ပြည်တွင်းသတင်း

ဗိုလ်ချုပ်ပုံပါငွေစက္ကူများ ဒီဇင်ဘာအပြီးရိုက်နှိပ်ထုတ်ဝေရန်စီစဉ်

August 4, 2019

ဗိုလ်ချုပ်အောင်ဆန်းပုံပါငွေစက္ကူများကို ဒီဇင်ဘာအပြီး ရိုက်နှိပ်ထုတ်ဝေရန်စီစဉ်နေကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုဥက္ကဋ္ဌဦးစိုးသိန်းက သြဂုတ် ၂ ရက်တွင် ပြောသည်။ ”ဒီဇင်ဘာလလောက်ကို Target ထားထားတယ်။ ကျော်သွားလည်း နည်းနည်းပေါ့။ အများကြီးမကျော်နိုင်ပါဘူး”ဟု ၎င်းက ပြောသည်။ ယင်းသို့ထုတ်လုပ်ရာတွင် ငွေကြေးပမာဏနှင့် မည်သည့်ငွေကျပ်တန် ထုတ်လုပ်မည်ကိုမဆုံးဖြတ်ရသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ၁၉၈၈ နောက်ပိုင်း ဗိုလ်ချုပ်ပုံပါသည့် ငွေစက္ကူအမျိုးအစားသစ်များကို ထပ်မံရိုက်နှိပ်ခြင်းမရှိတော့ဘဲ ကေသရာဇာခြင်္သေ့မင်းပုံပါသည့် ငွေစက္ကူများသာရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ဗိုလ်ချုပ်ပုံပါငွေစက္ကူများ ထပ်မံရိုက်နှိပ်ထုတ်ဝေရန်အတွက် လွန်ခဲ့သည့် ၂ဝ၁၃ခုနှစ်နိုဝင်ဘာ ၁၃ရက်က ပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး၌အဆိုတင်သွင်းခဲ့ရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် ငွေစက္ကူများထပ်မံထုတ်ဝေရန်ရှိသောအချိန်၌ ထင်ရှားသောနိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံ၏ ထင်ရှားသောအဆောက်အအုံ၊ ရှုခင်း၊ အထိမ်းအမှတ်ပန်းခြံ စသည်တို့ကို အခြေအနေအချိန်အခါနှင့်လိုက်လျောညီထွေရှိမည့်ပုံများကို ထည့်သွင်းရိုက်နှိပ်ထုတ်ဝေသွားမည်ဟု ပြန်လည်ရှင်းလင်းခဲ့ဖူးသည်။MMtimes

Read More

ကလေးများကို ရိုက်သည့် ဆရာ၊ဆရာမများကို ထောင်ခြောက်လနှင့် ဒဏ်ငွေ သုံးသိန်း ချမှတ်မည်

August 3, 2019

ဆရာသမားများကို အနန္တ ဂိုဏ်းဝင်များအဖြစ် ဗုဒ္ဓဘာသာဝင် မြန် မာလူမျိုးများက မှတ်ယူထားကြ သည်။ ထို့ကြောင့် ဆရာသမား များ၏ဆိုဆုံးမစကားများကို လေးစားလိုက်နာ၊ နာယူမှတ်သားကြ သည်။ ဆရာများအနေဖြင့်လည်း ‘ဆရာ့ကျင့်ဝတ်’ ငါးပါးဖြစ်သည့်‘အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ’ဟူသော သင်္ဂဇာဆရာတော်ဘုရားကြီး၏ သင်္ဂါလောဝါဒဆုံးမစာ ပါအတိုင်း တပည့်များအပေါ် ထားရှိရမည့် ကျင့်ဝတ်များ ကို လိုက်နာဆောင်ရွက်ကြသည်။ ပညာ(အသိပညာ၊ အတတ်ပညာ)သင်ကြားပို့ချပေးရုံသက် သက်မျှသာမဟုတ်ဘဲ လိမ္မာရေး ခြားရှိလာအောင်၊ လူကောင်းလူတော်ဖြစ်လာအောင်၊ လူရည်မွန်၊ လူရည်ချွန်ဖြစ်လာအောင် ဆိုဆုံးမခြင်းကိုပါ တစ်ပါတည်းပြုလုပ် သွားသူ၊ ပြုစုပျိုးထောင်ပေးသူ မြတ်ဆရာများလည်း အများအ ပြားရှိပါသည်။ ‘မြတ်ဆရာ’ ဟူသည် ‘ရှေးရှုမေတ္တာ၊ ကရုဏာနှင့် နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း၊ ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍၊ ကျိုးလိုစိတ်က […]

