economic

ထိုင်းကုမ္ပဏီများ မြန်မာနိုင်ငံ ဆိုလာစွမ်းအင်ကဏ္ဍ၌ လာရောက်ရင်းနှီးမြှုပ်နှံရန်ဆွေးနွေး

August 3, 2019

ထိုင်းကုမ္ပဏီများက မြန်မာနိုင်ငံရှိ ဆိုလာစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန်လာရောက် ဆွေးနွေးနေကြောင်း ဇူလိုင် ၃၁ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောဆိုခဲ့သည်။ “မြန်မာနိုင်ငံအလယ်ပိုင်းမှာဆို ထိုင်းနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုက ဆိုလာစွမ်းအင်ပိုင်းကို ဦးစား ပေးလာတယ်။ ကျွန်တော်တို့ဆီကို ဆိုလာ စွမ်းအင်နဲ့ပတ်သက်လို့ ထိုင်းကုမ္ပဏီလေး၊ ငါးခုလောက်က ကျွန်တော်တို့ကို လာဆွေးနွေး တယ်။ ထိုင်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ အဆင့်က အဆင့်လေးရှိတယ်။ အမေရိကန် ဒေါ်လာ ၁၁ ဒသမ ၃ ဘီလီယံလောက်ရင်းနှီး မြှုပ်နှံထားတယ်″ဟု ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောဆိုသည်။ လက်ရှိ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈၀ ကျော်ရှိပြီး ယင်း ၈၀ ကျော်ထဲတွင် စင်ကာပူနှင့် […]

Read More

မန္တလေး မြို့သာစက်မှုဥယျာဉ်မှ တစ်နှစ် ကားစီးရေ ၁၀ဝဝဝ ထုတ်လုပ်မည်

August 1, 2019

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန် မြို့နယ်ရှိ မြို့သာစက်မှုဥယျာဉ်တွင် ရှိသောGold AYA Motors Inter-national Group က တစ်နှစ်လျှင် ကားစီးရေ ၁၀ဝဝဝ ထုတ်လုပ်မည် ဖြစ်ပြီး ကားအမျိုးအစား ခုနစ် မျိုးမှ မော်ဒယ် ၁၀ မျိုး ထုတ်လုပ်မည် ဖြစ်ရာ SUV MPV နှင့် အထူးကား များ၊ Pickup Truck ခု ကားများ၊ လုပ်ငန်းသုံးကားများပါဝင်ကာ အာဆီယံ နိုင်ငံဈေးကွက်သို့ ထိုးဖောက်မည်ဖြစ် ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။ Gold AYA Motors International Group Co.,Ltd. သည် တရုတ်နိုင်ငံ ကူမင်း မြို့ (Kuming) မှ Shining Star Group အနေဖြင့် […]

