crypto

ဂြိုလ်ရှာခါနီးပြီ

August 17, 2019

ကျွန်တော်ကတော့ မရင်းပဲ ကစားလာတဲ့ nextcolony မှာ ခုမှ ယာဉ်ဝယ်နိုင်ပါတော့တယ် ညနေလောက်ဆို ဆရာသမားတွေလို့ ဂြိုလ်ရှာလို့ရနိုင်မယ်ထင်ပါတယ်။ ဆရာသမားတွေက ဂြိုလ် အသစ် တွေ များစွာနဲ့ ရပ်တည်နိုင်နေပေမဲ့ ကျွန်တော်ကတော့ အခုမှ ဂြိုလ်ရှာနိုင်တဲ့အဆင့်ကိုရောက်ရှိတော့မှာပါ။ ဂြိုလ်ရှာပြီး ဂြိုလ်တွေ့ပြီးဘာတွေလုပ်ရမလဲတော့ ကျွန်တော်လည်းမသိသေးဘူး။ အမြတ်အစွန်းဆိုတာလည်း ဘယ်လိုလဲမသိသေးဘူး။ wallet တစ်ပေါ်မှာတော့ သင့်တင့်တဲ့ ပမာဏ ရနေတာတော့တွေ့ရပါတယ်။ တန်ကြေးဘယ်လောက်ရှိဆိုတာလည်းမသိရသေးပါဘူး။ ငွေကြေးရင်းရတဲ့ပမဏများပေမဲ့ ရမည့်ဟာနည်းရင်လည်း အဆင်ကမပြေဘူးလေ အဲတာနဲ့ပဲ ငွေမရင်းပဲ level မြှင့်လာလိုက်တာပါ။

Read More

steempress နဲ့ ကျွန်တော်

August 16, 2019

steempress ကနေ vote ရဖို့ ကြိုးစားနေတာကြာခဲ့ပါပြီ ဘယ်လိုပဲပို့စ်တွေရေးရေး မရခဲ့ဘူး ခုလည်း ရမလားပြန်ကြိုးစားရင်း ပြောင်းလဲသွားတဲ့ steempress ကြောင့် လိုင်စင်တောင်မရရှိသေးပါ။ ပို့စ် ဘယ်နှခုလောက်တင်မှ လိုင်စင်ပေးမလဲတော့မသိရသေးပြန်ဘူး။ domain ဖိုး hosting ဖိုးနဲ့မွှဲနိုင်တယ် သူ့ vote စောင့်ရတာ။ နောက်ထပ် အရင်နဲ့မတူတာက wordpress မှာ ပို့စ်တင်လိုက်တာနဲ့ ချက်ချင်း steemit ပေါ်ရောက်မသွားပဲ အချိန်စောင့်ကြည့်ပါသေးတယ်။ auto bot ? spem? လားဆိုပြီး စောင့်ကြည့်ပြီး အမှန်အကန်ပို့စ်မှသာလျှင် steemit ပေါ်တင်ပေးတာတွေ့ရပြန်တယ်။ နောက်ထပ် steempeak က သုံးလို့ကောင်းပြီး သူထုတ်လိုက်တဲ့ token တွေဟာ အစပိုင်း 1 steempeak = 25 steem ဈေးပေါက်ခဲ့ပေမဲ့ […]

