Uncategorized
ယူနီကုဒ်ပြောင်းလဲဖို့အတွက်
September 30, 2019
မင်္ဂလာပါ ကျွန်တော် ဒီနေ့ ပြောပြမဲ့အကြောင်းအရင်းကတော့ ဇော်ဂျီသုံးသူကနေ ယူနီကုဒ်ကူးပြောင်းလိုက်တာနဲ့ ကြုံတွေ့ရမည့်အခတ်အခဲကို ဖြေရှင်းနည်းလေးပါပဲ။ဘယ်လို အခတ်အခဲတွေလဲ?အရင်ဇော်ဂျီဖြင့်ရေးထားသော ဖုန်းနံပါတ်တွေ/ သီချင်းတွေ/ ဖိုင်တွေ/ ဗွီဒီယိုတွေ ဒါတွေဟာ မမှန်နိုင်တော့ပါဘူး။ ဒီပြသနာကို ဘယ်လိုဖြေရှင်းမလဲဆိုရင် Bagan keyboard update ထည့်သွင်းအသုံးပြုပြီး ဖြေရှင်းနည်းလေးပါပဲ။ အခြားမလိုအပ်ပါဘူး။ကဲအောက်မှာကြည့်လိုက်ပါ အပေါ်ကပုံကတော့ ယူနီကုဒ်ရှိပြီးသားဖုန်းလို့ ပြောတာပါ။ အချို့ဖုန်းတွေမှာ ယူနီကုဒ်ရှိနေပေမဲ့မရှိဘူးပြောတက်ပါတယ် အဲအချိန်ဆို auto detect ကို ပိတ်လိုက်ပြီး မိမိစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ မိမိစိတ်ကြိုက်ရွေးချယ်တဲ့နေရာမှာ စာရိုက်ပုံလည်း စိတ်ကြိုက်သုံးလို့ရပါတယ်။ နောက်ထက်အကြံပြုချင်တာကတော့ Bagan Keyboard မှာ ဦ အက္ခရာမပါဝင်ပါဘူး ဒါကြောင့် ဥ + ီ လို့ရေးလျှင်အမှားဖြစ်ပေါ်လာပါမယ် ယခု update မှာ မလိုတာတွေပါဝင်နေတာလည်း တွေ့မြင်ရပါတယ်။ ယူနီကုဒ်သုံးပြီး ဇော်ဂျီသုံးသူကို […]
Read More
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရွှေဆိုင်(၃)ဆိုင်မြောက် အနုကြမ်းဝင်စီးခံရခြင်း
July 8, 2019
တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ရှင်းမန် & ရှင်းဒါ(၂) ရွှေဆိုင်တွင် ၂၀၁၉ခုနှစ် ဇူလိုင်လ(၈)ရက်နေ့ နံနက်ပိုင်းက အနုကြမ်းဝင်စီးခံရ၍ ရွှေ(၄၂)ဘတ်သား ဝန်းကျင်ပါသွားကြောင်းနှင့် ယခု ဖြစ်စဉ်အပါအဝင် ၂၀၁၉ခုနှစ်အတွင်း ရွှေဆိုင်(၃)ဆိုင်မြောက် အနုကြမ်းစီးကာ လုယက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ ဆိုင်ကယ်ဦးထုပ်များ ဆောင်းထားကာ သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသားနှစ်ဦးသည် နံနက်(၈)နာရီခွဲဝန်းကျင်က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ ပြေးဝင်လာကာ လုယက်မှုကျူးလွန်ရာ (၂၆)ဘတ်သားရှိ ရွှေဘယက်ဆွဲကြိုး(၁)ကုံး နှင့် (၁၆)ဘတ်သားရှိ ရွှေဘယက်(၁)ကုံးတို့ ပါသွားရာ စုစုပေါင်းတန်ဖိုးငွေမှာ ထိုင်းဘတ်ငွေ(၈၉၉,၃၆၇)ဘတ် ရှိကြောင်း သိရသည်။ “ဆိုင်ဖွင့်ချိန် ဝင်လုတာပေါ့။ အခုတော့ လိုက်နေတုန်း။ အဆွေတော်လမ်းကြားဘက်ကို ဝင်ပြေးတာ။ Scoopy ဆိုင်ကယ်နဲ့လာတာ။”ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့မှ […]
