ပြည်ပသတင်း

မုန်တိုင်းငယ်ကြောင့် မိုးကြီးပြီးလေပြင်း တိုက်မည်

August 6, 2019

ဩဂုတ်လ ၆ ရက်နေ့မြန်မာစံတော်ချိန် ၁၃:၃၀ နာရီအချိန် တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းရှိမုန်တိုင်းငယ်ကြောင့် ဒေသအလိုက်နှင့် နေရာကွက် ၍ မိုးကြီးခြင်းများနှင့်အတူလေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းမိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မွန်းလွဲ ၂ နာရီအချိန်ထုတ်ပြန်သည်။ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းသို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ရောက်ရှိခဲ့သည်။ အဆိုပါ မုန်တိုင်းငယ် (Depression) သည် အိန္ဒိယနိုင်ငံ၊ ဒီဂါမြို့(Digha)၏ တောင်-အရှေ့တောင်ဘက် မိုင် ၇၀ ခန့်နှင့် ဘလာဆောမြို့ (Blasore)၏ အရှေ့တောင်ဘက် ၈၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ မုန်တိုင်းငယ်(Depression)သည် မြန်မာစံတော်ချိန် ၁၃:၃၀ နာရီအချိန်တွင် မြောက်လတ္တီကျု ၂၀.၅ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု […]

Read More

မန္တလေး မြို့သာစက်မှုဥယျာဉ်မှ တစ်နှစ် ကားစီးရေ ၁၀ဝဝဝ ထုတ်လုပ်မည်

August 1, 2019

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန် မြို့နယ်ရှိ မြို့သာစက်မှုဥယျာဉ်တွင် ရှိသောGold AYA Motors Inter-national Group က တစ်နှစ်လျှင် ကားစီးရေ ၁၀ဝဝဝ ထုတ်လုပ်မည် ဖြစ်ပြီး ကားအမျိုးအစား ခုနစ် မျိုးမှ မော်ဒယ် ၁၀ မျိုး ထုတ်လုပ်မည် ဖြစ်ရာ SUV MPV နှင့် အထူးကား များ၊ Pickup Truck ခု ကားများ၊ လုပ်ငန်းသုံးကားများပါဝင်ကာ အာဆီယံ နိုင်ငံဈေးကွက်သို့ ထိုးဖောက်မည်ဖြစ် ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။ Gold AYA Motors International Group Co.,Ltd. သည် တရုတ်နိုင်ငံ ကူမင်း မြို့ (Kuming) မှ Shining Star Group အနေဖြင့် […]

Read More

အင်ဒိုနီးရှားရှိ အဝလွန်ရဲတပ်ဖွဲ့ဝင်များ ကိုယ်အလေးချိန် လျှော့ချနေရ

July 28, 2019

အင်ဒိုနီးရှားနိုင်ငံ၌ အဝလွန်ရောဂါကို တိုက်ဖျက်နေစဉ် အရှေ့ဂျာဗားပြည်နယ်ရှိ အဝလွန်နေသောရဲတပ်ဖွဲ့ဝင် ၅ဝ ခန့်မှာ ကိုယ်အလေးချိန်လျှော့ချရေးအတွက် အေရိုးဗစ်၊ ရေကူးခြင်းနှင့်ပြေးခြင်းတို့ ပါဝင်သော သီတင်းပတ်နှစ်ပတ်ကြာ လေ့ကျင့်ရေး အစီအစဉ်ကို လုပ်ဆောင်နေရကြောင်း သိရသည်။ ထိုရဲတပ်ဖွဲ့ဝင် များသည် စံချိန်ညီကိုယ် အလေးချိန်မရှိကြောင်းနှင့် ၎င်းတို့အနေဖြင့် အဝလွန်မှုကို မဖြစ်မနေလျှော့ချရန် အာဟာရ ဗေဒပညာရှင်များနှင့် ဆေးဘက်ပညာရှင်များထံမှ လမ်းညွှန်ချက်ကိုလည်း ရရှိထားကြောင်း ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဖရန်းဘာရန်မာဂါရက ပြောသည်။ ရဲတပ်ဖွဲ့ဝင် တစ်ဦးအတွက် စံနမူနာပြ ကိုယ်အလေးချိန်မှာ ၎င်း၏အရပ်အမြင့် (စင်တီမီတာများ)ထဲမှ ၁၁ဝ ကိုနုတ်ခြင်းဖြင့် ရရှိလာသည့် ရလဒ် ကီလိုဂရမ်ဖြစ်သင့်သည်ဟု ရဲတပ်ဖွဲ့က သတ်မှတ်ထားကြောင်းနှင့် ယင်းအစီအစဉ်ကို ပြည်နယ်တစ်ခုလုံး၌ တိုးချဲ့ရန် အလားအလာရှိကြောင်း သိရသည်။ အင်ဒိုနီးရှား၌ ပြီးခဲ့သည့်နှစ်များအတွင်း အဝလွန်ရောဂါများ ဖြစ်ပွားပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ […]

