Author: admin

ချစ်သူကိုမေးဖို့ ပျော်စရာ စကားလေးတွေ

December 15, 2018

အရမ်းချစ်ရတဲ့ ချစ်သူချင်း မေးသင့်တဲ့ မေးခွန်းတွေပါ … တစ်ချို့မေးခွန်းတွေက နည်းနည်း နှိုက်နှိုက်ချွတ်ချွတ် ရှိတယ် ထင်ရင် ကိုယ့်ဘာသာ ဉာဏ်သုံးပြီး ရှောင်ပါလေ။ နောက် မိတ်ဆွေအဆင့်လောက်နဲ့ သွားမေးရင် ပြဿနာတက်နိုင်တာ လေးတွေ ပါပါတယ်။ ဒီတော့ အရမ်း(အရမ်း)ကို ချစ်ရတဲ့ ချစ်သူချင်းသာ မေးဖို့ အကြံပေးချင်ပါတယ်။ မေးခွန်းတွေပဲ သီးသန့်ဖော်ပြထားတာ ဖြစ်ပါတယ်။ အဖြေကတော့ သင့်ချစ်သူဆီမှာ ရှိပါလိမ့်မယ်။ (၁) မင်းက ဆိုးသလား၊ လိမ္မာသလား … ? (၂) ကိုယ်ပျောက်နိုင်တဲ့အစွမ်းရှိရင် ဘာလုပ်မယ်စိတ်ကူးလဲ … ? (၃) ဘယ်အချိန် အရှက်ဆုံးလဲ … ? (၄) ဘယ်အချိန် အပျော်ဆုံးလဲ … ? (၅) အူကြောင်ကြောင် ဘဲတွေရဲ့ […]

Read More

အကြောင်းအရင်းအမျိုးမျိုးနဲ့ လက်ထပ်ခဲ့ကြပုံ

December 11, 2018

လက်ထပ်ခြင်းလို့ ဆိုလိုက်တာနဲ့ များသောအားဖြင့်တော့ အချစ်နှစ်ခု ပေါင်းစပ်တယ်လို့ လွယ်လွယ်တွေးတတ်ကြပါတယ်။ တကယ်တော့ လက်ထပ်ခြင်းရဲ့ အခြားတစ်ဖက်မှာ အခြားအကြောင်းပြချက်တွေလည်း ရှိနေပါသေးတယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကတော့ လက်ထပ်ခြင်းနဲ့ပတ်သက်တဲ့ အကြောင်းပြချက်တွေထဲက အချို့ဖြစ်ပါတယ်။ (၁) ချောင်ပိတ်မိနေလို့ (အမျိုးသမီးတစ်ဦး)- အမှန်တော့ သူ့ကို ကျွန်မ မချစ်ခဲ့ပါဘူး။ အခု အိမ်ထောင်သက် ဆယ်နှစ်ကျော်နေပါပြီ၊ ချစ်တယ်လို့ တစ်ခါမှ မစဉ်းစားခဲ့မိပါဘူး။ ဒါ တော်တော်လေး ထူးဆန်းပါတယ်။ နောက်ဆုံး ခြုံပြောရရင်တော့ ကျွန်မမိဘတွေရဲ့ အ တင်းတိုက်တွန်းမှုနဲ့၊ ဆွေမျိုးသားချင်းတွေရဲ့ ဆန္ဒအရ သူ့ကို လက်ထပ်လိုက်ရတာပါ။ တစ်ချို့က ကိုယ်မချစ်တဲ့သူတစ် ယောက်ကို လက်ထပ်လိုက်ပြီးနောက် ချစ်သွားကြလိမ့်မယ်လို့ ဆိုကြပါတယ် … တကယ်တော့ အချစ်ဆိုတာဖြစ်ဖို့ အဲဒီ လောက် မလွယ်ပါဘူး။ (၂) […]

