ကျန်မာရေး

အရက်နာကျခြင်းကနေ ပြန်လည်သက်သာလာစေမယ့် နည်းလမ်း

August 6, 2019

အရက်သောက်သူတိုင်း သိမှာပါ။ ညတုန်းက အရက်တွေအလွန်အကျွံမူးအောင်သောက်ပြီး နောက်တစ်နေ့မနက်မှာ အရက်နာကျတဲ့အခါ ဘယ်လို ဒုက္ခတွေကို ခံစားရတယ်ဆိုတာ။ ဒီတော့ အရက်နာကျခြင်းကနေ အမြန်ဆုံး ပြန်လည်သက်သာစေဖို့ ဘယ်လိုအကူအညီတွေကို ယူကြမလဲ။ ဘာတွေလုပ်ကြမလဲ။ ဒီနည်းလမ်းလေးတွေကို တစ်ချက်ဖတ်ကြည့်လိုက်ပါဦး။ (၁)။ ကော်ဖီ ကော်ဖီဟာ အရက်နာကျတဲ့သူတွေအတွက် အကောင်းဆုံးဆိုတာ ပြောဖို့တောင်လိုမယ်မထင်တော့ပါဘူး။ ကော်ဖီမှာပါတဲ့ ကိုကိုးဓာတ်တွေဟာ အရက်နာကျတာကို လျော့ကျစေပြီး ကဖင်းဓာတ်တွေကလည်း ခေါင်းမူးတာ၊ ခေါင်းကိုက်တာ စတဲ့ဝေဒနာတွေကို လွယ်လင့်တကူ လျော့ကျသွားစေနိုင်ပါတယ်။ (၂)။ ကိုက်ခဲပျောက်ဆေး တချို့ကတော့ အရက်နာကျရင် ကိုက်ခဲပျောက်ဆေးတစ်လုံးလောက်ကို ကော်ဖီနဲ့မျှောချပြီး နေလို့ထိုင်လို့ ကောင်းအောင်ကြိုးစားကြတယ်။ အဲဒါက တကယ်လည်းအလုပ်ဖြစ်ပါတယ်။ အရမ်းတွေခေါင်းကိုက်နေလို့ဆိုပြီး ဆေးအများကြီးတော့မသောက်လိုက်နဲ့နော်။ တစ်လုံးဆိုရင်ပဲ လုံလောက်ပါပြီ။ (၃)။ ချင်းပြုတ်ရည် အရက်နာကျတာကို သက်သာစေတဲ့အထဲမှာ ချင်းပြုတ်ရည်လည်း ပါဝင်ပါသတဲ့။ ပုံမှန်ဆိုရင် […]

Read More

သင့်ကို ၂ မိနစ်အတွင်း အိပ်ပျော်သွားစေနိုင်မယ့် နည်းလမ်းကောင်း

July 29, 2019

ညဖက်တွေမှာ အိပ်မပျော်တဲ့ပြဿနာဟာ ယနေ့ခေတ်မှာ လူအများကြုံတွေ့နေရတဲ့ ကိစ္စတစ်ခုဖြစ်ပြီး အကြောင်းအရင်းကတော့ စိတ်ဖိစီးမှုတွေ၊ အစားအသောက်ညီမျှမှုမရှိတာတွေ၊ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေကြောင့်ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ တစ်နေ့တာကို ပိုင်ဆိုင်နိုင်ဖို့အတွက် ညဖက်မှာ သေချာအိပ်စက်ဖို့လိုအပ်တာကြောင့် စက္ကန့် ၁၂၀ အတွင်းမှာပဲ အိပ်ပျော်သွားစေနိုင်မယ့် နည်းလမ်းကောင်းလေးကို ဖော်ပြပေးချင်ပါတယ်။ နည်းလမ်း ၁ လျှာ၊ မေးရိုးနှင့် မျက်လုံးတစ်ဝိုက်ရှိ ကြွက်သားတွေအပါဝင် မျက်နှာရှိကြွက်သားတွေအားလုံးကို အကြောလျှော့ထားပါ။ နည်းလမ်း ၂ ပုခုံးတွေကို တတ်နိုင်သမျှ နိမ့်သထက်နိမ့်အောင် နှိမ့်ပေးပြီး လက်နှစ်ဖက်ကို ဘေးတစ်ဖက်တစ်ချက်စီမှာ ထားထားပါ။ နည်းလမ်း ၃ အသက်ရှူထုတ်လိုက်ပြီး ရင်ဘတ်ကိုဖြေလျှော့လိုက်ပါ။ ပြီးလျှင် ခြေထောက်တွေကိုလည်း လွတ်လွတ်လပ်လပ်နေပြီး အကြောတွေအကုန်လျှော့ထားပါ။ နည်းလမ်း ၄ အထက်ဖော်ပြပါ နည်းလမ်းတွေအတိုင်း လုပ်ပြီးရင် နောက်ထပ်လုပ်ဆောင်ရမယ့် အဆင့်ကတော့ အောက်ဖော်ပြပါ ပုံစံလေးကို […]

