နည်းပညာသတင်း

paypal နဲ့ကျွန်တော်

October 9, 2019

paypal ဆိုတာ အွန်းလိုင်းငွေပေးချေးရေးစနစ်မှာ အောင်မြင်ဆုံး ဝန်ဆောင်မှုပေးရာ နေရာတစ်ခုပါ။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ငွေပေးချေးခြင်း နိုင်ငံအတွင်းငွေပေးချေးခြင်း စသဖြင့် ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်တဲ့အပြင် ထောက်ပံ့ပေးထားသောနိုင်ငံတွေရဲ့ ဘဏ်တွေနဲ့လည်းချိတ်ဆက်အသုံးပြုနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ visa card, master card တွေနဲ့ချိတ်ဆက်နိုင်လို့ ပိုမိုအဆင်ပြေစေတာပေါ့။ ခတ်တာက ကျွန်တော်တို့ မြန်မာနိုင်ငံကို မထောက်ပံ့သေးပါဘူး။ ဒါကြောင်းအိမ်နီးချင်းနိုင်ငံတွေကနေပြီး အကောင့်ဖွင့်သုံးစွဲရပါတယ်။ အများဆုံးတော့ ထိုင်းအကောင့်နဲ့ အိန္ဒိယအကောင့်၊ စင်ကာပူ၊ us စသည်ဖြင့် အကောင့်ဖွင့်သုံးစွဲကြပါတယ်။ ထောက်ပံ့ပေးနိုင်ငံတွေဖြစ်လို့ ဘဏ်တွေ ဘဏ်ကဒ်တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ကိုယ်ရရှိလာတဲ့ ငွေကြေးတွေ ကိုယ်ဝယ်ချင်တဲ့အရာတွေကို လွယ်ကူစွာ ထုတ်/သွင်း ပြုလုပ်လို့ရတော့ တော်တော်လေးအဆင်ပြေတယ်ပြောရမယ်။ ဝန်ဆောင်ခအနေနဲ့က ပြည်တွင်းအချင်းချင်း ပေးပို့ဝယ်ယူခြင်းအတွက် အခမဲ့ ဆောင်ရွတ်နိုင်ပြီး ပြည်ပဖြစ်တဲ့ အခြားသောနိုင်ငံတွေကို လွှဲပြောင်းပေးရမယ်ဆိုရင် ဝန်ဆောင်ခက နိုင်ငံတွေအပေါ်မူတည်ပြီး ကောက်ခံပါတယ်။ တစ်ချို့နိုင်ငံတွေဆို […]

Read More

မြန်မာတွေ ရရှိနေတဲ့ အွန်းလိုင်းပေါ်က ဝင်ငွေအကောင်းဆုံးအရာများ

October 8, 2019

IA Instant Article မြန်မာပြည်မှာ ဝင်ငွေအကောင်းဆုံး ဖန်တီးနေတာကတော့ facebook ကပေးတဲ့ instant article ကတော့ မြန်မာပြည်ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ငွေထုတ်နိုင်ကြလို့ အများဆုံး ဝင်ငွေကောင်းတဲ့ အလုပ်တစ်ခုပဲဖြစ်ပါတယ်။ ဒီလိုရေးနိုင်ဖို့နဲ့ လူကြည့်များဖို့အတွက် သတင်းသမားတွေပဲ ပိုကောင်းစေပါတယ်။ နည်းပညာပိုင်းနဲ့အခြားသောအကြောင်းအရာတွေရေးသားပါက လူကြည့်နည်းသောကြောင့် ထင်သလောက်မရနိုင်ပါဘူး။ Youtuber နောက်တစ်ခုကတော့ youtuber ပြုလုပ်သူတွေပါ။ ဒီနေရာမှာတော့ ကိုယ်ပိုင်ဖန်တီးမှုတွေကအရေးပါလာပါတယ်။ အဓိကအရေးကြီးတာကတော့ နောက်ခံသံဇဉ်ပါ ကိုယ်ထည့်သွင်းတဲ့ သံဇဉ်တွေဟာ non-copyright တွေပဲထည့်သွင်းပါ။ ဖန်တီးမှုကတော့ မိမိစိတ်ကူးရှိရာ ပြုလုပ်နိုင်ပါတယ်။ ငွေဝင်မှုကတော့ unlimited ဖြစ်တဲ့အတွက် ကြိုးစားမှုအပေါ်မှာမူတည်ပါတယ်။ ငွေထုတ်ဖို့အတွက်ကတော့ မြန်မာပြည်နဲ့အဆင်မပြေဘူးဆိုပေမဲ့ နိုင်ငံခြားရောက်မြန်မာတွေနဲ့ နယ်စပ်တွေက မြန်မာတွေ အကူအညီနဲ့ ပြုလုပ်နိုင်ပါတယ်။ Blogger စာအရေးအသားကောင်းမွန်ပြီး လိုအပ်သူများကို အဆင်အပြေ အခမဲ့ပေးပြီး […]