Read More

အိန္ဒိယပဲကုမ္ပဏီများက မြန်မာ့ပဲများ အင်တိုက်အားတိုက်ဝယ်ယူမှုမရှိဟုဆို

July 26, 2019

အိန္ဒိယပဲကုမ္ပဏီများက မြန်မာ့ပဲများကို အင်တိုက်အားတိုက် ဝယ်ယူခြင်းမရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ ဇူလိုင် ၂၃ ရက်၌ သိရသည်။ ခန့်မှန်းတွက်ချက် “အိန္ဒိယကုမ္ပဏီတွေက ပဲဝယ်ယူမှုပုံမှန် လေးတော့ရှိတယ်။ ဒါပေမဲ့ အင်နဲ့အားနဲ့ ဝယ်တာမျိုးတော့မဟုတ်ဘူး။ သူတို့ပဲဝယ်ယူမှု က လအကန့်အသတ်နဲ့ဝယ်ယူရတာ။ သူတို့ နိုင်ငံကို အောက်တိုဘာလကုန်နောက်ဆုံးထား ပြီးရောက်ရမှာ။ ပထမအချက်အနေနဲ့သူတို့က ကိုတာသတ်မှတ်ထားတယ်။ နောက်တစ်ချက်က ကုမ္ပဏီ ၁၀ဝ၀ ကျော်ကို ခွဲပေးထားတယ်။အဲဒီတော့ ပဲဝယ်ယူမှုကပြန့်နေတယ်။ ဝယ်ပြီး တဲ့ကုမ္ပဏီကဝယ်ပြီးပြီ။ ဝယ်နေတုန်းနဲ့ မဝယ် ရသေးတဲ့ကုမ္ပဏီတွေလည်း မဝယ်ရသေးတာ မျိုးဖြစ်နေတယ်။ ပဲစင်းငုံဝယ်လိုက်၊ မတ်ပဲ ဝယ်လိုက်နဲ့ အင်တိုက်အားတိုက်ဝယ်တာမျိုး တော့မဟုတ်ဘူး။ ဝယ်ယူမှုဘယ်လောက်ရှိပြီ လဲဆိုတာတော့ ခန့်မှန်းတွက်ချက်လို့မရသေး ပါဘူး”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်များအသင်း အတွင်းရေးမှူး […]

Read More

အရှေ့အလယ်ပိုင်းတွင် မတည်ငြိမ်လေ ကမ္ဘာ့ရေနံဈေးမြင့်တက်လေဖြစ်နေ

July 23, 2019

ကမ္ဘာပေါ်တွင် ရေနံဝယ်လိုအားကျဆင်း လာသော်လည်း ပါရှန်းပင်လယ်ကွေ့ဒေသနှင့် လစ်ဗျားနိုင်ငံတို့၌ဖြစ်ပွားနေသည့် စစ်ရေးနှင့်နိုင်ငံရေး တင်းမာမှုများကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများကို ပိုမိုမြင့်တက်လာစေသည်။ ပြီးခဲ့သည့်သီတင်းပတ်တွင် ဗြိတိန်ရေနံတင်သင်္ဘောတစ်စင်းကို အီရန်တို့က ဖမ်းဆီးမှုကြောင့်ဖြစ်သည့် ထိုနှစ်နိုင်ငံကြား တင်းမာမှုများသည် ကမ္ဘာ့ရေနံ ဈေးနှုန်းမြင့်တက်ရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။ ဈေးကွက်အတွင်းရှိ ၃ဝ ရာခိုင်နှုန်းသောရေနံများသည် ဟော်မုရေလက်ကြားအတွင်းရှိ ဗြိတိန်-အီရန်တင်းမာမှု၏ အချက်အချာနေရာ မှဖြတ်သန်းသွားနေရခြင်း ဖြစ်သည်။ ဗြိတိန်သည် ပါရှန်းပင်လယ်ကွေ့၌ စစ်အင်အား အသုံးပြုလာမည်ကို လေ့လာသူ တချို့က စိုးရိမ်နေသည်။ ထိုသို့သာစစ်အင်အား ဖြန့်ကြက်လာပါက ရေနံသယ်ယူပို့ဆောင်ရေးအပေါ် ဖိအားသက်ရောက်စေမည်ဖြစ်သည်။ အဆိုပါတင်းမာမှုသာဆက်လက်ဖြစ်ပေါ်နေပါက ကမ္ဘာ့ရေနံဈေးကွက်တွင် ရောင်းလိုအား ကျဆင်းမှုအထိ ဖြစ်လာနိုင်သည့်အတွက် ရေနံဈေးနှုန်းထပ်မံ မြင့်တက်လာမည်ဟု ရင်းနှီးမြှုပ်နှံသူများက ခန့်မှန်းထားသည်။ အလားတူ လစ်ဗျားအစိုးရကလည်း နိုင်ငံအတွင်းရှိ အကြီးဆုံးရေနံတွင်းကို ပိတ်လိုက်ပြီဟု ကြေညာချက်ထုတ်ပြန်လိုက်သည်။ အဆိုပါရေနံတွင်းကို ပိတ်ရသည့်အကြောင်းရင်းမှာ ကုလသမဂ္ဂက […]

