ဇော်ဂျီဖန်တီးခဲ့သူရဲ့ အင်တာဗျူးမှ ကောက်နုတ်ချက်

October 5, 2019

ဇော်ဂျီဖန်တီးရှင် ဦးရဲမြတ်သူ အင်တာဗျူးမှာပြောသွားပါတယ်။ ဒီအမြင်ဟာ ကျွန်တော်တစ်ယောက်ကပြောတဲ့စကားပါ။ မြန်မာပြည်မှာဘာသာ/စာပေ နှစ်မျိုးသုံးလို့ရပါတယ်။ စက်ပစ္စည်းတွေမှာပါ။ တရုတ်မှာလည်း (၄)မျိုးလောက်အသုံးပြုတာတွေ့ရတယ်။ မှန်ပါတယ်။ သူပြောတဲ့အထဲမှာ မြန်မာတွေ လေ့လာမှုအားနည်းတယ်တဲ့ မှန်သင့်သလောက်တော့မှန်နိုင်တယ်။ ဒါပေမဲ့မမှန်ဘူး။ သူ့တီထွင်ခဲ့တာ ကျေးဇူးတင်တယ်။ ခုလိုအချိန်မှာ သူဘုကန့်လှဲ့ လုပ်နေတာဟာ မြန်မာယူနီကုဒ်သုံးပါဆိုပြီး ပြုလုပ်သူတွေက သူ့စီးပွားရေးကို သွားပြီး တုတ်နဲ့ထိုးလို့ပါ။ မြန်မာစာရေးသားသူတွေကို ခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါ မြန်မာစာကို အမှန်မရေးပဲ ရရစ်နှစ်ခုသုံးထပ်နေတာတွေမှာ ဇော်ဂျီနဲ့မသိသားပေမဲ့ ယူနီပြောင်းလိုက်ရင် သေချာပေါက်သိနိုင်ပါတယ်။ စံစနစ်ကိုမလိုက်နာထားတဲ့အတွက် ရှာဖွေမှုမှာ လိုအပ်သလောက်အရာမထင်တာသူမပြောသွားဘူး။ ဘယ်လိုပဲရေးရေး အမြင်မှာအမှန်မြင်နေပေမဲ့ မြန်မာစာရေးထုံးမှာတော့ အမှားကြီးပါ။ လူငယ်တွေ ရေးပုံပိုပြီးအမှားဖြစ်စေခဲ့တယ်။ သူ့ပြောတဲ့ ရရစ်ရေးပုံ အရွယ်ပုံစံပြောင်းပေမဲ့ အဓိပ္ပာယ်အတူတူပဲဆိုတာတွေ၊ မြန်မာနိုင်ငံအတွက် ချက်မှတ်ပေးထားတဲ့ ကုဒ်ပွိုင့်တွေမှာ တိုင်းရင်းသားစာပေတွေကို သုံးခဲ့တဲ့အပြစ်တွေကိုသူရှောင်ပြီးပြောသွားခဲ့တယ်။ ပြောချင်တာက တိုင်းရင်းသားတွေအတွက် နေရာမပေးချင်တာလား? […]

Read More

steem များရယူခြင်း

October 3, 2019

ကျွန်တော် လစဉ်တော့ power up နိုင်အောင်ကြိုးစားပါတယ်။ အများဆုံး steem များရရှိလာတာကတော့ steemmonster games ကနေရတာပါ။ လစဉ် steem 100 ကနေ 200 လောက်ရနိုင်ပါတယ်။ အခြား အရောင်းအဝယ်တွေကနေလည်းရရှိခဲ့ပါတယ်။ ဒါပေမဲ့ အရောင်းအဝယ်ကဟာတွေကို power up ခြင်းမှာမသုံးပဲ ကိုယ်တိုင်ပြုလို့ရတာတွေပဲ power up ဖို့အသုံးပြုခဲ့ပါတယ်။ ဒီလတော့ ကိုယ်ရှာထားတဲ့ ၁၃၃ steem ကို power up ခဲ့လို့ ပြိုင်ပွဲမှာ တတိယဆု ရရှိခဲ့ပါပြီ။ ဆုလည်း လက်ခံရရှိပြီးပြီဖြစ်လို့ upvote များပေးဖို့လည်း အဆင်သင့်ဖြစ်နေပါပြီဗျာ။ များတုန်းပေးနိုင်တာမို့ပါ။ nextcolony ကတော့ခုထိတောင် ဂြိုလ်တစ်လုံးမှ ရှာမတွေ့သေးဘူး အဲမှာ ရင်းနှီးမှုလည်းမလုပ်ခဲ့လို့ပါ အခမဲ့ရတာလေးနဲ့ level တွေမြှင့်ရင် ရှေ့ဆက်သွားနေပါတယ်။ […]