Read More

steempress နဲ့ ပို့တင်ခြင်း

October 7, 2019

မင်္ဂလာပါ ဒီနေ့တော့ တောင်းဆိုသူ ဦးလေး @htwegyi သိချင်လို့ရေးသားပေးလိုက်ပါတယ်။ steempress အလုပ်လုပ်ပုံကတော့ မိမိမှာ wordpress နဲ့ပြုလုပ်ထားတဲ့ website တစ်ခုရှိရပါမယ်။ wordpress မှာက အခမဲ့နဲ့ရေးသားနိုင်ပေမဲ့ steempress plugin ထည့်သွင်းဖို့က အခမဲ့နဲ့မရနိုင်ပါဘူး ဒါကြောင့် ကိုယ်ပိုင် domain+hosting နဲ့ပြုလုပ်ထားတဲ့ wordpress website တစ်ခုပိုင်ဆိုင်မှ steempress နဲ့ချိတ်ပြီး website ပေါ်ရေးသားနေယုံဖြင့် steemit ပေါ်အလိုလိုရောက်ရှိပြီး upvote ကြီးကြီးရနိုင်မှာပါ။ website တစ်ခုရှိပြီးဆိုရင် steempress plugin ကို ခုပေးတဲ့လင့်မှာဒေါင်းပြီးထည့်သွင်းလိုက်ပါ။ အဲအချိန်မှာ မိမိကိုယ်ဆက်သွယ်ဖို့ email တောင်းပါလိမ့်မယ်။ မိမိအသုံးပြုနေသည့် email ထည့်သွင်းပြီး ဒေါင်းယူလိုက်ပါ။ https://steempress.io/signup?ref=nayhlaingsoe ပြီးရင် website ထဲထည့်သွင်းပြီးတာနဲ့ အတိပြုဖို့ email […]

Read More

ဇော်ဂျီဖန်တီးခဲ့သူရဲ့ အင်တာဗျူးမှ ကောက်နုတ်ချက်

October 5, 2019

ဇော်ဂျီဖန်တီးရှင် ဦးရဲမြတ်သူ အင်တာဗျူးမှာပြောသွားပါတယ်။ ဒီအမြင်ဟာ ကျွန်တော်တစ်ယောက်ကပြောတဲ့စကားပါ။ မြန်မာပြည်မှာဘာသာ/စာပေ နှစ်မျိုးသုံးလို့ရပါတယ်။ စက်ပစ္စည်းတွေမှာပါ။ တရုတ်မှာလည်း (၄)မျိုးလောက်အသုံးပြုတာတွေ့ရတယ်။ မှန်ပါတယ်။ သူပြောတဲ့အထဲမှာ မြန်မာတွေ လေ့လာမှုအားနည်းတယ်တဲ့ မှန်သင့်သလောက်တော့မှန်နိုင်တယ်။ ဒါပေမဲ့မမှန်ဘူး။ သူ့တီထွင်ခဲ့တာ ကျေးဇူးတင်တယ်။ ခုလိုအချိန်မှာ သူဘုကန့်လှဲ့ လုပ်နေတာဟာ မြန်မာယူနီကုဒ်သုံးပါဆိုပြီး ပြုလုပ်သူတွေက သူ့စီးပွားရေးကို သွားပြီး တုတ်နဲ့ထိုးလို့ပါ။ မြန်မာစာရေးသားသူတွေကို ခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါ မြန်မာစာကို အမှန်မရေးပဲ ရရစ်နှစ်ခုသုံးထပ်နေတာတွေမှာ ဇော်ဂျီနဲ့မသိသားပေမဲ့ ယူနီပြောင်းလိုက်ရင် သေချာပေါက်သိနိုင်ပါတယ်။ စံစနစ်ကိုမလိုက်နာထားတဲ့အတွက် ရှာဖွေမှုမှာ လိုအပ်သလောက်အရာမထင်တာသူမပြောသွားဘူး။ ဘယ်လိုပဲရေးရေး အမြင်မှာအမှန်မြင်နေပေမဲ့ မြန်မာစာရေးထုံးမှာတော့ အမှားကြီးပါ။ လူငယ်တွေ ရေးပုံပိုပြီးအမှားဖြစ်စေခဲ့တယ်။ သူ့ပြောတဲ့ ရရစ်ရေးပုံ အရွယ်ပုံစံပြောင်းပေမဲ့ အဓိပ္ပာယ်အတူတူပဲဆိုတာတွေ၊ မြန်မာနိုင်ငံအတွက် ချက်မှတ်ပေးထားတဲ့ ကုဒ်ပွိုင့်တွေမှာ တိုင်းရင်းသားစာပေတွေကို သုံးခဲ့တဲ့အပြစ်တွေကိုသူရှောင်ပြီးပြောသွားခဲ့တယ်။ ပြောချင်တာက တိုင်းရင်းသားတွေအတွက် နေရာမပေးချင်တာလား? […]