Read More

steem account အကောင့်အကြောင်းတွေးမိခြင်း

August 13, 2019

စတင်သူတွေအတွက် တော်တော်လေး နားလည်ရခတ်ပြီး တော်တော် ရှုပ်ထွေးနေတာတွေ့ရပါတယ်။ ခုရက်ပိုင်း သူငယ်ချင်းတစ်ယောက် လုပ်ချင်တယ်ပြောလို့ အသစ်တစ်ခုလုပ်ပေးတာ အခမဲ့ အနေနဲ့ဆို တစ်ပတ်ကျော်စောင့်ရလို့ ငွေပေးပြီးလုပ်ပေးမယ်ဆိုပြီး စမ်းကြည့်တာ မလွယ်လှပါဘူး။ ခုနောက်ပိုင်း ပြောင်းလဲမှုတွေနဲ့ ရှုပ်ထွေးမှုတွေဟာ စတင်မည့်သူအတွက် နားလည်ရခက်ခဲစေပါတယ်။ master key, password, posting key, active key, steemconnect password စသဖြင့် တော်တော်လေး ရှုပ်ထွေးတာတွေ့ရတော့ ကျွန်တော်တို့လောကကြီး ဖွံ့ဖြိုးဖို့အတွက် မလွယ်လှဘူးလို့ မြင်လိုက်မိတယ်။ အကောင့်ဖွင့်ဖို့ ငွေပေးချေးဖွင့်မယ်ဆိုရင်တောင် အမျိုးပေါင်းများစွာနဲ့ ဘယ်လိုမှ မလွယ်ကူတာတွေ့ရတယ်။ ဒါတောင် steem-engine ဆိုတာမပြောသေးဘူး။ လူသစ်တစ်ယောက်ကို လက်တွဲခေါ်ဖို့ တော်တော်လေးအချိန်ပေး သင်ပေးရမည့်ဖြစ်မျိုးကို တွေ့မြင်ခဲ့လို့ပါ။ key ပေါင်းစုံ password ပေါင်းစုံနဲ့ blockchain ကိုနားလည်ဖို့ […]

Read More

click ပြီး crypto token လေးတွေ အခမဲ့လိုချင်ကြလား

August 4, 2019

referral မရှိပါဘူး ရစေချင်တဲ့ စေတနာပါပဲ။ အင်တာနက် အခမဲ့သို့မဟုတ် အချိန်လည်းရ အင်တာနက်ကြေး ထွေထွေထူးထူးမကုန်တဲ့သူများအတွက်သာအဆင်ပြေနိုင်ပါတယ်။ ဒါမှမဟုတ် token တွေကို စုထားချင်သူများအတွက်လည်း အဆင်ပြေစေမှာပါ။ ဒီ crypto token ကတော့ steemit အုပ်စုဖြစ်တဲ့အတွက် steemit account ရှိသင့်ပါတယ်။ အကောင့်လုပ်ချင်သူများအတွက် www.steemit.com မှာဝင်ရောက်ဖွင့်ပါ။ အကောင့်က အခမဲ့ဖွင့် ချက်ချင်းမရပါ။ တစ်ပတ်လောက်စောင့်ရပါမယ်။ ငွေပေးပြီးဖွင့်ရင်တော့ ချက်ချင်းရရှိစေမှာပါ။ အကောင့်ဖွင့်လို့ရလာတဲ့ user name, master key, password တွေကိုသေချာသိမ်းထားပါ။ နောက်တစ်ခါထပ်မရတော့သူလို့ forgot လည်းမရနိုင်ပါ။ ဘဏ်ပုံစံဖြစ်သောကြောင့် အခြားသူများကိုလုံးဝမပြောသင့် မပြသင့်ပါ။ နောက်ထပ်က token တွေကို အရောင်းအဝယ်လုပ်ဖို့ exchange ဆိုက်ကတော့ https://steem-engine.com ဒီမှာကတော့ မိမိရရှိလာတဲ့ token […]