Read More

ယူနီကုဒ်ပြောင်းလဲဖို့အတွက်

September 30, 2019

မင်္ဂလာပါ ကျွန်တော် ဒီနေ့ ပြောပြမဲ့အကြောင်းအရင်းကတော့ ဇော်ဂျီသုံးသူကနေ ယူနီကုဒ်ကူးပြောင်းလိုက်တာနဲ့ ကြုံတွေ့ရမည့်အခတ်အခဲကို ဖြေရှင်းနည်းလေးပါပဲ။ဘယ်လို အခတ်အခဲတွေလဲ?အရင်ဇော်ဂျီဖြင့်ရေးထားသော ဖုန်းနံပါတ်တွေ/ သီချင်းတွေ/ ဖိုင်တွေ/ ဗွီဒီယိုတွေ ဒါတွေဟာ မမှန်နိုင်တော့ပါဘူး။ ဒီပြသနာကို ဘယ်လိုဖြေရှင်းမလဲဆိုရင် Bagan keyboard update ထည့်သွင်းအသုံးပြုပြီး ဖြေရှင်းနည်းလေးပါပဲ။ အခြားမလိုအပ်ပါဘူး။ကဲအောက်မှာကြည့်လိုက်ပါ အပေါ်ကပုံကတော့ ယူနီကုဒ်ရှိပြီးသားဖုန်းလို့ ပြောတာပါ။ အချို့ဖုန်းတွေမှာ ယူနီကုဒ်ရှိနေပေမဲ့မရှိဘူးပြောတက်ပါတယ် အဲအချိန်ဆို auto detect ကို ပိတ်လိုက်ပြီး မိမိစိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ မိမိစိတ်ကြိုက်ရွေးချယ်တဲ့နေရာမှာ စာရိုက်ပုံလည်း စိတ်ကြိုက်သုံးလို့ရပါတယ်။ နောက်ထက်အကြံပြုချင်တာကတော့ Bagan Keyboard မှာ ဦ အက္ခရာမပါဝင်ပါဘူး ဒါကြောင့် ဥ + ီ လို့ရေးလျှင်အမှားဖြစ်ပေါ်လာပါမယ် ယခု update မှာ မလိုတာတွေပါဝင်နေတာလည်း တွေ့မြင်ရပါတယ်။ ယူနီကုဒ်သုံးပြီး ဇော်ဂျီသုံးသူကို […]

Read More

ကိုယ်ပိုင်

September 29, 2019

ကျွန်တော်တို့လူမျိုးတော်တော်များများက ကိုယ်တိုင်ဖန်တီးတာကို အရမ်းပျင်းရိကြတာတွေ့တယ်။ အားလုံးကိုမဆိုလိုပါဘူး တော်တော်များများကတော့ အဲလိုပါ။ ကျွန်တော်အပါအဝင်ပေါ့။ စာတစ်ပိုဒ် ရေးသားဖို့ တော်တော်ပျင်းနေခဲ့မိတယ်။ အင်္ကျီအပြဲလေးချုပ်ဖို့ မိမိကိုယ်တိုင်တော်တော်ပျင်းတယ်။ အချိန်ကိုလည်း မခွဲဝေတက်ဘူး။ ထိုင်နေရင်လည်း ထသွားရမှာပျင်းပြန်ရော။ စက်ဘီးနှင်းရမှာလည်းပျင်းတယ်။ လမ်းလျှောက်ရမှာလည်းပျင်း။ ဒါကြောင့် ကျန်မာခြင်းတွေလည်း မကျန်မာတာများလာတော့တယ်။ သဘာအတိုင်းပြုလုပ်ရနေပေမဲ့လည်း ဂျင်ကစားတယ်ဆိုပြီး ဆန်းကြယ်မှုတွေ ကအစဖြစ်ပေါ်လာတော့တာပဲ။ လူတော်တော်များများမှာလည်း စိတ်ဖိစီးမှုဒဏ်တော်တော်ခံစားနေကြပါတယ်။ စိတ်လွတ်လပ်မှုဆိုတာ ကြာလေ မရှိသလောက်လို့ဆိုနိုင်ပါတော့တယ်။ ဖုန်းတစ်လုံးရှိတာနဲ့ စိတ်ကို မလွတ်လပ်တော့ဘူး။ အမျိုးမျိုးသော စိတ်ဖိစီးမှုတွေက ကျွန်တော်တို့ရဲ့ အသက်တွေကိုတိုတောင်စေခဲ့တယ်လေ။ ဒီလိုမျိုးပုံစံမျိုး အနောက်နိုင်ငံတွေမှာတွေ့တာကတော့ သူတို့က ကိုယ်တိုင်ဖန်တီးမှုကို တော်တော်မြတ်နိုးတာတွေ့မြင်ရတယ်ဗျ။ စက်ဘီးဆိုလည်း ကိုယ်တိုင်ဖန်တီးပြီး စီးချင်ကြတယ်။ ထမင်း/ဟင်းကအစ ကိုယ်တိုင်ချက်ပြုတ်စားချင်ကြတယ်။ မိမိနေမဲ့ အိမ်ကိုလည်း မိမိစိတ်တိုင်ကျ ကိုယ်တိုင်ဆောက်ချင်နေချင်ကြတာတွေ့တယ်။ ဒီလိုမျိုးအကြောင်းအရာလေးတွေက အတုယူစရာလေးတွေပါ။ အထင်ကြီးတာမဟုတ်ပေမဲ့ ကောင်းမွန်တဲ့အရာတွေတော့ […]

