ဗဟုသုတများ

အိပ်ယာပေါ်က အပြောများ

January 24, 2019

အရာရာအားလုံးထက် အိပ်ယာပေါ်ကကိစ္စကိုသာ ပိုစိတ်ဝင်စားကြတဲ့နိုင်ငံမှာ ကျွန်တော်တို့ နေ့ကြတယ်… မုဆိုးမတစ်ယောက်.. လင်သားသေသွားပါပြီ အရွယ်လည်းကောင်းတုန်းပါ သူ့ဘဝ သူ့မိဘဘဝ သူ့ကလေးတွေဘဝ သူဘယ်လိုရုန်းကန်မလဲ ဘယ်လိုရှေ့ဆက်မှာလဲ သူဘယ်လိုတည်ဆောက်မလဲ ဆိုတာထက်.. သူဘယ်သူနဲ့ထပ်အိပ်မလဲ သူဘယ်လိုအိပ်မလဲဆိုတာကိုသာ ပိုစိတ်ဝင်စားတဲ့ပတ်ဝန်းကျင်မှာ ကျွန်တော်တို့နေတယ်။ Single mother တစ်ယောက်… လိုချင်လို့ဘဲရရ မလိုခ်င္ဘဲရရ ရလာတဲ့ကလေးတစ်ယောက်နဲ့ သူမအနာဂတ်ကိုဘယ်လိုဆက်ပြီး ပုံဖော်မလဲဆိုတာထက်.. ဘယ်သူနဲ့အိပ်ခဲ့တာလဲ ခုဘယ်သူနဲ့အိပ်နေတာလဲ နောက်ဘယ်သူနဲ့ထပ်အိပ်ဦးမှာလဲဆိုတာကိုဘဲ သိချင်နေကြတဲ့ ထူးဆန်းတဲ့လူမှုအဖွဲ့အစည်းထဲမှာ ကျွန်တော်တို့နေကြတယ်။ ပြည့်တန်ဆာတစ်ယောက်.. အလုပ်ကိုက လူတွေနဲ့လိုက်အိပ်မှ ပိုက်ဆံရမယ့်အလုပ်ကိုလုပ်ရတာပါ ရလာတဲ့ငွေကြေးနဲ့ သူ့ဘဝ သူ့မိသားစုဘဝ သူ့အနာဂတ်အတွက် သူဖန်တီးတည်ဆောက်ရပါတယ်.. ငွေပေးမယ့်သူက အိပ်ဖို့ခေါ်တာမဆန်းပေမယ့် ငွေလည်းမပေးဘဲ ဘာမှမကူညီကြပဲ ဘယ်သွားအပ်တာလဲ ဘယ်လောက်ရလို့ အိပ်တာလဲ ဘယ်သူနဲ့အိပ်တာလဲကိုသာစပ်စုကြတဲ့ အလွန်သန့်ရှင်းတဲ့ပတ်ဝန်းကျင်တစ်ခုမှာ ကျွန်တော်တို့ရှင်သန်နေကြတယ် အပျိုကြီး လူပျိုကြီးတွေ FA […]