Read More

တိတိကျကျ အသက်ဝင်လာတော့မည့် ယူနီကုဒ်

August 2, 2019

ပြည်တွင်း၌ အသုံးပြုလျက်ရှိသော ကွန်ပျူတာသုံး မြန်မာစာစနစ်နှင့်ပတ်သက်ပြီး ပညာရှင်များအကြား အငြင်းပွားနေခဲ့သည်မှာ နှစ်များစွာရှိပြီဖြစ်ကာ တိကျသည့် စံသတ်မှတ်မှုတစ်ခုကို ယနေ့ထိချမှတ်နိုင်ခြင်း မရှိသေးပေ။ သို့သော် ယခုနှစ် ဖေဖော်ဝါရီလအတွင်း အမျိုးသားစံချိန်စံညွှန်းကောင်စီက ထိုမတိကျမှုတွေ အားလုံးအတွက် အံ့အားသင့်ဖွယ် ထုတ်ပြန်ချက်တစ်ရပ်ကို သတ်မှတ်ထုတ်ပြန်ခဲ့သည်။ထိုအရာသည် စံသတ်မှတ်ချက်နှင့် ကိုက်ညီသည့် ယူနီကုဒ်စနစ်သုံး မြန်မာစာစနစ် (Unicode Standard, ISO 10646) ကို တစ်ပြေးညီအသုံးပြုကြရန် ထုတ်ပြန်ချက်ပင်ဖြစ်သည်။ ထိုထုတ်ပြန်ကြေညာချက်မတိုင်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်အစိုးရရုံးများတွင် ယူနီကုဒ်စနစ်ကို လိုက်နာသော ကွန်ပျူတာသုံး မြန်မာစာစနစ်အဖြစ် ပြည်ထောင်စုဖောင့် (Pyidaungsu Font ) ကို ပြောင်းလဲအသုံးပြုရန် တိုက်တွန်းပြောကြားခဲ့ပြီး အတည်ပြု လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ ပြည်ထောင်စုဖောင့်သည် Myanmar 3 ကိုအဆင့်မြှင့်ထားသည့် ဖောင့်ဖြစ်ပြီး အသုံးပြုမှုတွင်ကျယ်လာပါက တိုင်းရင်းသား ဘာသာစကားများကိုပါ […]

Read More

သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ ထိုင်းစစ်တပ်မှ သစ်စေ့ပေါင်း ၉ သိန်းခန့် ကောင်းကင်ပေါ်မှ ကြဲချ