Read More

Youtube ကနေ မီလျံနာဖြစ်လာတဲ့ ဉာဏ်ကောင်းသူလေးများ

December 11, 2018

အသက် ၈ နှစ်အရွယ်ဆိုတာ ကိုယ်ပိုင်ဝင်ငွေရှာဖို့ စောသေးလွန်းတယ်လို့ ထင်နိုင်ကြပါတယ်။ ဒါပေမယ့် အမေရိကန်က ကျောင်းသားလေး Ryan တစ်ယောက်ကတော့ အရုပ်တွေအကြောင်းကို Youtube မှာ review တင်ပြီး ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၂ သန်းအထိ ချမ်းသာလာခဲ့ပါတယ်။ သူ့လိုပဲ ဘယ်သူတွေ ရှိဦးမလဲ။ Ryan အပါအဝင် ငယ်ငယ်ရွယ်ရွယ်နဲ့ မီလျံနာဖြစ်နေကြတဲ့ Youtube စတား ၆ ဦးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ အရင်ဆုံး Youtube ဘလော့ဂါတွေထဲက အချမ်းသာဆုံး ၂ ယောက်ကို ဖော်ပြပေးပါမယ်။ Ryan ToysReview ၈နှစ်သားလေး Ryan ကတော့ သူ့ရဲ့ အမြွှာညီမ ၂ ယောက်နဲ့အတူ Youtube channel မှာ အရုပ် review […]

Read More

(၂၀၁၉)တစ်နှစ်တာအတွင်း ကံအကောင်းဆုံးဖြစ်မယ့် ရာသီခွင်(၄)ခုအကြောင်း

December 10, 2018

လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ကိုယ်ရည်ကိုယ်သွေး၊ ပင်ကိုယ်စရိုက်တွေက မွေးဖွားတဲ့ရာသီခွင်နဲ့ သက်ဆိုင်မှုရှိသလို ရာသီခွင်ကိုလိုက်ပြီး တစ်နှစ်နဲ့တစ်နှစ် ကံကြမ္မာအပြောင်းအလဲလေးတွေလည်း ဖြစ်တတ်ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၁၉ မှာ ကံအကောင်းဆုံးကဘယ်ရာသီခွင်တွေဖြစ်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ (၁) သိဟ်ရာသီဖွား ( Leo) (ဇူလိုင် ၂၃ – သြဂုတ် ၂၂) သိဟ်ရာသီဖွားတွေဟာ မွေးကလည်းက ကံဆိုးခြင်းထက် ကံကောင်းခြင်းကို ပိုကြုံရတဲ့သူတွေပါ။ အဆင်မပြေမှုတွေဘယ်လောက်ပဲကြုံရပါစေ၊ သူ့အလိုလို အဆင်ပြေသွားတတ်တဲ့ ရာသီဖွားတွေပါ။ ဒါ့အပြင် ၂၀၁၉ ရဲ့ကံအကောင်းဆုံး ရာသီခွင်တွေထဲမှာလည်း ထိပ်ဆုံးမှာရောက်နေပါတယ်။ အမြဲတမ်း စိတ်ကူးယဉ်ခဲ့တာတွေ ဒီနှစ်ထဲမှာဖြစ်လာနိုင်ပြီး ဘဝလက်တွဲဖော်ကောင်းနဲ့လည်း ဆုံတွေ့နိုင်ပါတယ်။ နှစ်အလယ်ပိုင်းမှာ အလုပ်အကိုင်၊ပညာရေးနဲ့ပတ်သက်လို့တိုးတက်မှုတွေရှိလာနိုင်ပြီး မိသားစုဝင်တွေ၊သူငယ်ချင်းတွေနဲ့လည်း ပိုအဆင်ပြေပါလိမ့်မယ်။ ဒီတစ်နှစ်လုံးက သိဟ်ရာသီဖွားတွေအတွက် စိတ်ကျေနပ်မှုအပြည့်ရစေမယ့်နှစ်ပဲဖြစ်ပါတယ်။ (၂) ဓနုရာသီဖြား (Sagittarius) (နိုဝင်ဘာ၂၂ – […]