Read More

ဖုန်းကြည့်တာများလွန်းလို့ (၄)နှစ်အရွယ်မှာပဲ မျက်လုံးခွဲစိတ်မှုခံယူခဲ့ရ

July 29, 2019

အသက်(၄)နှစ်အရွယ် ကောင်မလေးတစ်ယောက်ဟာ ဖုန်းအသုံးပြုတာ များလွန်းတဲ့အတွက် အသက်ငယ်ငယ်မှာပဲ မျက်လုံးခွဲစိတ်မှု ခံယူခဲ့ရပါတယ်။ ဒီသတင်းဟာ ကလေးကို အလိုလိုက်ပြီး ဖုန်းပေးကိုင်တဲ့ မိဘတွေအတွက် သတိထားစရာပါ။ ဖုန်းကထုတ်လွှတ်တဲ့ အလင်းတန်းတွေဟာ- ကလေးရဲ့ မျက်သားနုနုတွေကို ထိခိုက်မှုမြန်စေပါတယ်။ လူကြီးတွေထက် ပိုပြီး ထိခိုက်မှုမြန်စေတဲ့အတွက်၊ ကလေးကို ချစ်ရင် ဖုန်းပေးမကိုင်ကြဖို့၊ ဒီလိုပဲ ကွန်ပျူတာနဲ့ Tablet တွေကိုလည်း ပေးမသုံးသင့်ဘူးလို့ အကြံပြုနေကြပါတယ်။ အခု ကလေးမလေးကတော့ လက်တွေ့သက်သေပါဘဲ။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့တာပါ။ ကလေးမလေးရဲ့ဖခင် Dachar Nuysticker Chuayduang က ဒီအကြောင်းကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ Dachar ရဲ့ ပြောဆိုချက်အရ သူတို့ဟာ ကလေး (၂)နှစ်အရွယ်ကတည်းက ဖုန်းပေးသုံးခဲ့တာပါတဲ့။ ဖုန်းပေးသုံးခြင်း အကြောင်းအရင်းကတော့ သူဟာ အလုပ်များသူဖြစ်သည့်အလျှောက် […]