Read More

လီဘရာငွေကြေးအတွက် ထိုင်းဗဟိုဘဏ်သို့ ဖေ့စ်ဘွတ်ခ်ချဉ်းကပ်

July 9, 2019

ဖေ့စ်ဘွတ်ခ်သည် ၎င်းဦးဆောင်ဖန်တီးမည့် ဒစ်ဂျစ်တယ်ငွေကြေး လီဘရာအတွက် ထိုင်းဗဟိုဘဏ်ကို ချဉ်းကပ်နေပြီဖြစ်သည်။ ဖေ့စ်ဘွတ်ခ်သုံးစွဲသူသန်း ၅၀ မှတ်ပုံတင်ထားသည် ထိုင်းမှ ဗဟိုဘဏ်နှင့်တွေ့ဆုံဆွေးနွေးလိုကြောင်း ဖေ့စ်ဘွတ်ခ်မှ မေတ္တာရပ်ခံထားကြောင်း၊ အစီအစဉ်ကိုမကြာမီ အပြီးသတ်ထုတ်ပြန်မည်ဖြစ်ကြောင်း ထိုင်းအစိုးရ ငွေပေးချေမှုစနစ် မူဝါဒ လက်ထောက်အုပ်ချုပ်ရေးမှူး ဆီရီတီဒါ ပါနွမ်ဝွန်က ပြောသည်။ ထိုင်းဗဟိုဘဏ်သည် လီဘရာငွေကြေး၏ တည်ငြိမ်မှုနှင့် ၎င်းစက္ကူဖြူစာတမ်းကိုလေ့လာရန် အထူးအဖွဲ့တစ်ဖွဲ့စေလွှတ်သွားမည်ဆိုသည်။ ဖေ့စ်ဘွတ်ခ်သည် လီဘရာအရေးကို ကမ္ဘာတဝန်း လှည့်လည်ဆွေးနွေးနေသည်။ လီဘရာသည် ဘဏ်စပေါ်ငွေနှင့် အစိုးရဘွန်းများကဲ့သို့ လက်တွေ့ကမ္ဘာမှ အရင်းအနှီးများကို ကျောထောက်နောက်ခံပြုပြီး တည်ငြိမ်သည့် ဒစ်ဂျစ်တယ်ငွေကြေးဖြစ်ရန် ဖော်ဆောင်သွားမည်ဖြစ်ကာ ရန်ပုံငွေလွှဲပြောင်းမှုများနှင့် ငွေပေးချေမှုများအတွက် ပိုမိုလက်တွေ့ကျကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ခ်က ပြောဆိုထားသည်။ သန်းချီသောဖေ့စ်ဘွတ်ခ်သုံးစွဲသူများနှင့်အတူ ဗီဇာကဲ့သို့ ငွေပေးချေမှုလုပ်ငန်းကြီးများနှင့် ပူးပေါင်းဆောင်ရွက်မည့် လီဘရာငွေကြေးသည် ငွေလွှဲပြောင်းမှုနှင့် ငွေပေးချေမှုလွှဲပြောင်းခြင်းများတွင် အသုံးပြုရန် မြင့်မားသည် […]

Read More

steemit ပေါ်က သတင်းအသစ်တွေ

May 12, 2019

ခုရက်ပိုင်းတော့ #snaxBountyProgram အကြောင်းရယ် steem engine အကြောင်းရယ် တော်တော်လေးတွေ့ရပါတယ်။ snaxBountyProgram ကတော့ ပြိုင်ပွဲသဘောပေါ့။ မေလ(၁၄)ရက်နေ့နောက်ဆုံးဆိုတော့ နီးနေပါပြီ။ သူကတော့ ပထမ airdrop snax 50 ပေးပြီး ပြိုင်ပွဲဝင်ဖို့ စာလုံးရေ တစ်ထောင်ကျော်ရေးသားရမှာပါ။ ဘာသာအနေနဲ့မသက်မှတ်ပဲရေးသားနိုင်ပါတယ်။ browser ကို snax extension သွင်းပြီး မှတ်ပုံတင်လိုက်တာနဲ့ ရရှိမှာပါ။ မှတ်ပုံတင်တာကလည်း twitter အကောင့်နဲ့ချိတ်ဆက်လိုက်ယုံပါပဲ။ ပြိုင်ပွဲဝင်ချင်ရင်လည်းရပါတယ်။ tag မှာတော့ #snaxBountyProgram လို့ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ https://snax.one/ စိတ်ဝင်စားသူများအတွက်ပါ။ Discord : https://discord.gg/gfWeP8n twitter ပေါ်မှာလည်း စာရေးသားရာမှာ #snaxBountyProgram ကိုထည့်သွင်းရေးသားလျှင်လည်း snax တွေရရှိလာပါလိမ့်မယ်။ နောက်တစ်ခုကတော့ ကိုယ်ပိုင် token ပြုလုပ်နိုင်အောင် လုပ်ပေးနေတဲ့ steem […]

Read More