Read More

လူ့အရိုးစုတွေနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ဘုရားကျောင်း

December 10, 2018

ချက် နိုင်ငံမှာရှိတဲ့ ဘုရားကျောင်းတစ်ဆောင်ဟာ သေခြင်းတရားနဲ့ ရှင်သန်ခြင်းအကြောင်းတရားတို့ကို တွေးဆဖို့ အကောင်းဆုံး နေရာတစ်ခုဖြစ်ပါတယ်။ သေခြင်းတရားရဲ့ အမှတ်အသားကို လူသားတွေရဲ့ အရိုးစုတွေနဲ့ အဓိကထား ဆင်ယင်ချိတ်ဆွဲထား ဖော်ပြထားတာလည်းရှိပါတယ်။ အရိုးစု ဘုရားကျောင်းလို့ ထင်ရှားတဲ့ Sedlec Ossuary ကို လွန်ခဲ့တဲ့ (၁၂၀၀) ပြည့်နှစ်ကတည်းက တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ဘိုဟီးမီးယားတွေရဲ့ မြှုပ်နှံရာ နေရာတစ်ခုလည်းဖြစ်လာခဲ့တယ်။ ဒီဘုရားကျောင်းရဲ့ သုဿာန်မှာ (၁၄၀၀) ပြည့်နှစ်ကနေ စပြီး လာရောက် မြှုပ်နှံတဲ့ ရုပ်အလောင်း (၃၀၀၀၀) အထက်ရှိပါတယ်။ မြှုပ်နှံထားတာတွေက (၁၃၁၈) ခုနှစ်မှာ ဖြစ်ပွားတဲ့ ပလိပ်ရောဂါနဲ့ Hussite တိုက်ပွဲအတွင်း သေဆုံးသွားကြတဲ့ သူတွေရဲ့ ရုပ်အလောင်းတွေလို့သိရတယ်။ (၁၄၀၀) ပြည့်နှစ်နောက်ပိုင်းမှာ ရုပ်အလောင်းတွေ အလွန်များလာတာကြောင့် တူးထုတ်ပြီး […]

Read More

ကမ္ဘာပေါ်ရှိ အကောင်းဆုံးအလုပ် (၉) မျိုးကို လုပ်နေတဲ့ ကံထူးရှင်များ

December 9, 2018

မနက် (၉) ညနေ (၅) အထိမငြီးမငြူအလုပ်လုပ်နေရတဲ့သူတွေ သိပ်အားကျရမယ့်အလုပ်တွေပါလို့ အာမခံပါတယ်။ သူတို့မှာ အချိန်ကန့်သတ်ချက်တွေမရှိဘူး၊ အဝတ်အစားကန့်သတ်ချက်တွေမရှိဘူး၊ အမြဲတမ်းပြင်ပဲမသွားနေရသလို စားပွဲမှာပဲ ကွန်ပြူတာရှေ့တစ်ချိန်လုံးထိုင်မနေရပါဘူး။ သင်ဖုန်းသုံးလို့ လာပြောမယ့်လူမရှိသိလို အလုပ်နောက်ကျလို့လည်း မျက်နှာငယ်လေးနဲ့နေစရာမလိုပါဘူး။ ဘာအလုပ်တွေဖြစ်မယ်မှန်း စိတ်ဝင်ကြားနေကြပြီ ဆိုရင်တော့ ဆက်ပြီး ဖတ်ကြည့်လိုက်ရအောင်နော်။ (၁) ဇိမ်ခံမွေ့ယာတွေကို စမ်းသပ်စစ်ဆေးရသူအမျိုးသမီး Roisin Madigan အိစက်ညက်ညောပြီး အသစ်စက်စက်ထုတ်လုပ်ထားတဲ့ မွေ့ယာပေါ်မှာ နှစ်နှစ်ခြိုက်အိပ်ဖို့အတွက် မွေ့ယာထုတ်ကုမ္ပဏီတွေမှ တကူးတကကိုပိုက်ဆံပေးထားကြတာပါ။ တစ်နေ့အိပ်ချိန် (၈) နာရီလောက်ပေးလိုက်ရုံနဲ့ ဒေါ်လာ (၁၂၀၀) ကျော်ရနေပါတယ်။ (၂) အပန်းဖြေရင်း သိန်း (၁၀၀၀) ကျော်ရနေတဲ့ Ben Southall Hamilton ကျွန်းမှာ (၆) လနေပြီး အပန်းဖြေလိုက် ကျွန်းရဲ့လူသိပ်မသိသေးတဲ့နေရာလေးတွေကိုသွားလိုက်နဲ့ ကျွန်းအကြောင်း blog ရေးပြီး […]