Read More

အနမ်းနဲ့ပတ်သက်ပြီးပုရိသတွေကို မိန်းကလေးတွေသိစေချင်တဲ့အချက်(၅)ချက်

July 16, 2019

အနမ်းနဲ့ပတ်သက်ပြီး အဓိပ္ပာယ်အမျိုးမျိုးဖွင့်ကြပေမယ့် နမ်းနည်းမှာလည်း အခြေခံအချက်တွေရှိတယ်ဆိုတာ အများစု သတိထားမိကြမှာမဟုတ်ပါဘူး။relationshipတွေမှာ တစ်ယောက်နဲ့တစ်ယောက်နမ်းတာက ကျန်းမာရေးနဲ့ညီညွတ်ပေ မယ့် တခါတလေ ပုံစံမမှန်တဲ့ အနေအထားကြောင့် ကသိကအောက်ဖြစ်ရတဲ့အခြေအနေတွေကြုံဖူးကြမှာပါ။အခုတော့ သုတေသနပညာရှင်တွေက အနမ်းနဲ့ပတ်သက်ပြီး အခြေခံအချက်တွေကို ဘယ်လိုတွေ့ရှိထားလဲဆိုတာ ပရိသတ်ကြီးအတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။ (၁)မထိတထိ နမ်းခြင်း နမ်းတဲ့အခါ မထိတထိနမ်းတာက ပိုပြီးခံစားမှုကိုဖြစ်စေပါတယ်။လျှာနဲ့ပွတ်သပ်နမ်းရှုံ့ခြင်းက သေလုနီးနီး ငါးတစ်ကောင် ဖျတ်ဖျတ်လူးခံစားနေရသလို မရိုးမရွဖြစ်ခြင်းကိုခံစားရစေပါတယ်။ (၂)သွားနှင့်ကိုက်ခြင်း နမ်းနေစဉ် နှုတ်ခမ်းတွေကို သွားနဲ့ကိုက်ထားမိတယ်ဆိုရင်ရုန်းဖယ်ဖို့မကြိုးစားပါနဲ့။ဒါပေမယ့်ဒီလို အခြေအနေအတွက် တစ်ယောက်နဲ့တစ်ယောက်နားလည်မှုယူထားဖို့လိုပါတယ်။ (၃)အတွေ့အကြုံကိုပြန်မေးတဲ့အခါ ရှက်ရွံ့မနေခြင်း မိန်းကလေးဘက်က ဒီလိုနမ်းတာနဲ့ပတ်သက်ပြီးဘယ်လိုခံစားရလဲလို့ မေးလာခဲ့ရင်ရှက်ရွံ့တာမျိုးမဖြစ်ဘဲ ဘယ်လိုခံစား ရတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောသင့်ပါတယ်။ဒါ့အပြင် မိန်းကလေးဘက်ကတုန့်ပြန်မှုကို လည်း သေချာဂရုတစိုက် နားထောင်သင့်ပါတယ်။သင့်အနေနဲ့ ဖြေရခက်နေတယ်ဆိုရင်တော့ ဘယ်လိုခံစားရလဲဆိုတဲ့မေးခွန်းကို တဖက်လူ ကိုပြန်မေးနိုင်အပြန်အလှန် အတွေ့အကြုံဖလှယ်နိုင်ပါတယ်။ (၄)သင့်တင့်တဲ့ စိတ်လှုပ်ရှားမှုရှိခြင်း နမ်းတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်စိတ်လှုပ်ရှားမှုရှိသင့်ပါတယ်။နှုတ်ခမ်းတွေကို […]

Read More

စိတ်ဖိစီးနေပြီလား……

July 15, 2019

တစ်နေ့တာမှာမိသားစုတာဝန်တွေကြောင့်ဖြစ်ဖြစ် အလုပ်ကိစ္စတွေကြောင့်ဖြစ်ဖြစ် စိတ်ဖိစီးနေပြီလား။ လူရယ်လို့ဖြစ်လာတဲ့အခါစိတ်ဖိစီးမှုနဲ့ ခပ်ကင်းကင်းနေဖို့ဆိုတာကလွယ်ကူလှတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ ဒီတော့ ရှောင်လွှဲဖို့ခက်တဲ့ စိတ်ဖိစီးမှုကိုအကောင်းဆုံးကျော်ဖြတ်နိုင်မှ နောက်ထပ်နောက်ထပ်သောဖိစီးမှုတွေကနေကင်းဝေးမှာလေ။ ဒီတော့ ရှောင်လွှဲရခက်တဲ့ စိတ်ဖိစီးမှုကိုအကောင်းဆုံးကျော်ဖြတ်ရအောင်လား။ စိတ်ဖိးစီးမှုကိုကျော်ဖြတ်နိုင်မယ့် အထိရောက်ဆုံးနည်းလမ်း ၇ သွယ် စိတ်ဖိစီးမှုကထိုင်ပြီးတွေးနေလေလေစိတ်ထိခိုက်ရနိုင်ခြေကများလာလေလေပါ။ ဒီတော့ စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာမှာမထိခိုက်စေဖို့အတွက် ဒီနည်းလမ်းလေးတွေကိုကျင့်သုံးစေချင်ပါတယ်။ (၁) အသက်ကိုခပ်ပြင်းပြင်းရှုပါ အသက်ကိုရှိုက်ပြီးရှုလိုက်ပါ။ ဒါကစိတ်ဖိစီးမှုကိုအထိရောက်ဆုံးဖြေရှင်းနိုင်မယ့် ရိုးစင်းတဲ့ နည်းလမ်းတစ်ရပ်ပါ။ ဒီလိုလုပ်ဆောင်ပေးလိုက်ခြင်းအားဖြင့် • စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကိုလျော့ကျစေနိုင်တယ် • နှလုံးခုန်နှုန်းကိုစည်းချက်ညီစေတယ် • သွေးပေါင်ကျစေနိုင်တယ်စတဲ့အကျိုးကျေးဇူးတွေကိုရရှိစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးလာတဲ့အခါ အသက်ကိုဝဝရှိုက်ယူလိုက်ပါ။ နှာခေါင်းကနေလေတွေကိုဝအောင် ရှုသွင်းလို့ အဆုတ်ထဲမှာ ပြည့်သွားတဲ့ အထိရှုလိုက်ပါ။ (၂) တရားထိုင်ပါ ဒီနည်းကတော့ ရှေးအစဉ်အဆက်ကတည်းကစိတ်ကိုရော ကိုယ်ခန္ဓာကိုပါ ပြေလျော့စေဖို့ ကျင့်သုံးလာခဲ့တဲ့ နည်းလမ်းတစ်ခုပါ။ တစ်နေ့တာမှာအနည်းဆုံး […]