Read More

ပြည်ပမှ မြေပဲဆန်ဝယ်ယူကမ်းလှမ်းမှုရှိသော်လည်း မုံရွာဈေးကွက်၌ ပစ္စည်းပြတ်လပ်

July 22, 2019

မြေပဲဆန်ကို တရုတ်နှင့်ထိုင်းက ဝယ်ယူ မှုရှိနေသည့်အပြင် ထပ်ဝယ်ရန်ကမ်းလှမ်းမှု များရှိနေသော်လည်း မုံရွာဈေးကွက်သို့ဝင် သောမြေပဲဆန်မှာ မရှိတော့သလောက်နည်း နေသောကြောင့် ရောင်းစရာနည်းနေကြောင်း မုံရွာမြို့ မြန်မာသိန်းပွဲရုံပိုင်ရှင်ဦးသိန်းဦးက ပြောဆိုသည်။ “မြေပဲဆန်တစ်ပိဿာကို အဖြူက ကျပ် ၃,၈၀ဝ၊ အနီက ကျပ် ၄,ဝ၀ဝ ဈေးရှိတယ်။လက်ရှိမှာ ပစ္စည်းမပေါဘူး။ မုံရွာကုန်စည် ဒိုင်ကိုဝင်တဲ့နယ်တွေမှာ မြေပဲကကုန်သွားပြီ။တခြားနယ်တွေလည်းမရှိလို့ဈေးတက်တာ ပေါ့။ တရုတ်ဘက်ကလည်း ဝယ်လို့လေ”ဟု ဦးသိန်းဦးကပြောဆိုသည်။ မြေပဲဆန်အပါအဝင် ဆီထွက်သီးနှံဈေးမြင့် နေသောကြောင့် စားသုံးဆီအတုကို အကောင်း လုပ် စားသုံးနေကြသည်အထိ မြန်မာနိုင်ငံ စားသုံးဆီကဏ္ဍ ပျက်နေကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ဆီစက်ပိုင်ရှင်များ အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းဦးကပြောဆိုသည်။ အကြံပြု “ဥပဒေစိုးမိုးမှုမရှိဖြစ်နေတာပါ။ ဈေးကွက် ထဲမှာ ဘေးအန္တရာယ်မကင်းတဲ့ ဆီတွေများ လာပြီး ပျက်နေတာကိုပြင်ဖို့အတွက် အဓိကက မူဝါဒတွေကိုပြင်ရမှာ […]

Read More

တရုတ် အဲကွန်းစက်ရုံက မြန်မာနိုင်ငံမှာ ယွမ်သန်း ၅ဝဝဝ ခန့် ရင်းနှီးမြှုပ်နှံမည်

July 19, 2019

တရုတ်နိုင်ငံက ရောင်းအား အကောင်းဆုံးစာရင်း ဝင် ကုမ္ဗဏီတစ်ခုဖြစ်တဲ့ Gree အဲ ကွန်းစက်ရုံက မြန်မာနိုင်ငံမှာ တ ရုတ် ယွမ်သန်း ၅ဝဝဝ ခန့် ရင်းနှီး မြှုပ်နှံဖို့ ခန့်မှန်းထားတယ်လို့ သိရ ပါတယ်။ Gree ကုမ္ဗဏီ ကို ၁၉၉၁ ခုနှစ် မှာ စတင်တည်ထောင်ခဲ့တာ ဖြစ် ပြီး တရုတ်နိုင်ငံ ကျူးဟိုင်မြို့မှာ အခြေပြု ထုတ်လုပ်ခဲ့ပါတယ်။ ဘရာဇီး၊ပါကစ္စတန် အပါအ ဝင် ပြည် နယ်ပေါင်း ၁၄ ခုမှာကိုယ် ပိုင် နည်းပညာ ကိုယ်ပိုင်ဒီဇိုင်းနဲ့ ထုတ် လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲကွန်းအပါအဝင် တခြား အီ လက်ထရွန်းနစ်ပစ္စည်းပေါင်း များ စွာကိုလည်း ထုတ်လုပ်ပေးနေတဲ့ ကုမ္ဗဏီတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံက စီးပွားရေးတွေ […]