Read More

Ad Breaks ရဲ့ဝှက်ချက်

August 14, 2019

facebook ပေါ်ကနေ ဗွီဒီယိုတွေတင်ပြီး ငွေရနေခြင်းအကြောင်း သိတဲ့သူလည်း သိနေပြီး မသိသူတွေလည်း ရှိပါသေးတယ်။ သိသော်လည်း လုပ်ပုံလုပ်နည်း မသိသေးသူတွေလည်း ရှိပါတယ်။ သူ့မှာ လျိုဝှက်ချက်တွေရှိနေလို့ပါ။ ဘာတွေလဲ?… ပထမ samples တွေကတော့ -page likes 10000 minimal -1 minus views between 2 months 4000 hs -upload 3 minus over videos -Country Availability ဒီအချက်တွေက အဓိက ကျပါတယ်။ နိုင်ငံမထောက်ပံ့တဲ့သူတွေအတွက်တော့ မိမိ ပေ့ခ်မှာ ထောက်ပံ့ပေးတဲ့ location နိုင်ငံ လိပ်စာကိုပြောင်းလဲထည့်သွင်းပြီး ပြုလုပ်နိုင်ပါတယ်။ မိမိပေ့ခ် ရမရသိချင်လျှင် ဒီလင့်ကနေ ဝင်ရောက် စစ်ဆေးနိုင်ပါတယ်။ https://facebook.com/business/m/join-ad-breaks ဒီအချက်တွေအောင်မြင်ပြီးသူတောင် […]

Read More

Facebook နဲ့ Instagram တို့ ကမ္ဘာအဝန်းမှာ Down နေ

August 5, 2019

Facebook နဲ့ Instagram တို့ဟာ ကမ္ဘာအဝန်းမှ ဧရိယာ အချို့မှာ အသုံးပြုလို့ မရ ဖြစ်နေပါတယ်။ Users တွေက Log In ဝင်ခြင်း၊ ဓါတ်ပုံတွေ တင်ခြင်းနဲ့ Status တင်ခြင်းတွေ ပြုလုပ်လို့ မရဘူးလို့ ပြောပါတယ်။ ဝက်ဘ်ဆိုက်တွေ Down နေသလားဆိုတာကို စစ်ဆေးပေးတဲ့ DownDetector ဝက်ဘ်ဆိုက်က အဲဒီ ပြတ်တောက်ခြင်းဟာ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ည ၈ နာရီခွဲလောက်မှာ စတင် ဖြစ်ပွားတာလို့ ပြောပါတယ်။ အမေရိကန်၊ ဥရောပ၊ တောင်အမေရိကနဲ့ အာရှ နိုင်ငံတွေမှာ ဒီပြဿနာ ဖြစ်ပွားနေတယ်လို့ ထင်ရပါတယ်။ Facebook ကတော့ ဒီပြဿနာကို ပြောကြားခြင်း မရှိသေးပါဘူး။ Facebook ဟာ မတ်လမှာလည်း ဆိုးဆိုးရွားရွား […]