Read More

လေဖြတ်လူနာပါးစပ်ထဲမှ လောက်တွေ ဖွေးကနဲကျလာတဲ့အဖြစ်၊ သူနာပြုများတွင် တာဝန်ရှိ

July 10, 2019

တောင်အာဖရိကနိုင်ငံ၊ ဆေးရုံတစ်ရုံမှာ စကားမပြောနိုင်တဲ့ လူနာတစ်ဦးရဲ့ ပါးစပ်ထဲမှာ လောက်တွေ တွယ်ကပ်နေတဲ့အဖြစ်ဟာ ဆေးရုံသူနာပြုဆရာမတွေနဲ့ အဓိကသက်ဆိုင်တယ်လို့ သတင်းမီဒိယာတွေက ဖိအားပေး ရေးသားနေကြပါတယ်။ အကြောင်းကတော့ သူတို့ ဂရုစိုက်မှု ကင်းမဲ့လို့ ဖြစ်ရတာပါ။ အဆိုပါ လူနာရဲ့အမည်မှာ Abdul Ebrahim ဖြစ်ပြီး၊ (၂၀၁၄)ခုနှစ်က လေဖြတ်ထားတဲ့လူနာမို့၊ စကားလည်း မပြောနိုင်၊ လမ်းလည်း မလျှောက်နိုင်ပါဘူး။ သူဟာ မကြာသေးခင်က ခြေထောက်ဒဏ်ရာ ထပ်ရခဲ့လို့ မိသားစုဝင်တွေက RK Khan Hospital ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ အဲဒီဆေးရုံဟာ တောင်အာဖရိက တောင်ပိုင်းမှာတည်ရှိပြီး၊ သူ့ကို ပဋိဇီဝဆေးတစ်ချို့ပေးကာ ပြန်လွှတ်ခဲ့ပါတယ်။ ဒဏ်ရာဟာ မသက်သာဘဲ ပုပ်ပွလာခဲ့ပါတယ်။ ဒီလိုနဲ့ သားဖြစ်သူနဲ့ သူ့ရဲမိခင်တို့ဟာ Abdul ကို စောစောကဆေးရုံထံ ပြန်ပို့ပေးခဲ့ရာ- ခြေထောက်ကို […]

Read More

Acupuncture ခေါ် တရုတ်အပ်စိုက်ကု ဆေးပညာ

July 10, 2019

အလွန့် အလွန် ရှေးကျသော သမိုင်း နောက်ခံရှိသည် တရားထိုင်ခြင်းဖြင့် စကြာဝဠာစွမ်းအင်ကို အသုံးချတတ်ကြသော တောက် ဝါ ဒ၏ အနှစ် ၈၀၀၀ကျော် အတွေးအခေါ်များ ပါဝင်နေသည်ဟု ဆိုရမည် ဖြစ်သည် သမိုင်းသုတေသီတို့အဆိုအရမူ ရှေးဟောင်းကျောက်ခေတ် အနှစ် ၁၀၀၀၀ကျော် ကျောက်ခေတ်သစ် အနှစ် ၆၀၀၀ကျော် ကာလအ ကျောက်ဖြင့် ပြုလုပ်သော အပ်များ ဖြင့် ဆေးကုသခဲ့ကြကြောင်း အထောက်အထားများ တွေ့ရှိခဲ့ရသည် ထိုမှ တစ်ဆင့် ဝါးအပ်များ အရိုးအပ် များ ကို ပြောင်းလဲသုံးစွဲခဲ့ကြကြောင်း တွေ့ရှိခဲ့ရာ အပ်စိုက်ကုထုံးသည် တရုတ် တို့လက်ထဲတွင် ပို၍ထွန်းကား သည်မှန်သော်လဲ တရုတ် တို့ တီထွင်ခဲ့သည် မဟုတ် ရှေးလူသား တို့၏ သဘာဝမှရရှိသော ဆေးပညာ တစ်ရပ်ဖြစ်ကြောင်း ကောက် […]