Read More

steempress နဲ့ကျွန်တော်

September 26, 2019

steempress မှာ ဗုတ်ရဖို့ ကြိုးစားခဲ့တာကြာနေပြီ ခုလည်းကြိုးစားတုန်းပါ တစ်ခုလေတောင်လာမပေးသေးဘူးဗျို့။ ခုလည်းနောက်ထပ် အကောင့်အသစ်တစ်ခုဖြစ်တဲ့ @mgnitu ဆိုပြီး စတင်သုံးစွဲတာနဲ့ steempress နဲ့ချိတ်ဆက်ထားပါပြီ။ ခု update မှာ website မှာပို့စ်တင်လိုက်တာနဲ့ အခြားလူတွေတင်သလိုမျိုး အောက်ဆုံးမှာ powered by steempress ဆိုပြီး web url နဲ့ ပါလာတာ အကောင့်နှစ်စလုံးမတွေ့ရတာလည်း တော်တော်ထူးဆန်းနေပါတယ်။ @mgnitu အကောင့်ကတော့ ဒီနေ့မှစတင်လိုက်တဲ့အတွက် ဘယ်လိုလာမလဲ မသိသေးပါဘူး။ steemit ရဲ့ထူးခြားချက်က အခုအကောင့်အသစ်ဖွင့်ရင် တစ်ညနဲ့ ရလာတာပါ။ အခမဲ့ဖွင့်ခြင်းအတွက်ပြောတာပါ။ ခုရက်ပိုင်းအလုပ်တွေက များလားဆိုလည်း မများဘူး။ ဒါပေမဲ့ နားရတယ်မရှိခဲ့ဘူးဗျို့။ ဂိမ်းတွေတောင် ဝင်မဆော့နိုင်တဲ့အဖြစ်ပါ။ စာရိုက်လက်ခံထားတာလည်းပါပါတယ်။ စာရိုက်တာလည်းပြီးခါနီးပြီဆိုတော့။ နည်းနည်းအချိန်ပေးရတော့မှာပါ။ nextcolony မှာတော့ ကစားလာတာကြာနေပေမဲ့ ခုထိ […]

Read More

blockchain နည်းပညာ

September 25, 2019

blockchain နည်းပညာမှာ အရမ်းကြီး မကျွမ်းကျင်ဘူးဆိုပေမဲ့ သဘောတရားလောက်တော့ နားလည်ခဲ့ပါတယ်။ သုံးစွဲခဲ့တဲ့ ကာလတွေအတွင်းမှာ transition ကြာနေတာ pending 48 hs အထိကြာမြင့်တာတွေလည်း ကြုံတွေ့ဖူးပါတယ်။ ဒီလိုတွေကြုံတွေ့ခဲ့တော့ block ကြောင့်လား၊ web တွေကြောင့်လား၊ miner တွေကြောင့်လားဆိုတာလည်း ကောင်းကောင်းတော့မသိခဲ့ပါဘူး။ btc မှာတော့ ပေးပို့ခြင်းမှာ တစ်ဦးတည် ပေးပို့ခြင်းမျိုးမဟုတ်တာတွေ့ရပြန်တယ်။ ပမာဏများသူကပေးပို့ရင် လက်ခံမဲ့သူ ခွဲဝေယူခြင်းစနစ်ကြောင့် အချိန်ကြာတာတွေလည်း တွေ့ဖူးပါတယ်။ ဒါကတော့တစ်နေရာနဲ့ တစ်နေရာ လွှဲပြောင်းတဲ့အခါမှာပါ။ exchange site ချင်းတူရင်တော့ address မဟုတ်ပဲ email နဲ့ပေးပို့ပါက ချက်ချင်းရောက်တာလည်းတွေ့ရပြန်ရော။ ကျွန်တော်တို့ steem မှာကြတော့ btc ထက်ပိုတောင်အားသာနေတယ်ပြောရပါမယ်။ ဘာလို့လဲဆိုတော့ steem ပေါ်အခြေခံတဲ့အရာတွေများပြားလာလို့ပါ။ market တွေလည်းများလာပြီး ဂိမ်းတွေလည်းများပြားခဲ့ကြတယ်။ […]