Read More

ဒေါ်လာ(၁၃၀,၀၀၀) နဲ့ အစောင့်လုပ်ဖို့ လူခေါ်နေတဲ့ ကယ်လီဖိုးနီးယားက မီးပြတိုက်

January 10, 2019

ဆန်ပါဘလိုပင်လယ်အော်ထဲက အီဒယ်လစ်ခ်ကျွန်းမှာ East Brother Light Station အမည်ရတဲ့ မီးပြတိုက် ဟိုတယ်လေး ရှိပါတယ်။ ဆန်ပါဘလိုပင်လယ်အော်ဟာ ဆန်ဖရန်စစ္စကိုပင်လယ်အော်ရဲ့ တစ်စိတ်တစ်ဒေသသာ ဖြစ်ပါတယ်။ အခုအခါ East Brother Light Station ဟာ မီးပြတိုက်နဲ့ မီးပြတိုက်ထဲဖွင့်ထားတဲ့ ဟိုတယ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လူနှစ်ဦးခေါ်ယူနေပါတယ်။ နှစ်ဦးပေါင်းရဲ့ လစာငွေ ဒေါ်လာ(၁၃၀,၀၀၀) (မြန်မာငွေ သိန်းနှစ်ထောင်ကျပ်ဝန်းကျင်) ဖြစ်ပြီး ခွဲဝေယူကြရမှာ ဖြစ်ပါတယ်။ East Brother Light Station ဟာ (၁၈၇၄) ခုနှစ်ကတည်းက တည်ဆောက်ထားခဲ့တဲ့ မီးပြတိုက်ပါ။ ဆန်ဖရန်စစ္စကိုတစ်ဝိုက်က မှုန်မှိုင်းရီဝေနေတဲ့ ရေထုထဲမှာ သင်္ဘောသားတွေ အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်အောင် East Brother Light Station က ကူညီပေးပါတယ်။ သူ့ကို […]

Read More

တစ်နေ့လျှင် ၇နာရီထက်ပိုပြီး ဖုန်း အသုံးပြုသော ကလေးငယ်များရင်ဆိုင်ရမယ့် ဆိုးကျိုးများ

December 17, 2018

တစ်နေ့ကို ၇နာရီထက်ပိုပြီး ဖုန်းကြည့်သော ကလေးငယ်များ သင့်အနီးအနားတွင် ရှိနိုင်ပါတယ်။နေ့စဉ်ဖုန်းအသုံးပြုမှုများခြင်းဖြင့် ကလေးငယ်များရဲ့ ဦးနှောက် ပုံသဏ္ဍာန်ပြောင်းလဲမှုဖြစ်ပေါ်လာပြီး နောက်ဆက်တွဲအနေဖြင့် အိုင်ကြူနိမ့်ခြင်း၊ဦးနှောက်စွမ်းရည်ကျဆင်းခြင်းနဲ့ မှတ်ဉာဏ် ယိုယွင်းခြင်းတို့ ဖြစ်ပေါ်နိုင်သော အလားအလာများပါတယ်။ -ဒါကို သက်သေပြဖို့အတွက် သိပ္ပံပညာရှင်များဟာ ၉နှစ်နဲ့၁၀နှစ်အရွယ်ကလေးငယ် ၁၁၀၀၀ကို လေ့လာစမ်းသပ်မှုတစ်ခု ပြုလုပ်လျက်ရှိပါတယ်။ -ထိုစမ်းသပ်မှုကို ယူရိုငွေ၂၃၆သန်းအကုန်အကျခံပြုလုပ်နေတာဖြစ်ပြီး ထိုစမ်းသပ်မှုကနေ စမတ်ဖုန်းများအသုံးပြုမှုကြောင့် ဦးနှောက်ပျက်စီးခြင်းရဲ့ ကနဦးလက္ခဏာများကို တင်ပြနိုင်ခဲ့ပါတယ်။ -စမ်းသပ်မှုမှာ တစ်နေ့ကို ဖုန်းရနာရီအသုံးပြုသောအုပ်စုနဲ့ တစ်နေ့ကို ဖုန်း၂နာရီသာ အသုံးပြုသောအုပ်စုဆိုပြီး အုပ်စု၂ခုကို နှိုင်းယှဉ်ခဲ့ပါတယ်။ -တစ်နေ့ကို ၇နာရီအသုံးပြုသောကလေးငယ်များတွင် အာရုံကြောစနစ်များစုဝေးနေတဲ့ ဦးနှောက်အပြင်ဘက်ဆုံးအလွှာပါးလာခြင်း လက္ခဏာများ တွေ့ရှိလာတာဖြစ်ပါတယ်။ -တစ်နေ့ကို ၂နာရီသာအသုံးပြုသော ကလေးငယ်များအနေနဲ့လဲ စဉ်းစားတွေးခေါ်ခြင်းနဲ့ဘာသာစကားစမ်းသပ်မှုတွေမှာ ရမှတ်နည်းပါးတာတွေ့ရပါတယ်။ -အမေရိကန်နိုင်ငံရဲ့ လေ့လာချက်များအရ ဖုန်းအသုံးပြုမှုများသူ ကလေးငယ်များဟာ မှတ်ဉာဏ်အားနည်းမှု၊ခွဲခြမ်းစိတ်ဖြာနိုင်သောစွမ်းရည်ကျဆင်းမှုနဲ့ အာရုံစိုက်မှုအားနည်းခြင်း ပြသနာများတွေ့ကြုံလာရမှာ […]

Read More

ထက်မြက်တဲ့ အမျိုးသမီးဖြစ်အောင် ဘယ်လိုလုပ်မလဲ?