Read More

မကျွမ်းကျင်သည့် စစ်ဘက်အရာရှိများ အရပ်ဘက်သို့ မပို့ရန် သမ္မတရုံး အမိန့်ထုတ်ထား

December 8, 2018

သက်ဆိုင်ရာကဏ္ဍအလိုက် ကျွမ်းကျင်မှု မရှိသည့် တပ်မတော်အရာရှိများကို အရပ်ဘက် ဝန်ကြီးဌာနများသို့ လွှတ်၍ တာဝန်ထမ်း ဆောင်စေခြင်းများအား ခွင့်မပြုရန် နိုင်ငံတော် သမ္မတရုံးက အမိန့်ညွှန်ကြားချက်တရပ် ထုတ်ပြန်ထားကြောင်း သတင်း ရရှိသည်။ တပ်မတော်မှ ရဲတပ်ဖွဲ့ သို့ ကူးပြောင်းခြင်းကို လိုအပ်ချက်အရ ခွင့်ပြုမည် ဖြစ်သော်လည်း အခြားအကြောင်းအရာမျိုးတွင် ခွင့်မပြုဟု ယခုနောက်ပိုင်းတွင် သမ္မတရုံးက အမိန့်ထုတ်ထားကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောသည်။ “တချို့ ကိစ္စတွေကျတော့ သူတို့ရဲ့ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုနဲ့ ဆိုင်တဲ့ဟာမျိုးကိုပဲ ဒီဘက်ကို ခေါ်ဖို့ ဆိုတာမျိုး ရှိတယ်။ ဒီဟာနဲ့ မဆိုင်ဘဲနဲ့ ဒီဘက်ကို တာဝန်ထမ်းဆောင်တာတွေကို ခွင့်မပြုဖို့ ညွှန်ကြားချက် ထုတ်ထားတယ်” ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က နေပြည်တော်တွင် […]

Read More

MPT ကုန်သွယ်လုပ်ငန်းခွန် ဘယ်လိုပေးဆောင်သလဲလို့ မေးခွန်းထုတ်

December 8, 2018

မြန်မာနိုင်ငံမှာ အကြီးမားဆုံး ဆက်သွယ်ရေး တယ်လီကွန်းအော်ပရေတာ တခုဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT နဲ့ မိတ်ဖက် ဂျပန် ဆက်သွယ်ရေးကုမ္ပဏီ KDDI တို့ဟာ အစိုးရကို ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်တာကို မတွေ့ရဘူးလို့ NLD ပါတီ၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က ပြောပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းတွေရဲ့ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် ဒုတိယ ၆ လပတ် အခွန်ကောက်ခံရရှိမှု အခြေအနေကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးရာမှာ အဲဒီလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ တယ်လီကွန်းအော်ပရေတာတွေဖြစ်တဲ့ တယ်လီနော၊ အော်ရီဒူးတို့က ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန်တွေဆောင် တာ တွေ့ရပေမယ့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနဲ့ KDDI ဂျပန်ကုမ္ပဏီတို့က ပေးဆောင်ထားတာ မတွေ့ရဘူး လို့ပြောပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းနိုင်က […]