Read More

မလှိုင်မြို့နယ် ကျေးရွာများတွင် မိုးကောင်း ၁၀ နှစ်တာကာလအတွင်း နှမ်းအကောင်းဆုံးဖြစ်ထွန်း

July 17, 2019

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ကျေးရွာများရှိ နှမ်းစိုက်တောင်သူများ မိုးကောင်းစွာ ရွာသွန်းခဲ့၍ ၁၀ နှစ်တာကာလအတွင်းတွင် ယခုနှစ်၌ နှမ်းအကောင်းဆုံး ဖြစ်ထွန်းကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ ထန်းပင်ကန်ကျေးရွာနေ နှမ်းစိုက်တောင် သူ ဦးလှဖေက “နှမ်းစိုက်လာတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ အခုနှစ်က နှမ်းအဖြစ်ဆုံး ပါ။ နှမ်းကို ရက်ပေါင်း ၆၀ လောက် စိုက်ပျိုးရပြီး ကျွန်တော် အခြောက်စိုက်ထားတာပါ။ မေ ၁၅ ရက်မှာ စစိုက်ခဲ့ပြီး ၂၃ ရက် က မိုးရွာသွန်း ခဲ့တာပါ။ စိုက်ခဲ့တာ တစ်လခွဲလောက်ရှိပါပြီ။ နှစ်လခွဲလောက်ကျမှ ရိတ်ရမယ်။ အခုတော့ အပွင့်လည်း မြိုင်တုန်းရှိသေးတယ်။ နှမ်းခေါင်း မကျိုးသေးပါဘူး။ မနှစ်က နှမ်းအဟောင်းက အခု ကျပ် ၄၅,ဝ၀ဝ၊ ၅၀,ဝ၀ဝ […]

Read More

ရင်းနှီးမြှုပ်နှံသူတွေ ဘယ်စီးပွားရေးကဏ္ဍတွေကို မျက်စိကျနေလဲ

July 11, 2019

လတ်တလောတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဘယ်စီးပွားရေးကဏ္ဍကို မျက်စိကျနေလဲ၊ ဘယ်ကဏ္ဍက ရင်းနှီးမြှုပ်နှံသူများအတွက် လူကြိုက်များသောကဏ္ဍဖြစ်နေလဲ၊ အလားအနေဖြင့်လည်း ဘယ်ကဏ္ဍများက အားကောင်းလာနိုင်လဲ စသောမေးခွန်းများသည် စီးပွားရေးလုပ်ငန်းရှင်များ စိတ်ဝင်စားသော မေးခွန်းများဖြစ်နေသလို နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက်လည်း အရေးကြီးသော မေးခွန်းများပင်ဖြစ်သည်။ ပြီးခဲ့သည့်သုံးနှစ်အတွင်း ဝင်ရောက်ခဲ့သော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကဏ္ဍများကို ပြန်ကြည့်မည်ဆိုလျှင် ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍတို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့သော ကဏ္ဍများ ဖြစ်သည်ဟု ဆိုရမည်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များကို ကြည့်မည်ဆိုပါက ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသည် ထိပ်တန်းရင်းနှီးမြှုပ်နှံမှုကဏ္ဍအဖြစ် ရပ်တည်နေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ပြီးခဲ့သည့် သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ဘီလျံချီသော ရင်းနှီးမြှုပ်နှံမှုများသည် ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍများသို့သာ စီးဝင်ခဲ့ကြသည်။ ကုန်ထုတ်လုပ်မှုကဏ္ဍသည် တစ်နှစ်လျှင် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ တစ်ဘီလျံမှ နှစ်ဘီလျံအကြား […]

Read More