July 29, 2019

သစ်တောပြုန်းတီးမှုဟာ လက်ရှိအချိန်မှာ ကမ္ဘာနဲ့တဝှမ်း ရင်ဆိုင်နေရတဲ့ ပြသနာတခုဖြစ်ပြီး သဘာဝ ဘေးအန္တရာယ်တွေ ဖြစ်ပွားစေတဲ့ မူလအရင်းအမြစ်လည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေတည်းကစပြီး သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုကို ကာကွယ်နိုင်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ထိန်းချုပ် ပြုလုပ်ခဲ့ကြပေမယ့် တနှစ်ထက်တနှစ် ရာသီဥတု ဆိုးရွားမှုတွေနဲ့သာ တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအနေနဲ့တော့ သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ လျင်မြန် လွယ်ကူပြီး အကျိုးသက်ရောက်မှု ရှိတယ်လို့ ယုံကြည်ထားတဲ့ အစီအစဉ်တခုကို ဖော်ဆောင်လိုက်ပြီပဲ ဖြစ်ပါတယ်။ သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ ပြုလုပ်လိုက်တဲ့ ထိုင်းနိုင်ငံရဲ့ အစီအစဉ်ကတော့ နိုင်ငံပိုင် စစ်တပ်သုံး လေယာဉ်တွေကို အသုံးချပြီး သစ်စေ့တွေကို ကောင်းကင်ကနေ ကြဲချတာပဲ ဖြစ်ပါတယ်။ လေယာဉ်တွေနဲ့ ကြဲချလိုက်တဲ့ အဲဒီ သစ်စေ့တွေဟာဆိုရင်တော့ ပျက်စီးနေတဲ့ မြေနေရာတွေနဲ့ […]

Read More

မန္တလေးကကျူးကျော်ဆိုပြီး အင်အားသုံးဖယ်ရှားခံရတဲ့ မြင်ကွင်း

July 27, 2019

မန္တလေး မြို့ ၈၄ လမ်း မန္တလေး-စစ်ကိုင်းလမ်းပေါ်မှာ အစိုးရပိုင် မြေ ပေါ်မှာ ကျူးကျော်တယ်ဆိုပြီး ဇူလိုင်လ (၂၇)ရက်နေ့ ဒီနေ့ နံနက်ပိုင်းက စည်ပင်က ရဲအင်အားသုံး ဖယ်ရှား ရှင်းလင်းခဲ့တဲ့ မြင်ကွင်း ဓာတ်ပုံတွေပါ။ အဲဒီမှာ အာဏာပိုင် စည်ပင်၊ ရဲ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ အသက်(၅၈) နှစ်အရွယ် ဒေါ်မိုးမိုးအေး၊ အသက်(၃၂)နှစ် အရွယ် ကိုဖိုးမောင် နဲ့ အသက်(၂၇)နှစ် အရွယ် မအိမာမွန်တို့ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Read More

အိန္ဒိယပဲကုမ္ပဏီများက မြန်မာ့ပဲများ အင်တိုက်အားတိုက်ဝယ်ယူမှုမရှိဟုဆို

July 26, 2019

အိန္ဒိယပဲကုမ္ပဏီများက မြန်မာ့ပဲများကို အင်တိုက်အားတိုက် ဝယ်ယူခြင်းမရှိကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ ဇူလိုင် ၂၃ ရက်၌ သိရသည်။ ခန့်မှန်းတွက်ချက် “အိန္ဒိယကုမ္ပဏီတွေက ပဲဝယ်ယူမှုပုံမှန် လေးတော့ရှိတယ်။ ဒါပေမဲ့ အင်နဲ့အားနဲ့ ဝယ်တာမျိုးတော့မဟုတ်ဘူး။ သူတို့ပဲဝယ်ယူမှု က လအကန့်အသတ်နဲ့ဝယ်ယူရတာ။ သူတို့ နိုင်ငံကို အောက်တိုဘာလကုန်နောက်ဆုံးထား ပြီးရောက်ရမှာ။ ပထမအချက်အနေနဲ့သူတို့က ကိုတာသတ်မှတ်ထားတယ်။ နောက်တစ်ချက်က ကုမ္ပဏီ ၁၀ဝ၀ ကျော်ကို ခွဲပေးထားတယ်။အဲဒီတော့ ပဲဝယ်ယူမှုကပြန့်နေတယ်။ ဝယ်ပြီး တဲ့ကုမ္ပဏီကဝယ်ပြီးပြီ။ ဝယ်နေတုန်းနဲ့ မဝယ် ရသေးတဲ့ကုမ္ပဏီတွေလည်း မဝယ်ရသေးတာ မျိုးဖြစ်နေတယ်။ ပဲစင်းငုံဝယ်လိုက်၊ မတ်ပဲ ဝယ်လိုက်နဲ့ အင်တိုက်အားတိုက်ဝယ်တာမျိုး တော့မဟုတ်ဘူး။ ဝယ်ယူမှုဘယ်လောက်ရှိပြီ လဲဆိုတာတော့ ခန့်မှန်းတွက်ချက်လို့မရသေး ပါဘူး”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်များအသင်း အတွင်းရေးမှူး […]