Read More

ဟွာဝေးဖုန်း အသုံးများတဲ့ မြန်မာနိုင်ငံမှာကော လုံခြုံရေး စိုးရိမ်စရာရှိနေလား

December 8, 2018

တရုတ်နာမည်ကြီး နည်းပညာကုမ္ပဏီ ဟွာဝေးရဲ့ 5G ကွန်ရက် နည်းပညာဆိုင်ရာ ပစ္စည်းကိရိယာတွေကို အသုံးမပြုဖို့ အနောက်နိုင်ငံတချို့မှာ ပိတ်ပင်မှုတွေ ရှိနေချိန်မှာပဲ ထိပ်တန်း အမှုဆောင် အရာရှိတစ်ဦးကနေဒါမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ သူကတော့ ဟွာဝေးကုမ္ပဏီ တည်ထောင်သူရဲ့ သမီးဖြစ်တဲ့အပြင် ကုမ္ပဏီ ဘဏ္ဍာရေးမှူးလည်းဖြစ်၊ ကုမ္ပဏီရဲ့ ဒုတိယ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ မန်ဝန်ဂျိုးဖြစ်ပါတယ်။ သူ့ကို ဖမ်းဆီးခဲ့တာနဲ့ပတ်သက်လို့ အသေးစိတ် ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ချိုးဖောက်ခဲ့မှုနဲ့ ဟွာဝေးကုမ္ပဏီကို အမေရိကန်က စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံနဲ့ ဟွာဝေး ဟွာဝေး ကုမ္ပဏီဟာ ကမ္ဘာမှာ အကြီးဆုံး ဆက်သွယ်ရေး ပစ္စည်းနဲ့ ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကြီးတွေထဲက တစ်ခုဖြစ်ပြီး လက်ကိုင်ဖုန်းအပါအဝင် အင်တာနက် ဆက်သွယ်ရေးနဲ့ […]

Read More

ဖေ့ဘုတ်ဆီက ဝင်ငွေယူခြင်း တစ်စေ့တစ်စောင်း

December 4, 2018

ဟုတ်ကဲ့ မင်္ဂလာပါ ဒီတစ်ခါတော့ ဖေ့ဘုတ်ပေါ်ကနေ ဝင်ငွေတွေဘယ်လိုရသလဲ ဆိုတာလေး ရေးသားပေးလိုက်ပါတယ်။ ပထမ ဖေ့ဘုတ်က ဝင်ငွေတွေစပေးတဲ့အရာကတော့ စာအရေးသားကောင်းမွန်ပြီး စာဖတ်သူပတ်ရိတ်သတ် ပိုင်ဆိုင်ထားသူတွေဖြစ်တဲ့ pages, group တွေကို ပိုင်ဆိုင်ထားသူတွေဟာ ကိုယ်ပိုင် website တွေလုပ်ပြီး wordpress ကိုအသုံးပြုကာ facebook platform ပေါ်မှာ instant article အနေနဲ့ website ပေါ်မှာ စာရေးသားပြီး facebook page ပေါ်မှာ ကိုယ်ရေးထားတဲ့ စာစုလင့်ကို တင်ပေးလိုက်တာနဲ့ facebook instant article ကအလုပ်လုပ်ပြီး ကိုယ့်ရဲ့ website ကိုခေါ်ဆောင်မသွားပဲ သူ့ရဲ့ instant article ပေါ်မှာပဲ ခေါ်ဆောင်သွားပြီး ကြော်ငြာများထည့်သွင်းပါတယ်။ အဲကြော်ငြာတွေကရတဲ့ ကြော်ငြာခတွေကို ပြန်ပေးတာပါ။ စာဖတ်သူအရေအတွက်ပေါ်မူတည်ပြီး အနည်းအများ […]

Read More