December 15, 2018

ယနေ့ခေတ်ကြီးမှာ မိန်းကလေးတွေဟာ ယောက်ျားလေးတွေနဲ့အပြိုင် ရင်ဘောင်တန်းနေနိုင်ကြပါပြီ။ အမျိုးသမီးထုကြီးဟာ ဖိနှိပ်ချုပ်ချယ်မှုတွေကို တွန်းလှန်တိုက်ခိုက်ပြီး ကိုယ့်စိတ်ကိုယ့်ကိုယ်နဲ့ နေနိုင်အောင် ကြိုးစားနေကြပါတယ်။ ယောက်ျားတွေနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ ကိုယ်ကိုယ်တိုင် ယောက်ျားတစ်ယောက်နဲ့ တူလာဖို့ မလိုဘဲ စိတ်ဓာတ်ရေးရာမှာပဲ ကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။ ဒီလိုပြီးပြည့်စုံပြီး ထက်မြတ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာဖို့အတွက် အောက်ကအချက်တွေ ရှိနေဖို့ လိုပါတယ်။ သင့်တန်ဖိုးကို နားလည်ပြီး မြှင့်တင်ပါ။ ပတ်ဝန်းကျင်က ရှေးရိုးစွဲသူတွေ ပြောနေကြတဲ့ မိန်းမဆိုတာ သူ့နေရာနဲ့ သူနေပြီး သူလုပ်သင့်တဲ့ အလုပ်ကိုပဲ လုပ်ရမယ်ဆိုတဲ့ စကားတွေကို နားမထောင်ပါနဲ့။ ကိုယ့်တန်ဖိုးကို သူများက သတ်မှတ်တာကို မခံပါနဲ့။ ကိုယ့်တန်ဖိုးကို ကိုယ်ကသိမှသာ သူများတွေကလည်း တဖြည်းဖြည်းနဲ့ အသိအမှတ်ပြုလာမှာပါ။ ‘မိန်းကလေးပဲ၊ ယောက်ျားလေးမှ မဟုတ်တာ’ ဆိုတဲ့ စကားစုနဲ့ ကိုယ့်တန်ဖိုးကို […]

Read More

ချစ်သူကိုမေးဖို့ ပျော်စရာ စကားလေးတွေ

December 15, 2018

အရမ်းချစ်ရတဲ့ ချစ်သူချင်း မေးသင့်တဲ့ မေးခွန်းတွေပါ … တစ်ချို့မေးခွန်းတွေက နည်းနည်း နှိုက်နှိုက်ချွတ်ချွတ် ရှိတယ် ထင်ရင် ကိုယ့်ဘာသာ ဉာဏ်သုံးပြီး ရှောင်ပါလေ။ နောက် မိတ်ဆွေအဆင့်လောက်နဲ့ သွားမေးရင် ပြဿနာတက်နိုင်တာ လေးတွေ ပါပါတယ်။ ဒီတော့ အရမ်း(အရမ်း)ကို ချစ်ရတဲ့ ချစ်သူချင်းသာ မေးဖို့ အကြံပေးချင်ပါတယ်။ မေးခွန်းတွေပဲ သီးသန့်ဖော်ပြထားတာ ဖြစ်ပါတယ်။ အဖြေကတော့ သင့်ချစ်သူဆီမှာ ရှိပါလိမ့်မယ်။ (၁) မင်းက ဆိုးသလား၊ လိမ္မာသလား … ? (၂) ကိုယ်ပျောက်နိုင်တဲ့အစွမ်းရှိရင် ဘာလုပ်မယ်စိတ်ကူးလဲ … ? (၃) ဘယ်အချိန် အရှက်ဆုံးလဲ … ? (၄) ဘယ်အချိန် အပျော်ဆုံးလဲ … ? (၅) အူကြောင်ကြောင် ဘဲတွေရဲ့ […]