Read More

အာကာသအခြေပြု ဂြိုဟ်တုဖျက်လေဆာ လက်နက်များ ထုတ်လုပ်မည့်ပြင်သစ်

July 27, 2019

ပြည်ပသတင်း စစ်ဘက်တွင်အဓိကကျသည့် နယ်ပယ်သုံးခုရှိသည်။ ၎င်းတို့မှာ မြေပြင်၊ ရေပြင်နှင့် ဝေဟင်တို့ဖြစ်သည်။ သို့သော် ခေတ်မီတိုးတက်လာသော ယနေ့ခေတ်တွင် နောက်ထပ်နယ်ပယ်တစ်ခုတိုးလာသည်။ ထိုနယ်ပယ်မှာ အာကာသပင်ဖြစ်သည်။ အထူးသဖြင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများက အာကာသကိုစစ်ပုံသွင်းလာခြင်းဖြစ်သည်။ မြေပြင်၊ ရေပြင်နှင့်ဝေဟင်တို့၌ စစ်ဆင်ရေးများဆင်နွှဲစဉ် အာကာသအတွင်း လွှတ်တင်ထားသော ဂြိုဟ်တုများက ထိုစစ်ဆင်ရေးများ၏ အသက်သွေးကြော ဖြစ်လာသည်။ တချို့နိုင်ငံကြီးများက မြေပြင်မှနေ၍ အာကာသအတွင်းရှိ ဂြိုဟ်တုများကိုပစ်ချနိုင်သော ဒုံးလက်နက်များကို ဆန်းသစ်တီထွင်လာသည်။ လက်တွေ့စမ်းသပ်မှုများကိုလည်း အောင်မြင်စွာလုပ်ဆောင်ထားနိုင်ပြီးဖြစ်သည်။ ကမ္ဘာ့အင်အားကြီး တစ်နိုင်ငံဖြစ်သည့်ပြင်သစ်နိုင်ငံကမူ အာကာသအခြေပြု လက်နက်တစ်မျိုးကို တီထွင်ထုတ်လုပ် သွားမည်ဖြစ်သည်။ ထိုလက်နက်မှာ လေဆာလက်နက်ဖြစ်သည်။ သို့သော် လေဆာလက်နက်များကို ဂြိုဟ်တုများတွင် တပ်ဆင်သွားမည်ဖြစ်သည်။ ပြင်သစ်နိုင်ငံ၏ အာကာသတပ်ဖွဲ့များကို ခြိမ်းခြောက်လာသော ရန်သူ့ဂြိုဟ်တုများကို အဓိကချေမှုန်းသွားမည်ဖြစ်သည်။ ပြင်သစ်ကာကွယ်ရေးဝန်ကြီး ဖလောရန့်ပါလီကပြောသည်မှာ ”ကျွန်တော်တို့ဂြိုဟ်တု တွေခြိမ်းခြောက်ခံရတဲ့အခါ ရန်သူတွေကို […]

