်ရောဂါနဲ့ Hussite တိုက်ပွဲအတွင်း သေဆုံးသွားကြတဲ့ သူတွေရဲ့ ရုပ်အလောင်းတွေလို့သိရတယ်။ (၁၄၀၀) ပြည့်နှစ်နောက်ပိုင်းမှာ ရုပ်အလောင်းတွေ အလွန်များလာတာကြောင့် တူးထုတ်ပြီး […]

Read More