Read More

အသက်(28)အထက်

September 24, 2019

ကျွန်တော်အသက် ၂၈ အထက်ရောက်တော့ ကံကောင်းခြင်းဆိုတာမတွေ့ရသလောက်ကို ဖြစ်ခဲ့ပါတယ်။ တစ်မျိုးပြီးတစ်မျိုးမရိုးနိုင်အောင်ကိုပဲ အမျိုးမျိုးသော ပြသနာတွေနဲ့ပေါ့။ ခုဆို ငါးနှစ်လောက်တောင်ရှိတော့မယ်။ အဆိုးဆုံးကတော့ အွန်းလိုင်းပေါ်ကပြသနာတွေက တော်တော်အထိနာခဲ့တယ်။ btc အရောင်းအဝယ်တော့လည်း ပြသနာမျိုးစုံနဲ့ စစစအထိရောက်ခဲ့ဖူးတယ်။ ဗဟိုဘဏ်ရဲ့ စောင့်ကြည့်ခြင်းလည်းခံခဲ့ရဖူးတယ်။ လိမ်လည်သွားသူတွေလည်း အများကြီး တွေ့ခဲ့လို့ ဆုံးရှုံးခဲ့ဖူးတယ်။ အွန်းလိုင်းငွေရှာခြင်းရဲ့ ပထမအစဟာလည်း btc ဖြစ်ခဲ့လို့ပါ။ နောက်ပိုင်း youtube , website, android, instant article, ad break တွေအထိလုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုမရခဲ့ဘူး။ ကံအကျိုးမပေးတာလား ဘာလားဆိုတာတွေ တောင် စဉ်းစားမိတော့တာပေါ့ဗျာ။ ရနေလည်း ပျက်သွားလိုက် ပြန်လုပ်လိုက်နဲ့ ခရီးမရောက်ခဲ့ဘူး။ ဒါနဲ့ အောင်မြင်မဲ့သူတွေကို ကူညီပေးမယ်ဆိုပြီး ပြုပေးပါတော့တယ်။ ကျွန်တော်ကူညီပေးနေတာ တစ်နှစ်ကျော်ပါပြီ ကြားခဲ့မှာလည်း ပြသနာမျိုးစုံနဲ့ပါ။ […]

Read More

power up lower

September 7, 2019

spud5 မှာတော့ အဆင့် ၉ နဲ့ ဆုရခဲ့ပါတယ်။ power up နိုင်ခဲ့တာက 42 steem ပဲရှိခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် နည်းခဲ့တာပါ။ အကြောင်းအရင်းက steemspeak တွေဝယ်ပစ်လိုက်တာအမှားကြီးမှားခဲ့မိလို့ပါ။ 1 steemspeak ကို 22 steem ဈေးကစလိုက်တာ ခုဆို ဈေးက 0.38 steem ဆိုတော့ အများကြီးအထိနာခဲ့ပါတယ်။ ခုလက်ထဲတော့ 288 steemspeak သောင်းတင်နေပါပြီ။ ဆုံးရှုံးနေတဲ့ steem ပေါင်းမနည်းပါဘူး။ ဒါကြောင့် power up ဖို့ အားနည်းခဲ့ပါတယ်။ steempress ကလည်း ရမလားဆိုပြီး ပို့စ်တွေရေးတင်တယ် ခုထိ လိုင်စင်မရသေးတော့ ဗုတ်ရဖို့ မလွယ်သေးပါ။ ဘယ်လိုလုပ်ရမလဲဆိုတာလည်း မစဉ်းစားတက်တော့ဘူး။ drugwar ကတော့ သူ့ဂိမ်းထဲမှာပဲ market […]