Read More

အကြောင်းအရင်းအမျိုးမျိုးနဲ့ လက်ထပ်ခဲ့ကြပုံ

December 11, 2018

လက်ထပ်ခြင်းလို့ ဆိုလိုက်တာနဲ့ များသောအားဖြင့်တော့ အချစ်နှစ်ခု ပေါင်းစပ်တယ်လို့ လွယ်လွယ်တွေးတတ်ကြပါတယ်။ တကယ်တော့ လက်ထပ်ခြင်းရဲ့ အခြားတစ်ဖက်မှာ အခြားအကြောင်းပြချက်တွေလည်း ရှိနေပါသေးတယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကတော့ လက်ထပ်ခြင်းနဲ့ပတ်သက်တဲ့ အကြောင်းပြချက်တွေထဲက အချို့ဖြစ်ပါတယ်။ (၁) ချောင်ပိတ်မိနေလို့ (အမျိုးသမီးတစ်ဦး)- အမှန်တော့ သူ့ကို ကျွန်မ မချစ်ခဲ့ပါဘူး။ အခု အိမ်ထောင်သက် ဆယ်နှစ်ကျော်နေပါပြီ၊ ချစ်တယ်လို့ တစ်ခါမှ မစဉ်းစားခဲ့မိပါဘူး။ ဒါ တော်တော်လေး ထူးဆန်းပါတယ်။ နောက်ဆုံး ခြုံပြောရရင်တော့ ကျွန်မမိဘတွေရဲ့ အ တင်းတိုက်တွန်းမှုနဲ့၊ ဆွေမျိုးသားချင်းတွေရဲ့ ဆန္ဒအရ သူ့ကို လက်ထပ်လိုက်ရတာပါ။ တစ်ချို့က ကိုယ်မချစ်တဲ့သူတစ် ယောက်ကို လက်ထပ်လိုက်ပြီးနောက် ချစ်သွားကြလိမ့်မယ်လို့ ဆိုကြပါတယ် … တကယ်တော့ အချစ်ဆိုတာဖြစ်ဖို့ အဲဒီ လောက် မလွယ်ပါဘူး။ (၂) […]

Read More

Youtube ကနေ မီလျံနာဖြစ်လာတဲ့ ဉာဏ်ကောင်းသူလေးများ

December 11, 2018

အသက် ၈ နှစ်အရွယ်ဆိုတာ ကိုယ်ပိုင်ဝင်ငွေရှာဖို့ စောသေးလွန်းတယ်လို့ ထင်နိုင်ကြပါတယ်။ ဒါပေမယ့် အမေရိကန်က ကျောင်းသားလေး Ryan တစ်ယောက်ကတော့ အရုပ်တွေအကြောင်းကို Youtube မှာ review တင်ပြီး ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၂ သန်းအထိ ချမ်းသာလာခဲ့ပါတယ်။ သူ့လိုပဲ ဘယ်သူတွေ ရှိဦးမလဲ။ Ryan အပါအဝင် ငယ်ငယ်ရွယ်ရွယ်နဲ့ မီလျံနာဖြစ်နေကြတဲ့ Youtube စတား ၆ ဦးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ အရင်ဆုံး Youtube ဘလော့ဂါတွေထဲက အချမ်းသာဆုံး ၂ ယောက်ကို ဖော်ပြပေးပါမယ်။ Ryan ToysReview ၈နှစ်သားလေး Ryan ကတော့ သူ့ရဲ့ အမြွှာညီမ ၂ ယောက်နဲ့အတူ Youtube channel မှာ အရုပ် review […]

