မိုးလေ၀သ

မုန်တိုင်းငယ်ကြောင့် မိုးကြီးပြီးလေပြင်း တိုက်မည်

August 6, 2019

ဩဂုတ်လ ၆ ရက်နေ့မြန်မာစံတော်ချိန် ၁၃:၃၀ နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းရှိမုန်တိုင်းငယ်ကြောင့် ဒေသအလိုက်နှင့် နေရာကွက် ၍ မိုးကြီးခြင်းများနှင့်အတူလေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မွန်းလွဲ ၂ နာရီအချိန်ထုတ်ပြန်သည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းသို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိခဲ့သည်။ အဆိုပါ မုန်တိုင်းငယ် (Depression) သည် အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့(Digha)၏ တောင်-အရှေ့တောင်ဘက် မိုင် ၇၀ ခန့်နှင့် ဘလာဆောမြို့ (Blasore)၏ အရှေ့တောင်ဘက် ၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် ၁၃:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၂၀.၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု […]

Read More