Read More

ရွှေချောင်းနဲ့ငွေကြေးများပြန်လည်အပ်နှံမည်ဟု အာဏာရှင်ဟောင်းမိသားစုကမ်းလှမ်း

July 27, 2019

ရွှေချောင်းနဲ့ငွေကြေးများပြန်လည်အပ်နှံမည်ဟု အာဏာရှင်ဟောင်းမိသားစုကမ်းလှမ်း တိုင်းပြည်ရဲ့ဘက်ဂျက်လိုငွေပြမှုအား အတိုင်းအတာတခုထိလျော့ပါးသက်သာစေရန် ရွှေချောင်းများနှင့်ငွေကြေးများ ပြန်လည်အပ်နှံလိုကြောင်း အာဏာရှင်ဟောင်းမိသားစုမှ ပြောကြားလိုက်သည်။ နိုင်ငံတော်အား နှစ် ၂၀ ကြာအုပ်ချုပ်စဉ်ကာလအတွင်း ၁၀ ဘီလျံခန့်မတရားရယူထားကြောင်း ပြည်သူအများ၏သံသယဖြစ်ခံရသော အာဏာရှင်ဟောင်း မိသားစုမှ အံ့အားသင့်ဖွယ်ရာ ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်။ အဆိုပါကမ်းကမ်းလှမ်းမှုအား လက်ခံသွားမယ်လို့လဲ လက်ရှိသမ္မတ မှကြေငြာထားပါတယ်။ “ဒါဟာကြိုဆိုရမဲ့ကိစ္စရပ်ဖြစ်ပါတယ်။တချိန်ကအာဏာရှင်ဖြစ်ခဲ့ပေမဲ့ အခုလိုတိုင်းပြည်အပေါ်စေတနာပြန်ထားတာကတော့ ကောင်းမွန်မှန်ကန်တဲ့လုပ်ရပ်ဖြစ်ပါတယ်” ကမ်းလှမ်းသူမှာ အာဏာရှင်​​ဟောင်းမားကိုစ့်​ ဖြစ်​ပြီး လက်​ရှိသမ္မတ မှာ ဒူတာ​တေဖြစ်​ပါတယ်​။ ဖိလစ်ပိုင်မှာပါခင်ဗျ။ Credit Sarar Ommar

Read More

လာဘ်စားတဲ့ တရားသူကြီးမကို တရားရုံးအတွင်းကနေ ရဲတပ်ဖွဲ့ ဆွဲထုတ်ဖမ်းဆီ

July 27, 2019

အမေရိကန် အိုဟိုင်းယိုးပြည်နယ်၊ Hamilton County က တရားရုံးမှာ လာဘ်စားတဲ့ အမျိုးသမီးတရားသူကြီးတစ်ဦးကို ရဲတပ်ဖွဲ့က တရားခွင်ကနေ ဒရွတ်တိုက်ဆွဲထုတ် ခေါ်ငင်သွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါ တရားသူကြီးဟာ အကျင့်ပျက်ခြစားမှုနဲ့ ပြန်လည်အရေယူခံခဲ့ရသူပါ။ တရားသူကြီးရဲ့အမည်မှာ Tracie Hunter ဖြစ်ပြီး၊ သူမဟာ ပြီးခဲ့တဲ့တနင်္လာနေ့က လာဘ်စားမှုအတွက် ထောင်ဒဏ်(၆)လ ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ သူမဟာ အရင်ကအစိုးရဝန်ထမ်းတစ်ဦးဖြစ်တဲ့ သူမရဲ့မောင်ကို အလုပ်ကနေ မထုတ်ပယ်ခံရဖို့- လျှို့ဝှက်ကူညီပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် Hunter ကို အကျင့်ပျက်ခြစားမှုနဲ့ အမှုဖွင့်ခဲ့တာပါ။ ဒီအမှုကို အထက်တရားရုံးတရာသူကြီး Patrick Dinkelacker က တာဝန်ယူစစ်ဆေးခဲ့ရာ၊ ထောင်ဒဏ်ကို အတည်ပြုမိန့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Hunter ဟာ (၂၀၁၄)ခုနှစ်ကတည်းက စီရင်ချက် ချမှတ်ခံထားရတာဖြစ်ပြီး၊ သူမက အယူခံတင်သွင်းခဲ့တာကြောင့် အမှုက ကြန့်ကြာနေခဲ့တာလို့ […]

Read More

အိန္ဒိယနိုင်ငံ၌ လယ်ကွင်းအတွင်းသို့ ဥက္ကာခဲပြုတ်ကျမှုကြောင့် လယ်သမားများ အထိတ်တလန့်ဖြစ်