Read More

အောင်ဖေတော့ ညောင်းသွားပြီကွာ

August 28, 2019

Zawgyi ငယ်ငယ်တုန်းက ခနခန ကြားဘူးတယ် ….အောင်ဖေတော့ ညောင်းသွားပီ ဆိုတဲ့စကားလုံး……. ခုမှဘဲ အဓိပ္ပါယ် သေချာသိရတော့တယ်… မူရင်းတင်သူဆီက ရှယ်မရလို့ ကော်ပီယူလာတာ…Credit ပါ ………..//——————————————— မန္တလေးဆိုတာ __ ဂန္တဝင်အရက်သမားများပေါ်ထွန်းရာမြို့ (since 1886 ) mandalay rum ဆိုတာကျံုံးရေနဲ့ ချက်မှ ရတဲ့ ကမ္ဘာ့ no. 1 ဖြစ်ခဲ့တဲ့ firstclass အိမ်ရှေ့မင်းထန်းတောဆိုတာ ကြီးကို ကွန်မြူနစ်ကော ဗမာ့တပ်မတော် ကော( ပြည်တွင်းစစ်ဖြစ်နေချိန်မှာ) မီးမရှို့ဖို့နဲ့ စခန်းမချဖို့ နှစ်ဖက်နားလည်မှု့ယူ ထန်းရည် သွားသောက်ရာနေရာငြိမ်းချမ်းရေး ဖိုရမ် စစ်မဲ့ကင်းစင်ဇုံကြီး။ ထနောင်းခေါက်သဘာဝစိမ်ရည်နဲ့ချက်တဲ့ တောင်ကုန်းကြီးတောအရက် ဆိုတာမသောက်ဖူးသမျှ အောင်ပင်လယ် မုယောစပါးနဲ့ချက်တဲ့ ဆန်အရက်မသောက်ဘူးသမျှမင်းကိုယ်မင်း ဂန္တဝင်ဆန်တဲ့ အရက်သမားပါလို့ငါတို့ မန္တလေးမှာ လာရမ်းခွင့် မရှိဘူး ညီလေး bedc […]

Read More

အကြံပေးခဲ့သမျှ

August 20, 2019

ကျွန်တော်သူငယ်ချင်းတွေကို အမြဲအကြံပေးတယ်။ ဒီလိုအကြံပေးပေးလို့ ကျွန်တော်ကိုယ်တိုင်ရော လုပ်သလားမေးကြတယ်။ လုပ်ပါတယ်။ အားမြင်မှုရှိသလို ကျရှုံးမှုတွေလည်း ရှိပါတယ်။ တစ်ခုအောင်မြင်ရင် ကျရှုံးမှုက ၉ ခုလောက်ရှိပါတယ်။ ဘာမဆို အမြဲတမ်း တည်မြဲချင်နေသူပေါ့။ ဒါပေမဲ့ တည်မြဲခြင်းမရှိသေးဘူး။ အွန်းလိုင်းပေါ်မှာလည်း မတည်မြဲသေးသလို အပြင် စီးပွားရေးလည်း မတည်မြဲသေးပါဘူး။ ပြောရရင် stable မဖြစ်သေးဘူးပေါ့။ ဓာတုသမားဆိုတော့ ဓာတုလိုပြောမိတာပါ။ ပြောချင်တာက အကြောင်းအရာတစ်ခုမှာ ဒီတစ်ယောက်မအောင်မြင်တိုင်း နောက်တစ်ယောက်မအောင်မြင်တာမဟုတ်ပါဘူး။ ကိုယ်ပိုင်အတွေးချင်းလည်းမတူညီကျသလို လုပ်ပုံကိုင်ပုံချင်းလည်း မတူနိုင်လို့ပါ။ နယ်ပယ်တော်တော်များများလည်း သွားဖူးရောက်ဖူးသလို မသိတာလည်း မရှိသလောက်ဖြစ်နေပါတယ်။ ဒါပေမဲ့ လိုအပ်ချက်တွေရှိတဲ့အတွက် အောင်မြင်မှုမရတာကတော့ ကြောင်းအမျိုးမျိုးကြောင့်ပါ။ ဆုံးဖြတ်ချက်တွေနဲ့လည်းသက်ဆိုင်နေသလို လုပ်နေတဲ့အလုပ်တွေနဲ့လည်း သက်ဆိုင်နေပါတယ်။ နောက်တစ်ခုကတော့ ဘာပဲလုပ်လုပ် လောင်းကစားဆန်နေခြင်းပါ။ ဘယ်အရာမှ အတိတကျ အောင်မြင်မယ်လို့ မသေချာပါဘူး။ ဥပမာပေါ့ မုန့်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီးရောင်းရင် […]

Read More