ဗေဒင်

တစ်ပတ်စာရရက်သားသမီးဟောစာတမ်း . . . 01.8.2019 မှ 07.8.2019 အထိ

August 1, 2019

တနင်္ဂေနြ ဒီကာလအတွင်းလုပ်ငန်းခွင်အတွင်းအထက်လူကြီးအပြောင်းအလဲလေးတွေဖြစ်ရတတ်ပါတယ်။ ဒါကြောင့်ပဲလုပ်ငန်းတွေနဲ့ပက်သက်ပြီး ပုံစံအသစ်တွေနဲ့လုပ်ကိုင်ရတတ်ပါတယ်။ အလုပ်တာဝန်တွေကလဲပိုလာနိုင်ပါတယ်။ မိမိရဲ့ကျန်းမာရေးကိုလဲ မမေ့သေ့ဘူး။ ခေါင်းမကြည်တာမျိုး၊ဇက်ကြောတတ်တာမျိုးဆို သွေးပေါင်လေးချိန်ကြည့်ပါ။ သွေးတိုးလွယ်တဲ့နေ့ရက်တွေဖြစ်နေလို့ပါပဲ။ အိမ်ကိစ္စ၊အမွေကိစ္စတွေရှိနေရင် ဒီကာလမှာပိုရှုပ်သွားတတ်ပါတယ်။ ဖခင်နဲ့ သဘောထားမတိုက်ဆိုင်တဲ့ကိစ္စလေးတွေဖြစ်ရတတ်ပါတယ်။ အလုပ်သစ်ရှာရခက်ခဲနေလိမ့်မယ်။ အလုပ် စာမေးပွဲမှာ အောင်မြင်ဖို့ခက်ခဲတတ်ပါတယ်။ ရင်းနှီးမြုပ်နှံမှုတွေကို ချိန်ဆပြီးမှလုပ်စေချင်ပါတယ်။ အဆင်မပြေတဲ့ မိတ်ဆွေတွေအတွက်အကူအညီတွေပေးနေရတတ်ပါတယ်။ မထင်မှတ်ဘဲ ခရီးတိုလေးတွေသွားနေရတတ်ပါတယ် ။တွေးထင်ထားတဲ့ ကိစ္စတွေဖြစ်လာဖို့မလွယ်သေးပါဘူး။ အကြံကြီးကြီးတွေရှိနေရင်တောင်စတင်အကောင် အထည်မဖော်သင့်ပါဘူး။ ချစ်သူနဲ့ အဆင်ပြေပေမဲ့အလုပ်များနေတဲ့ချစ်သူက မိမိကိုဂရုစိုက်နိုင်ဖို့မလွယ်ပါဘူး။ အိမ်ထောင်ရေးမှာကြားလူစကားကိုမယုံပါနဲ့။ ပညာရေးနဲ့ပက်သက်ပြီးတော့ ဉာဏ်ဝီရိယကို အလေးထားပါ။ အကျိုးပေးဂဏန်း 3/4/8 အထူးဟော အပြောင်းအလဲတွေများနေမည်။ ယတြာ ဘုရားရှင်အားရွှေဆိုင်း၊ရွှေသင်္ကန်းကပ်လှူလိုက်ပါ။ တနင်္လာ အဘက်ဘက်က ကံအားသာချက်ရှိနေတာတော့အမှန်ပါပဲ။ မိမိရင်ထဲကဆန္ဒတွေအတိုင်းဖြစ်လာမဲ့ကာလ ပါပဲ။ မိတ်ဆွေသစ်တွေတိုးပါလိမ့်မယ်။ တိုးလာမဲ့ မိတ်ဆွေတွေကလဲ တကယ့်ကို ကလျာဏမိတ္တဖြစ်ပါလိမ့်မယ်။ အဖတ်မတင်ပဲ အကုန်အကျများနေတဲ့ငွေတွေ ရပ်တန့်သွားပြီး ငွေစုဆောင်းနိုင်သည်အထိပြန်ဝင်လာတတ်ပါ […]