Read More

ပေါင် (၆၀၀) လောက်ကျသွားအောင် မယုံကြည်နိင်ဖွယ် စွမ်းဆောင်နိုင်ခဲ့တဲ့ အမျိုးသမီး

July 9, 2019

အမေရိကန်နိုင်ငံက အသက် (၅၁) နှစ်အရွယ် မီလာကလာ့ခ်ဟာ (Milla Clark) ဟာ ကိုယ်အလေးချိန် ပေါင် (၇၅၀) အထိ အဝလွန်ခဲ့ဖူးပေမဲ့ လက်ရှိအချိန်မှာတော့ ကိုယ်အလေးချိန် (၁၅၅) ပေါင်ပဲ ကျန်ရှိတော့အောင် စွမ်းဆောင်နိုင်ခဲ့ပါပြီ။ အရင်က အလွန်အမင်း အဝလွန်နေသူ တစ်ယောက်အနေနဲ့ လုံးဝ မလှုပ်ရှားနိုင်ခဲ့တာကြောင့် အိမ်ရာထဲမှာပဲ သုံးနှစ်လောက် လှဲနေခဲ့ရတဲ့ မီလာ့အတွက် တစ်ကိုယ်ရည် သန့်ရှင်းရေးကိစ္စကအစ သားသမီးတွေက ပြုစုလုပ်ဆောင်ပေးခဲ့ကြရပါတယ်။ သူဟာ အခုအနေအထားအထိ ကိုယ်အလေးချိန် ချနိုင်ဖို့အတွက် TLC ရုပ်သံလိုင်းရဲ့ “My 600 lb Life” ဆိုတဲ့ အထူး ရုပ်သံ အစီအစဉ်မှာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ပါဝင်ခဲ့တာဖြစ်ပြီး ဒီအစီအစဉ်က တင်ဆက်ပေးခဲ့တဲ့ အဝလွန်နေသူတွေအတွက် ကိုယ်အလေးချိန် လျှော့ချပေးတဲ့ပြောင်းလဲမှုမှာ […]

Read More

လေဖြန်းခြင်း

April 5, 2019

ကျွန်တော်ပါးတစ်ဖက် ရွဲ့သွားတယ် မြန်မာလိုဆို လေဖြန်းတာပေါ့။ ဖြစ်သွားရတဲ့အကြောင်း ဖုန်းတစ်လုံး လုပ်အားခမရပဲ သုံးညလောက် အိပ်ရေးပျက်ပြီး ကြိုးစားလိုက်တာ နေ့စဉ် pc ရှေ့ထိုင်တာတွေ့ရော အာရုံကြောအားနည်းတာတွေရော ဇတ်ကြောတက်တာတွေရော စုံပြီး သွေးတိုးလာတယ် အဲအချိန်မှာဖြစ်သွား ဆေးသောက်တယ်။ နောက်နှစ်ရက်ရှိတော့ တိုင်းရင်းဆေးခန်းမှာ နှစ်ရက်ကူတယ်။ လေးရက်မြောက်တဲ့အထိ မကောင်းသေးဘူး။ လေးရက်မြောက်နေ့မှာ ဘာဆေးမှလဲမသောက်တော့ ဆေးခန်းလည်းမပြတော့ သောက်ခဲ့တဲ့ ဆေးအရှိန်တွေရယ် စက်နဲ့ဆွဲထားတာတွေရယ်နဲ့ တော်တော်နားနေတယ်။ ခုတော့ ခန္ဓာကိုယ်က ဆေးအစွမ်းတွေရယ် အာရုံကြောအားဆေးတွေကြောင့် အလိုလို recover လုပ်နေပါတယ်။ ဟိုနားကတုန်းလိုက် ဒီနားကလှုပ်လိုက်နဲ့ auto repair လုပ်နေပါပြီ။ လုံးဝကြီးမပျောက်သေးပေမဲ့ ကောင်းနေပါပြီ။ ဘာကြောက်ဖြစ်တာလဲ? ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေ ယာယီပိတ်စို့သွားတဲ့အတွက်ပါ။ သွေးကြောတွေပိတ်သွားတယ်ဆိုရင် ဖြစ်ပေါ်လာသည့် ခံစားမှုတွေကတော့ မျက်စိအမြင်နှစ်မျိုးမြင်ခြင်း၊ ပါးရွဲ့ခြင်း၊ မျက်စိတစ်ဖက် […]

Read More