Read More

ထိုင်းကုမ္ပဏီများ မြန်မာနိုင်ငံ ဆိုလာစွမ်းအင်ကဏ္ဍ၌ လာရောက်ရင်းနှီးမြှုပ်နှံရန်ဆွေးနွေး

August 3, 2019

ထိုင်းကုမ္ပဏီများက မြန်မာနိုင်ငံရှိ ဆိုလာစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်လာရောက် ဆွေးနွေးနေကြောင်း ဇူလိုင် ၃၁ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောဆိုခဲ့သည်။ “မြန်မာနိုင်ငံအလယ်ပိုင်းမှာဆို ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက ဆိုလာစွမ်းအင်ပိုင်းကို ဦးစား ပေးလာတယ်။ ကျွန်တော်တို့ဆီကို ဆိုလာ စွမ်းအင်နဲ့ပတ်သက်လို့ ထိုင်းကုမ္ပဏီလေး၊ ငါးခုလောက်က ကျွန်တော်တို့ကို လာဆွေးနွေး တယ်။ ထိုင်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ အဆင့်က အဆင့်လေးရှိတယ်။ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံလောက်ရင်းနှီး မြှုပ်နှံထားတယ်″ဟု ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောဆိုသည်။ လက်ရှိ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၀ ကျော်ရှိပြီး ယင်း ၈၀ ကျော်ထဲတွင် စင်ကာပူနှင့် […]

Read More

အလုပ်ကို ဦးစားပေးသူများအတွက် ဂျပန်နိုင်ငံမှ ဖုန်းရုံအရွယ်အစား အလုပ်ခန်းများ

August 2, 2019

ဂျပန်နိုင်ငံသည် အလုပ်နှင့်လက်မပြတ်သည့်နိုင်ငံများတွင် အပါအဝင်ဖြစ်သည်။ ထိုနိုင်ငံတွင်နေထိုင်ပြီး အလုပ်လုပ်သူအားလုံးက အချိန်ကိုပိုတန်ဖိုးထားသည်။ သို့သော် တစ်ခါတစ်ရံဖြစ်ပေါ်သည့်ယာဉ်ကြောကျပ်မှုနှင့် အဝေးတစ်နေရာတွင် ရာက်နေစဉ် အရေးကြီးသော အလုပ်များ ပေါ်လာခြင်းတို့က ၎င်းတို့၏အလုပ်အပေါ် မလိုအပ်ဘဲ အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ထိုသို့သော အနှောင့်အယှက်များကို ကင်းဝေးစေသည့်တီထွင်ကြံဆမှုက လူအများဆုံးရှိတတ်သည့် နေရာများတွင် အလုပ်ခန်းထားပေးရန်ဖြစ်သည်။ ၁ ဒသမ ၂ စတုရန်းမီတာ အကျယ်သာရှိသည့် ဖုန်းရုံပုံစံအလုပ်ခန်းများက မီးရထား ဘူတာရုံများ၊ လေဆိပ်များနှင့် မိုးမျှော်တိုက်ကြီးများတွင် နေရာယူလာတော့မည် ဖြစ်သည်။ တယ်လီကျူ့ဟု အမည်ပေးထားသည့် ထိုအလုပ်ခန်းများတွင် ထိုင်ခုံတစ်လုံး၊ စားပွဲတစ်လုံးနှင့် မီးပလတ်ပေါက်တို့ပါ ဝင်သည်။ မစ်ဆူဘီရှီအက်စတိတ်၊ အိုကာမူရာကော်ပိုရေးရှင်း၊ ဗီကျူ့နှင့် တယ်လီကျူ့ကုမ္ပဏီတို့ ပူးတွဲထုတ်လုပ်ထားသည့် ထိုအလုပ်ခန်း စုစုပေါင်း ၁ဝဝဝ ကို ၂ဝ၂၃ ခုနှစ်ရောက်သည့်အချိန်တွင် အပြီးတပ်ဆင်သွားမည်ဖြစ်သည်။ ယခင်က ကော်ဖီဆိုင်များ၌ […]