Read More

တစ်ပတ်စာရရက်သားသမီးဟောစာတမ်း – 25.7.2019 မှ 31.7.2019 အထိ

July 26, 2019

တနင်္ဂနွေ ဒီကာလအတွင်းမိမိအတွက်ကောင်းမွန်မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်တတ်ပါတယ်။ မိမိအနစ်နာ ခံလုပ်ကိုင်ဆောင်ရွက်မှုတွေရဲ့အသီးအပွင့်တွေကိုလဲ ခံစားစံစားနိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ပိုကောင်းတဲ့အခွင့်အလမ်းတွေ၊ အခွင့်အရေးတွေရလွယ်နေပါလိမ့်မယ်။ မိဘ၊ဦးကြီး၊ဘကြီးတွေဆီက အကူအညီ တွေ၊အထောက်အပံ့တွေရလွယ်နေတတ်ပါတယ်။ ဝန်ထမ်းများ အထက်လူကြီးကတာဝန်ကြီးကြီးခိုင်းရင် တတ်နိုင် သလောက်ကြိုးစားလုပ်ပါ။ မိမိရဲ့အစွမ်းအစကို စမ်းသပ်တာမျိုးလဲဖြစ်နိုင်လို့ပါပဲ။ကုန်ကျစရိတ်တွေများနေရင် ကောင်းစွာလျှော့ချသွားနိုင်ပါလိမ့်မယ်။ အိမ်ကိစ္စအမွေကိစ္စတွေနဲ့ပက်သက်ပြီး ရှုပ်ထွေးနေတာလေးတွေကောင်းစွာ ဖြေရှင်းသွားနိုင်ပါလိမ့်မယ်။ မိမိထက်အသက်ကြီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့အကူအညီတွေကိုလဲ ရလွယ်တတ် ပါတယ်။ ကျန်းမာရေးက အပေါ်ယံနှာစေး ၊ချောင်းဆိုးလောက်ပါပဲ။ အချစ်ရေးမှာတော့စကားအမှားတွေကြောင့် ဖြေရှင်းရန်ခက်ခဲတဲ့ပြဿနာတွေထိဖြစ်သွားနိုင်ပါတယ်။ ဒီအပတ်ထဲအားနည်းချက်အများဆုံးကတော့ အိမ်ထောင် ရေးပါ။ အိမ်ထောင်ရေးအဆင်မပြေတာများနိုင်ပါတယ်။ ပညာရေးကံညံ့နေတာမျိုး မတွေ့ရပါဘူး။ အကျိုးပေးဂဏန်း 1/5/8 အထူးဟော အခွင့်အရေးတွေရတတ်ပါတယ်။ ယတြာ ပဲကပ်ကြော်ဘုရားကပ်လှူဆုတောင်းပါ။ တနင်္လာ ဒီအပတ်ထဲမှာ မိမိကိုယ်တိုင်က အချိန်တွေဖြုန်းနေမိတတ်ပါတယ်။ ဂိမ်းနဲ့အချိန်ကုန်တာ၊entertainment နဲ့အချိန်ကုန်တာမျိုးတွေဖြစ်ရတတ်ပါတယ်။ ဒါကြောင့် အလေလိုက်မဲ့ကိစ္စမှန်သမျှချင့်ချိန်ပြီးလုပ်စေချင်ပါတယ်။ ကိုယ့်အတွက် တစ်နေ့တာကို ကုသိုလ်၊ပညာ၊ဥစ္စာမရဘဲ မကုန်ဆုံးဖို့မှာချင်ပါတယ်။ ခရီးကိစ္စတွေအဆင်မပြေဖြစ် […]

Read More

(၂၀၁၉)တစ်နှစ်တာအတွင်း ကံအကောင်းဆုံးဖြစ်မယ့် ရာသီခွင်(၄)ခုအကြောင်း

December 10, 2018

လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ကိုယ်ရည်ကိုယ်သွေး၊ ပင်ကိုယ်စရိုက်တွေက မွေးဖွားတဲ့ရာသီခွင်နဲ့ သက်ဆိုင်မှုရှိသလို ရာသီခွင်ကိုလိုက်ပြီး တစ်နှစ်နဲ့တစ်နှစ် ကံကြမ္မာအပြောင်းအလဲလေးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၁၉ မှာ ကံအကောင်းဆုံးကဘယ်ရာသီခွင်တွေဖြစ်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ (၁) သိဟ်ရာသီဖွား ( Leo) (ဇူလိုင် ၂၃ – သြဂုတ် ၂၂) သိဟ်ရာသီဖွားတွေဟာ မွေးကလည်းက ကံဆိုးခြင်းထက် ကံကောင်းခြင်းကို ပိုကြုံရတဲ့သူတွေပါ။ အဆင်မပြေမှုတွေဘယ်လောက်ပဲကြုံရပါစေ၊ သူ့အလိုလို အဆင်ပြေသွားတတ်တဲ့ ရာသီဖွားတွေပါ။ ဒါ့အပြင် ၂၀၁၉ ရဲ့ကံအကောင်းဆုံး ရာသီခွင်တွေထဲမှာလည်း ထိပ်ဆုံးမှာရောက်နေပါတယ်။ အမြဲတမ်း စိတ်ကူးယဉ်ခဲ့တာတွေ ဒီနှစ်ထဲမှာဖြစ်လာနိုင်ပြီး ဘဝလက်တွဲဖော်ကောင်းနဲ့လည်း ဆုံတွေ့နိုင်ပါတယ်။ နှစ်အလယ်ပိုင်းမှာ အလုပ်အကိုင်၊ပညာရေးနဲ့ပတ်သက်လို့တိုးတက်မှုတွေရှိလာနိုင်ပြီး မိသားစုဝင်တွေ၊သူငယ်ချင်းတွေနဲ့လည်း ပိုအဆင်ပြေပါလိမ့်မယ်။ ဒီတစ်နှစ်လုံးက သိဟ်ရာသီဖွားတွေအတွက် စိတ်ကျေနပ်မှုအပြည့်ရစေမယ့်နှစ်ပဲဖြစ်ပါတယ်။ (၂) ဓနုရာသီဖြား (Sagittarius) (နိုဝင်ဘာ၂၂ – […]

Read More