Read More

မြန်မာနိုင်ငံရဲ့ PUBG မိုဘိုင်းလ်ဂိမ်းပြိုင်ပွဲကြီးကို မြန်မာပလာဇာတွင် ကျင်းပမည်

July 19, 2019

မြန်မာနိုင်ငံမှာ ပြု လုပ်ခဲ့ဖူးသမျှ PUBG မိုဘိုင်းလ် ပြိုင်ပွဲမှာ ဆုကြေးငွေအများဆုံး ကျပ် သိန်း ၁ဝဝ ပေးအပ်မယ့် PUBG မိုဘိုင်းလ်ဂိမ်းပြိုင်ပွဲကြီးကို Mytel မှ Claw Esports နဲ့ပူး ပေါင်းပြီး ဖိုင်နယ်ပွဲနေ့ နှစ်ရက် ကို ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Mytel ရဲ့ ပြင်ပဆက်ဆံရေး အရာရှိချုပ်  ဦးဇော်မင်းဦးက “အခု လို မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး e-sport ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Galaxy Challenge ပွဲ ကြီးကို တရားဝင် ဆက်သွယ်ရေး ဆိုင်ရာ ပံ့ပိုးသူအ နေနဲ့ ကူညီခွင့်ရလို့လဲ ဂုဏ်ယူမိပါ တယ်၊ ကျွန်တော်တို့ရဲ့ မြန်ဆန် တည်ငြိမ်တဲ့ အင်တာနက်ကို သုံး ပြီး ကစားသမားတွေအနေနဲ့ ဘယ် […]

Read More

တရုတ် အဲကွန်းစက်ရုံက မြန်မာနိုင်ငံမှာ ယွမ်သန်း ၅ဝဝဝ ခန့် ရင်းနှီးမြှုပ်နှံမည်

July 19, 2019

တရုတ်နိုင်ငံက ရောင်းအား အကောင်းဆုံးစာရင်း ဝင် ကုမ္ဗဏီတစ်ခုဖြစ်တဲ့ Gree အဲ ကွန်းစက်ရုံက မြန်မာနိုင်ငံမှာ တ ရုတ် ယွမ်သန်း ၅ဝဝဝ ခန့် ရင်းနှီး မြှုပ်နှံဖို့ ခန့်မှန်းထားတယ်လို့ သိရ ပါတယ်။ Gree ကုမ္ဗဏီ ကို ၁၉၉၁ ခုနှစ် မှာ စတင်တည်ထောင်ခဲ့တာ ဖြစ် ပြီး တရုတ်နိုင်ငံ ကျူးဟိုင်မြို့မှာ အခြေပြု ထုတ်လုပ်ခဲ့ပါတယ်။ ဘရာဇီး၊ပါကစ္စတန် အပါအ ဝင် ပြည် နယ်ပေါင်း ၁၄ ခုမှာကိုယ် ပိုင် နည်းပညာ ကိုယ်ပိုင်ဒီဇိုင်းနဲ့ ထုတ် လုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲကွန်းအပါအဝင် တခြား အီ လက်ထရွန်းနစ်ပစ္စည်းပေါင်း များ စွာကိုလည်း ထုတ်လုပ်ပေးနေတဲ့ ကုမ္ဗဏီတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံက စီးပွားရေးတွေ […]