Read More

လူ့အရိုးစုတွေနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ဘုရားကျောင်း

December 10, 2018

ချက် နိုင်ငံမှာရှိတဲ့ ဘုရားကျောင်းတစ်ဆောင်ဟာ သေခြင်းတရားနဲ့ ရှင်သန်ခြင်းအကြောင်းတရားတို့ကို တွေးဆဖို့ အကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်။ သေခြင်းတရားရဲ့ အမှတ်အသားကို လူသားတွေရဲ့ အရိုးစုတွေနဲ့ အဓိကထား ဆင်ယင်ချိတ်ဆွဲထား ဖော်ပြထားတာလည်းရှိပါတယ်။ အရိုးစု ဘုရားကျောင်းလို့ ထင်ရှားတဲ့ Sedlec Ossuary ကို လွန်ခဲ့တဲ့ (၁၂၀၀) ပြည့်နှစ်ကတည်းက တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ဘိုဟီးမီးယားတွေရဲ့ မြှုပ်နှံရာ နေရာတစ်ခုလည်းဖြစ်လာခဲ့တယ်။ ဒီဘုရားကျောင်းရဲ့ သုဿာန်မှာ (၁၄၀၀) ပြည့်နှစ်ကနေ စပြီး လာရောက် မြှုပ်နှံတဲ့ ရုပ်အလောင်း (၃၀၀၀၀) အထက်ရှိပါတယ်။ မြှုပ်နှံထားတာတွေက (၁၃၁၈) ခုနှစ်မှာ ဖြစ်ပွားတဲ့ ပလိပ်ရောဂါနဲ့ Hussite တိုက်ပွဲအတွင်း သေဆုံးသွားကြတဲ့ သူတွေရဲ့ ရုပ်အလောင်းတွေလို့သိရတယ်။ (၁၄၀၀) ပြည့်နှစ်နောက်ပိုင်းမှာ ရုပ်အလောင်းတွေ အလွန်များလာတာကြောင့် တူးထုတ်ပြီး […]

Read More

ကမ္ဘာပေါ်ရှိ အကောင်းဆုံးအလုပ် (၉) မျိုးကို လုပ်နေတဲ့ ကံထူးရှင်များ

December 9, 2018

မနက် (၉) ညနေ (၅) အထိမငြီးမငြူအလုပ်လုပ်နေရတဲ့သူတွေ သိပ်အားကျရမယ့်အလုပ်တွေပါလို့ အာမခံပါတယ်။ သူတို့မှာ အချိန်ကန့်သတ်ချက်တွေမရှိဘူး၊ အဝတ်အစားကန့်သတ်ချက်တွေမရှိဘူး၊ အမြဲတမ်းပြင်ပဲမသွားနေရသလို စားပွဲမှာပဲ ကွန်ပြူတာရှေ့တစ်ချိန်လုံးထိုင်မနေရပါဘူး။ သင်ဖုန်းသုံးလို့ လာပြောမယ့်လူမရှိသိလို အလုပ်နောက်ကျလို့လည်း မျက်နှာငယ်လေးနဲ့နေစရာမလိုပါဘူး။ ဘာအလုပ်တွေဖြစ်မယ်မှန်း စိတ်ဝင်ကြားနေကြပြီ ဆိုရင်တော့ ဆက်ပြီး ဖတ်ကြည့်လိုက်ရအောင်နော်။ (၁) ဇိမ်ခံမွေ့ယာတွေကို စမ်းသပ်စစ်ဆေးရသူအမျိုးသမီး Roisin Madigan အိစက်ညက်ညောပြီး အသစ်စက်စက်ထုတ်လုပ်ထားတဲ့ မွေ့ယာပေါ်မှာ နှစ်နှစ်ခြိုက်အိပ်ဖို့အတွက် မွေ့ယာထုတ်ကုမ္ပဏီတွေမှ တကူးတကကိုပိုက်ဆံပေးထားကြတာပါ။ တစ်နေ့အိပ်ချိန် (၈) နာရီလောက်ပေးလိုက်ရုံနဲ့ ဒေါ်လာ (၁၂၀၀) ကျော်ရနေပါတယ်။ (၂) အပန်းဖြေရင်း သိန်း (၁၀၀၀) ကျော်ရနေတဲ့ Ben Southall Hamilton ကျွန်းမှာ (၆) လနေပြီး အပန်းဖြေလိုက် ကျွန်းရဲ့လူသိပ်မသိသေးတဲ့နေရာလေးတွေကိုသွားလိုက်နဲ့ ကျွန်းအကြောင်း blog ရေးပြီး […]

Read More