Read More

တိတိကျကျ အသက်ဝင်လာတော့မည့် ယူနီကုဒ်

August 2, 2019

ပြည်တွင်း၌ အသုံးပြုလျက်ရှိသော ကွန်ပျူတာသုံး မြန်မာစာစနစ်နှင့်ပတ်သက်ပြီး ပညာရှင်များအကြား အငြင်းပွားနေခဲ့သည်မှာ နှစ်များစွာရှိပြီဖြစ်ကာ တိကျသည့် စံသတ်မှတ်မှုတစ်ခုကို ယနေ့ထိချမှတ်နိုင်ခြင်း မရှိသေးပေ။ သို့သော် ယခုနှစ် ဖေဖော်ဝါရီလအတွင်း အမျိုးသားစံချိန်စံညွှန်းကောင်စီက ထိုမတိကျမှုတွေ အားလုံးအတွက် အံ့အားသင့်ဖွယ် ထုတ်ပြန်ချက်တစ်ရပ်ကို သတ်မှတ်ထုတ်ပြန်ခဲ့သည်။ထိုအရာသည် စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ် (Unicode Standard, ISO 10646) ကို တစ်ပြေးညီအသုံးပြုကြရန် ထုတ်ပြန်ချက်ပင်ဖြစ်သည်။ ထိုထုတ်ပြန်ကြေညာချက်မတိုင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်အစိုးရရုံးများတွင် ယူနီကုဒ်စနစ်ကို လိုက်နာသော ကွန်ပျူတာသုံး မြန်မာစာစနစ်အဖြစ် ပြည်ထောင်စုဖောင့် (Pyidaungsu Font ) ကို ပြောင်းလဲအသုံးပြုရန် တိုက်တွန်းပြောကြားခဲ့ပြီး အတည်ပြု လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ ပြည်ထောင်စုဖောင့်သည် Myanmar 3 ကိုအဆင့်မြှင့်ထားသည့် ဖောင့်ဖြစ်ပြီး အသုံးပြုမှုတွင်ကျယ်လာပါက တိုင်းရင်းသား ဘာသာစကားများကိုပါ […]

Read More

ထိုင်းတွေကို သတိထား

August 1, 2019

ထိုင်းနိုင်ငံပညာရေးကတော့ Coding ဆိုတာကို တွန်းနေပြီဗျ။ ထိုင်းနိုင်ငံပညာရေးဝန်ကြီးက ထိုင်းနိုင်ငံပညာရေးမှာ ကွန်ပျူတာပရိုဂရမ်ရေးသားခြင်းဆိုင်ရာ Coding ပညာရပ်ကို Third Language အနေနဲ့ ထည့်သွင်းသင်ကြားပေးဖို့ တိုက်တွန်းလိုက်ပါပြီ။ သူတို့နိုင်ငံမှာ Second Language က English လို့ သတ်မှတ်ပြီးသား။ Third Language အနေနဲ့ ကွန်ပျူတာ ပရိုဂရမ်ရေးသားခြင်းဆိုင်ရာ ပညာရပ်ကို ပြဋ္ဌာန်း သင်ကြားဖို့ တိုက်တွန်းနေတယ်ဆိုတာ ထိုင်းနိုင်ငံအနေနဲ့ ပညာရေးကို ဘယ်လောက်ပြင်ဆင်နေပြီလဲဆိုတာ ခန့်မှန်းကြည့်လို့ရတယ်။ ထိုင်းနိုင်ငံပညာရေးဝန်ကြီးက KG တန်းကတည်းကစပြီး ကွန်ပျူတာ Coding သင်ဖို့ သင်ရိုးထဲထည့်မယ်လို့ ပြောပါတယ်။ ဒီအကြောင်းကို ထုတ်ဖော်ပြောကြားသူကတော့ ပညာရေးဒုဝန်ကြီး ကလျာဖြစ်ပါတယ်။ ဒီနှစ်အစောပိုင်း အစိုးရသစ်မဲဆွယ်ကတည်းက သူတို့က ပညာရေးမှာ Third Language အနေနဲ့ ကွန်ပျူတာ ပရိုဂရမ်းမင်းပညာကို […]

Read More