July 26, 2019

အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ လယ်ကွင်းတစ်ခု အတွင်းသို့ ဘောလုံးတစ်လုံးအရွယ်အစားရှိ ဥက္ကာခဲဟုယူဆရသော အရာဝတ္ထုတစ်ခု ပြုတ်ကျလာမှုကြောင့် လယ်သမားများအထိတ် တလန့်ဖြစ်ရကြောင်း အာဏာပိုင်များက ဇူလိုင် ၂၅ ရက်တွင်ပြောသည်။ အညိုရောင်ရှိ အဆိုပါအရာဝတ္ထုသည် ဇူလိုင် ၂၄ ရက် နေ့လယ်တွင် အလုပ်လုပ်နေသည့် လယ်သမားများ၏ လယ်ကွင်းအတွင်းသို့ ကောင်းကင်မှ အသံကျယ်လောင်စွာပြုတ် ကျလာခြင်းဖြစ်သည်။ ထို့နောက် မီးခိုးများ ထွက်နေသည့် ယင်းဥက္ကာခဲပြုတ်ကျရာနေရာ၌ ၄ ပေအနက်ရှိ တွင်းကြီးဖြစ်ပေါ်ကြောင်း နှင့် ယင်းဥက္ကာခဲကို လယ်သမားများက ပြန် လည်ဆွဲထုတ်ခဲ့ကြောင်း ဘီဟာပြည်နယ် မတ်ဟူဘာနီခရိုင် ရာဇဝတ်တရားသူကြီး ရှာဆက်ကာပီးအက်ဟော့က သတင်းဌာန တစ်ခုသို့ပြောသည်။ ကောင်းကင်မှကျရောက်လာသည့် အဆိုပါ အရာဝတ္ထုတွင် ခိုင်မာသည့်သံလိုက်ဂုဏ် သတ္တိများရှိပြီး ၎င်း၏အလေးချိန်မှာ ၁၅ ကီလိုဂရမ်ရှိကြောင်း ၎င်းကဆက်ပြောသည်။ ထိုအရာဝတ္ထုသည် ဥက္ကာခဲဖြစ်နိုင်သည် ဟုယူဆရကြောင်း […]

Read More

ဂြိုဟ်သားတွေကို ကြည့်ဖို့ US လေတပ်ပိုင် Area 51 ကို ဝင်ရောက်စီးနင်းမယ့် လူ ရှစ်သိန်းကျော်ကို အမေရိကန် စစ်တပ် သတိပေး

July 15, 2019

အမေရိကန်နိုင်ငံက ကမ္ဘာ့အလျှို့ဝှက်ဆုံး နေရာဖြစ်တဲ့ Area 51 ဆီ ဝင်ရောက်စီးနင်းဖို့ လုပ်နေကြတဲ့ လူပေါင်း ၈၆၀၀၀၀ ကျော်ကို အမေရိကန်က သတိပေးချက်တွေ ထုတ်ပြန်ထားပြီ ဖြစ်ပါတယ်။ ထိပ်တန်းလျှို့ဝှက်တဲ့ သဲကန္တရာစစ်အခြေစိုက်စခန်း Area 51 ကို ဝင်စီးနင်းပြီး ဂြိုဟ်သားတွေကို ဝင်ရောက်ကြည့်ရှုကြဖို့ လုပ်ဆောင်နေတဲ့သူတွေကို အမေရိကန်လေတပ်က သတိပေးပြီး Area 51 ဆီ ဝင်ရောက်တာမျိုး မလုပ်ဖို့ ဆော်သြလျက် ရှိနေပါတယ်။ အွန်လိုင်း ဖေ့ဘုတ်ပေါ်မှာ “Area 51 ကို ဝင်စီးနင်း၊ ကျုပ်တို့ကို သူတို့ တားမြစ်နိုင်မှာ မဟုတ်”ဆိုတဲ့ event ကို ကမ္ဘာတစ်လွှားက လူထောင်သောင်းချီကာ လှုပ်ရှားလာခဲ့ရာက ခုလို အမေရိကန်ရဲ့ လျှို့ဝှက်ဆန်းပြားတဲ့ Area 51 နယ်မြေမှာ ဘာတွေ […]

Read More