Read More
အသက်(၄)နှစ်အရွယ် ကလေးငယ်အား ဆွဲလုသည့် အမျိုးသားတစ်ဦးကို ဝိုင်းဝန်းဖမ်းဆီးက ရဲလက်အပ်
July 8, 2019
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ အမှတ်( ၇ )ရပ်ကွက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနီး လမ်းပေါ်တွင် ၂၀၁၉ခုနှစ် ဇူလိုင်လ (၈)ရက် နံနက်ပိုင်းက အသက် (၄)နှစ်အရွယ် ကလေးတစ်ဦးအား အမျိုးသားတစ်ဦးက ဆွဲယူလုခေါ်သဖြင့် ပတ်ဝန်းကျင်ရှိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးကာ ရဲတပ်ဖွဲ့ထံသို့ အပ်နှံလိုက်သည်။ ကလေးငယ်သည် မိခင်ဖြစ်သူနှင့် အဆိုပါအုပ်ချုပ်ရေးမှူးရုံးအနီးရှိ မူကြိုကျောင်းသို့လာရောက်စဉ် အသက် (၃၀)ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက ကလေးအားလုယူဆွဲခေါ်ခြင်းဖြစ်ပြီး ကလေးမိခင်က အော်ဟစ်အကူညီတောင်းခံရာမှ အနီးအနားပတ်ဝန်းကျင်က လာရောက်ကာ ဝိုင်းဝန်းဖမ်းဆီးလိုက်ကြခြင်းဖြစ်ကြောင်း သိရသည်။ “လူပုံစံက ကြောင်တောင်တောင်နဲ့ပဲ၊ ဘာမေးမေးလဲ မေးမရဘူး၊ ပတ်ဝန်းကျင်က အသိမြန်လို့တော်သေးတယ်၊ ကလေးအမေရဲ့အော်သံကြောင့် အကုန်လုံးသိပြီး ဝိုင်းဖမ်းလိုက်ကြတာ၊ ကလေးက ယောက်ျားလေး၊ အဲ့ဒီ အမျိုးသားကိုကြည့်ရတာ မူးယစ်ဆေးသုံးစွဲသူနဲ့တူတယ်၊ စုတ်ပြတ်ပြတ်ပုံနဲ့ပဲ၊ မေးတာလဲဘာမှမေးမရဘူး”ဟု ကလေးအားလုယူသည့် အမျိုးသားကိုဝိုင်းဝန်းဖမ်းဆီးပေးခဲ့သူများထဲမှ ကိုစိုင်းက ပြောသည်။ အဆိုပါ အမျိုးသားအား […]
Read More
nextcolony နဲ့ ယောင်လည်လည်
June 21, 2019
Read More
ခေတ်ပေါ်နည်းပညာတွေ
April 20, 2019
အီလက်ထောနစ် စက်ပစ္စည်းတွေမှာ ခုခေတ်စားနေတာကတော့ AI နည်းပညာ ဖြစ်ပြီး ငွေကြေးပိုင်မှာ ခေတ်စားနေတာကတော့ crypto currency ပဲဖြစ်ပါတယ်။ AI နည်းပညာဆိုသည်မှာ ဉာဏ်ရည်တုကိုအသုံးယူထားပြီး မှတ်သားနိုင်တဲ့ နည်းပညာပါ။ ဘာတွေကိုမှတ်သားနိုင်သလဲဆို အသံ၊ ရုပ်၊ စာ တွေကိုမှတ်သားနိုင်ပြီးတော့ ပြုပြင်ပြောင်းလဲချင်ရင်လည်း ပြောင်းလဲနိုင်အောင်ပြုလုပ်နိုင်တဲ့ နည်းပညာလို့ အလွယ်မှတ်နိုင်ပါတယ်။ ဒါတွေဟာ virtual life တွေပါ တကယ်မရှိတာကို တကယ်ရှိအောင်လုပ်နိုင် ဖန်တီးနိုင်ပြီး တန်ဖိုးမဖျက်နိုင်တဲ့ နည်းပညာရပ်တွေပါ။ ဒီပညာရဲ့နောက်ဆက်တွဲတွေကတော့ ဥပမာ ဖုန်းပြောမယ်ဆိုပါစို့ ဘယ်လောက်ပဲဝေးနေပါစေ မိမိရဲ့ ရှေ့မှာ မျက်နှာချင်းဆိုင် စကားပြောနေရသလို ပုံရိပ်တုနဲ့ မြင်တွေ့ရနိုင်အောင်ဖြစ်ပေါ်လာပါလိမ့်မယ်။ ဒီပညာကိုယခုအသုံးပြုနေကြတာကတော့ Facebook, messenger, Instagram, mobile device တွေနဲ့ ကင်မရာတွေ၊ social platform တွေမှာ […]
Read More
ရှေ့ဆက်ပြီး
March 20, 2019
ဘာလိုလိုနဲ့ ၂၀၂၀ ရောက်တော့မယ် မြန်မာနိုင်ငံအတွက် အစိုးရသစ်တစ်ရပ်ကို ပြည်သူတွေ မဲပြန်ထည့်ရပြန်အုံးမယ်။ ၂၀၁၅ တုန်းကတော့ ဘာပဲဖြစ်ဖြစ် မျက်စိမှိတ်ပြီး NLD ကိုမဲပေးခဲ့ကြတယ်။ အကြောင်းမှာက ပြောင်းလဲမှုကို လူတိုင်းလိုချင်လာလို့ပါ။ အဲတုန်းထဲက ဖြစ်လာမည့်အရာတွေကို ကြိုတွေးခဲ့ဖူးပါတယ်။ အမှန်လည်းဖြစ်လာခဲ့တယ်။ အရင်းအချင်းမရှိတဲ့ လူပုဂ္ဂိုလ်တွေ နေရာတိုင်း အတိုက်အခံပဲလုပ်နေတဲ့လူပုဂ္ဂိုလ်တွေ ဘာမှန်းမသိညာမှန်းမသိလူပုဂ္ဂိုလ်တွေ အာဏာပြတဲ့သူတွေ ကိုယ်က အပေါ်ကဖြစ်ပြီး လမ်းစဉ်ချမပေးပဲ အောက်ကလုပ်တာကို ကန့်လန့်တိုက်တဲ့ အမတ်တွေ နေရာတစ်ခုအတွက်နဲ့ ဦးဆောင်ဦးရွက်မရှိပဲ ခေါင်းရှောင်တဲ့သူတွေ တာဝန်ယူမှု/တာဝန်ခံမှု မလုပ်နိုင်သူတွေ ဒီလိုလူတွေပဲ တွေ့နေရပြန်တယ်။ ကျားကြောက်လို့ ရှင်ကြီးခိုး ကျားကြီးရှေ့မှောက်တိုး ဆိုသလိုပါပဲ။ ခုအချိန်အထိတော့ မြန်မာပြည် အစိုးရသစ်တစ်ခု မဲထည့်စရာမမြင်သေးပါဘူး။ ပြည်ခိုင်ဖြိုးကလည်း လုပ်နေတာတွေရော၊ ပြောနေတာတွေရောက သောက်တလွှဲတွေ NLD ကလည်း လုပ်နိုင်ကိုင်နိုင်သူနဲ့ အရည်အချင်းရှိသူကမမြင် […]
Read More
ကျွန်တော်တို့လူမျိုးတွေရဲ့ အားနည်းချက်
February 21, 2019
ကျွန်တော်တို့လူမျိုးတွေရဲ့ အားနည်းချက်(သို့) မြန်မာနိုင်ငံသားတွေရဲ့အားနည်းချက်က? ……. စုပေါင်းမလုပ်တက်ခြင်း(Team work) ဒီတစ်ခုအားနည်းတာနဲ့ အစစအရာရာ အားနည်းသွားတယ်။ ကလေးထဲက သင်ပေးကြတာ ကိုယ့်ထူကိုယ်ထ ဒီအချက်က အမှားကြီးဖြစ်အောင် လမ်းပြလိုက်တာပါပဲ။ ဒါကြောင့် တကိုယ်ကောင်းဆန်မှုတွေ၊ အတ္တကြီးမှုတွေကြောင့် တိုးတက်မှုအားနည်းခဲ့ပါတယ်။ လူတွေမှာ နေရာတိုင်း အစစအရာရာ တစ်ယောက်ထဲလုပ်နိုင်တယ်ဆိုတာမရှိပါဘူး။ ဒါကြောင့် သူ့နေရာနဲ့သူ ခိုင်းရပါတယ်။ တစ်ယောက်ထဲ မနိုင်ဝန်ထမ်းလည်း သတ်မှတ်ချက်ထက်ပိုလုပ်နိုင်မှာမဟုတ်ပါ။ စုပေါင်းလုပ်ခြင်းက အစစအရာရာ အောင်မြင်နိုင်ပါတယ်။ Co- operation တွေဘာကြောင့်ဖြစ်တာလဲ? စက်ရုံကြီးတွေဘာကြောင့် ဖြစ်လာတာလဲ? အစုရှယ်ယာတွေဘာကြောင့်ဖြစ်လာတာလဲ? မလုပ်နိုင်တာတွေ မဖြစ်နိုင်တာတွေကို ဖြစ်အောင်လုပ်ဖို့ team work တစ်ခုဖန်တီးထားခြင်းပါပဲ။ ဒီအထဲမှာထက်ပြောချင်တာကတော့ ပညာရှင်တစ်ယောက်ဟာ သူကျင်လည်ရာနေရာမှာပဲ တတ်ကျွမ်းမှာပါ။ သူ့အလုပ်သူပဲလုပ်ပါလိမ့်မယ်။ အောင်မြင်သူတွေရဲ့လုပ်ရပ်ကဘာလဲ? ပညာတတ်အောင်မကြိုးစားနဲ့ ပညာတတ်တွေကို ခိုင်းစားနိုင်အောင်ကြိုးစား။
Read More
ကျွန်
February 15, 2019
အချိန်ကြာလာတာနဲ့အမျှ ကျွန်တော်လည်း ကျွန်ဖြစ်ခဲ့ပြီ။ တက္ကသိုလ်ကစလို့ ကွမ်းစားတတ်လာတယ်။ နည်းနည်းကနေ အချိန်ကြာလာတော့ များများဖြစ်လာတာပေါ့။ ဒါနဲ့ ကွမ်းရဲ့ကျွန်ဖြစ်ခဲ့တာနှစ်အတော်ကြာခဲ့ပြီ။ တက္ကသိုလ်ကစလို့ ဘီယာသောက်တတ်လာတယ်။ နည်းနည်းကနေ အချိန်ကြာလာတော့ များများလာတယ် ခုဆို ဘီယာရဲ့ကျွန်လည်းဖြစ်နေခဲ့ပါပြီဗျာ။ ဝါသနာပါရာဦးစားပေးမယ်ဆိုပြီး အင်တာနက်ကို အသုံးပြုလာတာ ၂၀၀၄ ကစလို့ပေါ့ ပုဂံလိုင်းပေါ့ web စာမျက်နှာလေးပေါ်ဖို့အရေး (၁၅)မိနစ်လောက်ထိုင်စောင့်ခဲ့ရတယ်လေ။ ဒီဝါသနာပါရာ ကလည်း ခုအချိန်အထိ ကုန်ကျမှုတွေ အများအပြားပေါ့။ ဝါသနာပါရာလုပ်နိုင်ဖို့ သူ့ရဲ့ကျွန်လည်းဖြစ်ခဲ့ရပါတယ်။ ဆေးပေါတဲ့နယ်မှာနေတော့ ဘီယာ၊ ကွမ်းလောက်တော့ ဘာမှမဖြစ်တော့သလိုဖြစ်နေပါတယ်။ ဆေးကျွန်နဲ့ တဏှာကျွန်ဖြစ်လို့ကတော့ ဘာမှကိုကျန်မှာမဟုတ်တော့။ ကိုယ့်ဘဝကို မသိတာလည်းမဟုတ် ပြုပြင်ဖို့လည်း မကြိုးစားနိုင်တဲ့ အဖြစ်တွေ လူတိုင်းလိုလိုမှာရှိတက်ပါတယ်။ ဒီလိုအရာတွေရဲ့ကျွန်ဖြစ်နေတော့ ဝင်ငွေနည်းတဲ့အချိန်ဆိုရင် ဒုက္ခတွေအများကြီးကြုံရတာပါပဲ။
Read More
အောင်သူကို ခေါ်ယူနိုင်ခဲ့ပြီလို့ ထုတ်ပြန်ခဲ့တဲ့ မြောင်တောင်ယူနိုက်တက်
December 14, 2018
ထိုင်းပရီးမီးယားလိဂ်ကလပ် မြောင်တောင်ယူနိုက်တက်အသင်းအနေနဲ့ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကို ခေါ်ယူဖို့အတွက် အတည်ပြုပြောကြားခဲ့ပြီး လာမယ့် ဒီဇင်ဘာလ (၁၅) ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်ပြီး အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ တရားဝင်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ပုလိစ်တယ်ရိုအသင်းနဲ့အတူ အောင်သူခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းအတွက် (၁၁) ဂိုးသွင်းယူပြီး (၈) ဂိုးဖန်တီးပေးနိုင်ခဲ့ကာ အသင်းရဲ့ တတိယမြောက် ဂိုးသွင်းအများဆုံးကစားသမားတစ်သီးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့အထိ ပထမဆုံးရာသီမှာပဲ ခြေစွမ်းပြသခဲ့ပါတယ်။ ပုလိစ်တယ်ရိုအသင်း နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက်မှာတော့ အောင်သူမြန်မာ့လက်ရွေးစင်အသင်းနဲ့ AFF Suziki Cup 2018 ပြိုင်ပွဲကို ပါဝင်ကစားခဲ့ပြီး အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ထိုင်းပရီးမီးယားလိဂ်မှာ တစ်ပွဲချင်းအကောင်းဆုံးကစားသမားဆုတွေလည်း ပိုင်ဆိုင်ခဲ့တဲ့ အောင်သူကတော့ ထိပ်တန်းအဆင့်သွင်းဂိုးတွေ ခြေစွမ်းတွေနဲ့ တောက်ပခဲ့ပါတယ်။ Suzuki ဖလားပြိုင်ပွဲပြီးဆုံးချိန်တည်းက အောင်သူ့ကို မြောင်တောင်အသင်းကခေါ်ယူမယ်လိုသတင်းတွေထွက်ပေါ်နေခဲ့ပြီး အခုမြောင်တောင်အသင်း ထုတ်ဖော်ပြောကြားခဲ့တဲ့ သတင်းအရတော့ […]
Read More
high quality contact
November 29, 2018
စာအရေးအသားကောင်းမွန်မှု ဆိုတာ စာရေးတိုင်းမကောင်းနိုင်ဘူး။ ပထမတော့ စိတ်ကူးကောင်းရတယ်။ ပြီးတော့ အရေးအသားပြေပျစ်မှုရှိရတယ်။ လူတွေအတွက်အသုံးဝင်တာလည်းဖြစ်ရတယ်။ သတင်းသမား၊ ဘလော့ဂါသမား၊ စာရေးခြင်းအလုပ်လုပ်သူတိုင်း အမြဲလိုချင်ကြတာက high quality contact တွေပါ။ လူတွေအတွက်လိုအပ်မယ်ထင်ပြီး အမှန်အကန်ရေးသားပေမဲ့လည်း လူတွေအတွက် မလိုအပ်တာတွေရှိသလို အသုံးမဝင်တာတွေလည်းရှိတယ်။ တစ်ချို့စာတွေကြပြန်တော့လည်း powerful အလွန်းအသုံးဝင်ပေမဲ့ လူတွေမမြင်တာ မဖတ်မိတာတွေရှိပြန်ရော။ ခုခေတ်ကလည်း စာကောင်းပေကောင်းတွေဆို မဖတ်ကြတာလည်းပါဝင်လာသလို မဟုတ်သုတ်ခစာတိုလောက်ပဲ ဖတ်ကြတော့တယ်။ စာရှည်ရင်ဖတ်ဖို့ စိတ်တောင်ပျက်နေသလိုပေါ့။ ကျွန်တော်လည်းပါဝင်ပါတယ် စိတ်ဖတ်ပျင်းတဲ့အထဲ။ အရေးအသားဘယ်လောက်ပဲကောင်းကောင်း ကိုယ်ရေးထားတဲ့စာကို ကိုယ့်ဆီက အခြားသူကူးယူပြီးတင်လိုက်မှ နာမည်ရလာတာတွေလည်းရှိသလို ကိုယ်ရေးထားတာ သူများတွေ ရေးသူမဖော်ပြပဲ တင်ပြီးမှ သူတို့နာမည်ပေါက်သွားတာတွေလည်းတွေ့ရပြန်တယ်။ ကျွန်တော်တို့ဆီမှာ အများဆုံးက စာဖတ်အားနည်းကြပါတယ်။ လူမှုကွန့်ယက်ရှိလာလို့မှ စာတွေဖတ်လာကြတာတွေ့ရတယ်။ ကျွန်တော်တောင် စာအုပ်တစ်အုပ် ကောက်ဖတ်ဖို့ ဝန်လေးပါတယ်။ လိုင်းပေါ်မှာပဲ […]
Read More