Read More

မလှိုင်မြို့နယ် ကျေးရွာများတွင် မိုးကောင်း ၁၀ နှစ်တာကာလအတွင်း နှမ်းအကောင်းဆုံးဖြစ်ထွန်း

July 17, 2019

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ကျေးရွာများရှိ နှမ်းစိုက်တောင်သူများ မိုးကောင်းစွာ ရွာသွန်းခဲ့၍ ၁၀ နှစ်တာကာလအတွင်းတွင် ယခုနှစ်၌ နှမ်းအကောင်းဆုံး ဖြစ်ထွန်းကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။ ထန်းပင်ကန်ကျေးရွာနေ နှမ်းစိုက်တောင် သူ ဦးလှဖေက “နှမ်းစိုက်လာတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ အခုနှစ်က နှမ်းအဖြစ်ဆုံး ပါ။ နှမ်းကို ရက်ပေါင်း ၆၀ လောက် စိုက်ပျိုးရပြီး ကျွန်တော် အခြောက်စိုက်ထားတာပါ။ မေ ၁၅ ရက်မှာ စစိုက်ခဲ့ပြီး ၂၃ ရက် က မိုးရွာသွန်း ခဲ့တာပါ။ စိုက်ခဲ့တာ တစ်လခွဲလောက်ရှိပါပြီ။ နှစ်လခွဲလောက်ကျမှ ရိတ်ရမယ်။ အခုတော့ အပွင့်လည်း မြိုင်တုန်းရှိသေးတယ်။ နှမ်းခေါင်း မကျိုးသေးပါဘူး။ မနှစ်က နှမ်းအဟောင်းက အခု ကျပ် ၄၅,ဝ၀ဝ၊ ၅၀,ဝ၀ဝ […]

Read More

ဘာသာရေးကို ခုတုံးလုပ် အသုံးချ​နေတဲ့ လူလိမ်​ အလှူခံများ

July 16, 2019

ဒီနေ့ အိမ်ကို အလှူခံလာသည်… ၂၅ ၃၀ ဝန်းကျင် ယောက်ျားလေး ၃ ယောက်ဖြစ်၏… ကျွန်တော်က ဘာလုပ်ဖို့ အလှူခံတာလဲ မေးတော့ ဘုန်းကြီးဆွမ်းကပ်ဖို့တဲ့… လက်ထဲကို စာရွက်တွေ ထိုးထည့်ပေးလာ၍ ကြည့်လိုက်တော့ အလှူရှင်စာရင်းစာရွက်နှင့် အလှူခံခွင့်ပြုကြောင်း ရပ်ကွက်ထောက်ခံစာကို အုပ်ကြီး လက်မှတ်ထိုးထားသော မိတ္တူစာရွက်တွေဖြစ်နေသည်… အလှူရှင်စာရင်းမှာတော့ နာမည်တွေနှင့် ဘယ်သူကသံဃာ ဘယ်ပါး ဆိုတာကို ရေးထား၏… ဆွမ်းကဘယ်မှာကပ်မှာလဲမေးရာ ကျွန်တော်တို့ရပ်ကွက်ရုံးမှာဟု ဖြေသဖြင့်… အိမ်နှင် ၅ အိမ်ခန့်သာခြားသော ရပ်ကွက်ရုံးဘက်ကို လက်ဖြင့်ညွှန်ပြကာ… ဒီရပ်ကွက်ရုံးမှာလားဆိုတော့ ဟုတ်ပါတယ်… အုပ်ချုပ်ရေးမှူးထောက်ခံစာနဲ့ လက်မှတ်ပါပါတယ်ဟု ပြောကာ လက်ထဲက မိတ္တူစာရွက်ကိုညွှန်ပြ၏… မူရင်းမပါဘူးလား မေးရာ ပလပ်စတိတ်ဖိုင်အကြည်ဖြင့် ထည့်ထားသော မူရင်းကို ပြပါသည်… လက်ထဲက သူများတွေလှူထားသော စာရင်းတွင်လည်း သံဃာ […]

Read More